ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
- လောင်းလုံးကို စစ်ကြောင်းဝင်ပြီး ပျောက်နေတဲ့ အမျိုးသားနှစ်ဦးအတွက် မိသားစုက သပိတ်ဆွမ်းသွတ်
- ပြည်ထောင်စုလမ်းရှိ ကျွဲတလင်းရွာမှာ တိုက်ပွဲဖြစ်
- နာမည်ကျော်ကမ်းခြေရှိတဲ့ မောင်းမကန်ဒေသခံရှစ်ဦးကို စစ်အာဏာရှင်တပ် ဖမ်းဆီး
- လောင်းလုံး စမ်းလှမ်းရွာ ဓားပြတိုက်မူ ကျူးလွန်သူလေးဦးကို ဖမ်းမိပြီး ငွေလက်ခံသူကို ဖမ်းမမိသေး
- ကော့သောင်းမှာ စစ်အာဏာရှင်တပ်သားတွေပါတဲ့ လှေတွေကို တော်လှန်ရေးတပ် တိုက်ခိုက်
- ထားဝယ်မြို့မှာ ဆိုင်ဝန်ထမ်းသုံးဦး စစ်မှုထမ်းစုဆောင်းခံရတဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် ” ပုံဆွဲပြရတော့မယ့် ထားဝယ်ဒေသက လက်လုပ်မုန့်တွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






