ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

August 21, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • စစ်အုပ်စုက ထားဝယ်မြို့ပေါ်တွင် လူဟောင်းအများစုကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်ခန့်
  • စစ်မှုထမ်း အဓမ္မစုဆောင်းနေလို့ ထားဝယ်အရှေ့တောက လူငယ်တွေ မြို့ပေါ်ဆေးခန်း မသွားရဲ
  • ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ကျေးရွာတချို့ကို ဖုန်းလိုင်းဖြတ်ထားလို့ စစ်ဘေးရှောင်တွေ အခက်ကြုံ
  • ပုလော ပင်လယ်ဘက်ရှိ စစ်ဘေးရှောင်တစ်ရာကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်
  • ရွာမှာ ဝယ်စားနိုင်သူနည်းလာလို့ ဘန်းသဲရွာက တံငါသည်တွေ မြို့ပေါ်တက် ငါးရောင်းနေရ
  • ထားဝယ်အရှေ့တော ကျေးရွာအချို့မှာ ခဲမဖြူနဲ့ သံသတ္တု ယာယီအဝယ်ရပ်တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “ရေတံခွန် အောင့်လုံး” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။