ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Fact Check

ထိုင်းမှာ အမေရိကန်နိုင်ငံသားကို PDF တွေက ပြန်ပေးဆွဲ သတ်ဖြတ်တယ်ဆိုပြီး ပုံဖျက်သတင်းအမှားဖြန့်

Dawei Watch

February 20, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က အမေရိကန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဝါဒဖြန့် လူမှုကွန်ရက်အကောင့်တစ်ခုဖြစ်တဲ့ မေမြန်မာမျိုးချစ် အမည်နဲ့ Facebook အကောင့်က PDF တွေဟာ အမေရိကန်နိုင်ငံသားတစ်ဦးကို ပြန်ပေးဆွဲပြီး သတ်တယ်ဆိုပြီး ဖေဖော်ဝါရီလ ၁၇ ရက်မှာ စတင်ဖြန့်ချိပါတယ်။ အဲဒီဖြန့်ချိမှုကို အောက်ဖော်ပြပါScreenshot မှာ ကြည့်နိုင်ပါတယ်။ အထက်ပါဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာ တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်ဖို့ သတင်းအမှားဖြန့်ချိထားတာအဖြစ် တွေ့ရှိရပါတယ်။ အမေရိကန်နိုင်ငံသား အသတ်ခံရမှုကြောင့် မြန်မာလေးဦး အဖမ်းခံရ ဘန်ကောက်မြို့၊ စူစဝပ် ၂၆ […]

ပလမြို့မှာ စစ်အာဏာရှင်တပ်က အိမ်တွေမီးရှို့ပြီး PDF လက်ချက်လို့ ပုံဖော်သတင်းအမှားဖြန့်

Dawei Watch

February 1, 2026

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ ၊ အမှတ် (၄) ရပ်ကွက်မှာ စစ်အာဏာရှင်တပ်က ဇန်နဝါရီလ ၂၇ ရက်မှာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီ ဖြစ်စဥ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် လူမှုကွန်ရက်အကောင့်တစ်ခုမှာ PDF တွေက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဖြန့်ချိနေပါတယ်။ Follower တစ်သိန်းရှိတဲ့ ‘ငြိမ်းချမ်းပါစေ’ အမည်နဲ့ Facebook အကောင့်က အဲဒီဖော်ပြချက်ကို ဇန်နဝါရီလ ၂၉ ရက်မှာ ဖြန့်ချိခဲ့တာပါ။ အောက်ဖော်ပြပါလင့်ခ်မှာကြည့်နိုင်ပါတယ်။ လင့်ခ် – https://archive.ph/5oHqI အထက်ပါ ဖြန့်ချိမှုကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch သတင်းဌာနက အချက်အလက် စိစစ်ကြည့်ရာတော့မှားယွင်းပုံဖော်ထားတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။ ပလမြို့ပေါ်မှာ နေအိမ်တွေကို စစ်အာဏာရှပ်တပ် မီးရှို့ […]

အတုအယောင် ရွေးကောက်ပွဲမို့ ပြည်သူတွေကို ခြိမ်းခြောက် နှုတ်ပိတ်ထားပါတယ်

Dawei Watch

January 25, 2026

ပြည်သူလူထု လွတ်လပ်စွာ ထုတ်ဖော်ပြောဆို မဝေဖန်ရဲအောင် ခြိမ်းခြောက်ဖမ်းဆီးအရေးယူပြီး စစ်အုပ်စုက ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပခဲ့ပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်း (၃)ပိုင်းခွဲ ကျင်းပခဲ့ပြီး ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်မှာတော့ နောက်ဆုံးအပိုင်းကို ကျင်းပခဲ့ပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ပြည်သူလူထုက စိတ်ဝင်စားမှုအားနည်းသလို ဝေဖန်ပြောဆိုကြဖို့ တွန့်ဆုတ်ခဲ့ကြတာ တွေ့ရပါတယ်။ ပြည်သူတွေကို တင်မကပဲ ဝေဖန်ပြစ်တင်မှုတွေကြားက ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတွေ ကိုတောင် လွတ်လပ်စွာ မဲဆွယ်ခွင့်မပြုဘဲ စကားအထအနကောက်ပြီး အရေးယူခဲ့တာတွေ ရှိပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသိပိုင်ခွင့်တွေ အလွန်တရာ ချိုးဖောက်ထားတဲ့ ရွေးကောက်ပွဲလို့ ကင်ပွန်းတပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် […]

နယ်စွန်နယ်ဖျားက ပြည်သူတွေပါမကျန် မဲပေးကြတယ်ဆိုတဲ့ စစ်ကော်မရှင်လော်ဘီတွေရဲ့ ဖြန့်ချိမှုကို စိစစ်ချက်

Dawei Watch

December 28, 2025

စစ်ကော်မရှင်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပပါတယ်။ အဲဒီ ရွေးကောက်ပွဲ အပိုင်း ၁ မှာ နယ်စွန်နယ်ဖျားပါမကျန် ပြည်သူတွေ မဲပေးနေကြတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိနေပါတယ်။ Subscriber ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ ချန်နယ်က စတင်ဖြန့်ချိတာဖြစ်ပြီး မြင်တွေ့ ပြီးသူ ခုနစ်ထောင်ကျော် ရှိပါတယ်။ အဲဒီဖြန့်ချိချက်ကိုပဲ MDY image ချန်နယ်က ထပ်ဆင့်ဖြန့်ချိထားတာကိုလည်း တွေ့ရပါတယ်။ မှိုင်းဝေချန်နယ်က ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/tlCizMDY image ချယ်နယ် ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/7RRyB အဲဒီလို ဖြန့်ချိမှုတွေနဲ့ပတ်သက်လို့ Myanmar Factchecking Network […]

