ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်တည်ဆောက်နေတာ ဟုတ်သလား
Dawei Watch
July 25, 2026ထားဝယ်အထူးစီးပွားရေဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်တည်ဆောက်နေတယ်လို့ စစ်အစိုးရ ဒုဝန်ကြီးက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်တည်ဆောက်ဖို့ အစီအစဉ် ရှိမရှိ စစ်အုပ်စုရဲ့ အမျိုးသားလွှတ်တော်မှာ မေးမြန်းမှုကို စစ်အစိုးရရဲ့ စီးပွားကူးသန်း ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။ အဲဒီ မေးခွန်းနဲ့ ဖြေကြားချက်တွေကို အခြေခံပြီး စစ်အုပ်စုဝါဒဖြန့်ချိသူတွေက ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်နေပြီလို့ ဖြန့်ချိနေကြပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်အရ စိစစ်ကြည့်ရာမှာတော့ မြေပြင်အနေအထားနဲ့ ကွဲလွဲနေတာကို စိစစ်တွေ့ရပါတယ်။ Subscriber နှစ်သောင်းကျော်ရှိတဲ့ DGF21 NEWS နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က “ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ပြန်လည်တည်ဆောက်နေ” ဆိုပြီး ဖြန့်ချိထားပါတယ်။ အောက်ဖော်ပြပါ လင့်ခ်မှာ […]