ပုလော CDM ဆရာမဇနီးမောင်နှံ အသတ်ခံရမှုမှာ KNU ဖမ်းထားသူတွေဟာ PDF တွေဆိုပြီး သတင်းအမှားဖြန့်

Dawei Watch

December 26, 2025

ပုလောမြို့နယ်၊ ဆားခဲရွာမှာ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဖြစ်တဲ့ CDM ကျောင်းဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းတို့ဟာ နေအိမ်မှာ ဒီဇင်ဘာလ ၁၆ရက် မနက် ၁ နာရီလောက်မှာ အသတ်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU (မြိတ်-ထားဝယ်ခရိုင်) ဘက်ကတော့ တရားခံလို့ဆိုသူ ၄ ဦးကို ဖမ်းဆီးထားပြီး အရေးယူမယ်လို့ ဒီဇင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ထားတဲ့အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ KNU ဘက်က ဖမ်းဆီးထားတဲ့သူ ၄ ဦးဟာ KNDOအချုပ်ခန်းကနေ ထွက်ပြေးသွားတဲ့ PDF တွေဖြစ်ပြီး လူသတ်မှုနဲ့ပတ်သက်လို့ အဲဒီ PDF တွေကို လွှဲချဖို့ KNDO က ကြိုးပမ်းနေတယ်လို့ ရေးသားဖြန့်ချိနေကြပါတယ်။ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ […]

ရေဖြူမှာ မွန်လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးသေဆုံးမှုကို ကားနဲ့တိုက်သတ်ခံရတာလို့ သတင်းအမှားဖြန့်

Dawei Watch

December 18, 2025

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ ရာမညမွန်တပ်တော်က ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦး ဒီဇင်ဘာလ ၁၆ရက်က ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ ဆက်ကြေးကောက်နေတဲ့ PDF ခေါင်းဆောင် တစ်ဦးကို ပြည်သူတစ်ဦးက မကျေနပ်လို့ ကားနဲ့ တိုက်သတ်တယ်ဆိုပြီး ပုံဖျက်ရေးသား ဖြန့်ချိခဲ့ကြပါတယ်။ Subscriber ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ ၁၇ ရက် ကစပြီး ဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို မြင်တွေ့ပြီးသူ နှစ်သောင်းခွဲကျော်၊ Reaction ပြုလုပ်သူ တစ်ထောင်နီးပါးရှိပြီး ဆက်လက်ပျံ့နှံ့နေပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာကြည့်နိုင်ပါတယ်။ မှိုင်းဝေချန်နယ်က ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/2JGh2 အဲဒီဖော်ပြချက်ကိုပဲ နောက်ထပ် စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်အချို့က ထပ်ဆင့်ကူးယူဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။ […]

တွေ့သမျှ နှိပ်ချင်နေတုန်းလား.. မနှိပ်ခင် ဒါအရင်ဖတ်ပါ..

Dawei Watch

November 29, 2025

လူမှုကွန်ရက် ပလက်ဖောင်းမျိုးစုံကို မဖြစ်မနေ အသုံးပြုနေရတဲ့ ဒီနေ့ခေတ်မှာ ရည်ရွယ်ချက်မျိုးစုံနဲ့ အန္တရာယ်ရှိနိုင်တဲ့ လင့်ခ်(Link) တွေဟာ မိမိဆီကို တစ်နေ့မဟုတ် တစ်နေ့ တစ်နည်းနည်းနဲ့ ရောက်ရှိလာနိုင်ပါတယ်။ အဲဒီလို လင့်ခ်တွေရောက်ရှိလာရာကနေ နောက်ဆက်တွဲအနေနဲ့ မိမိအတွက် ဂုဏ်သိက္ခာ ၊ ငွေရေးကြေးရေး ၊ လူမှုရေး စတဲ့ အပိုင်းတွေမှာ ထိခိုက်မှုတွေ ကြုံရနိုင်ပါတယ်။ လက်တွေ့မှာလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ပေးပို့ခံရတဲ့ လင့်ခ်တွေ ကြောင့် လူမှုကွန်ရက် အကောင့်တွေခိုးယူခံရသူတွေရှိနေပြီး နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြေရှင်းနေကြရပါတယ်။ ဒါကြောင့် Myanmar Factchecking Network အဖွဲ့ဝင် ဖြစ်တဲ့ Dawei Watch က ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး အသိပညာပေးနေတဲ့ နွေဦးလုံခြုံရေးအဖွဲ့ကို ဆက်သွယ်ပြီး ကိုယ့်ဆီရောက်လာနိုင်တဲ့ အန္တရာယ်ရှိနိုင်တဲ့ လင့်ခ်တွေအကြောင်း နဲ့ အဲဒီလင့်ခ်တွေကို […]

သရက်ချောင်းမှာ စစ်အာဏာရှင်တပ် အိမ်တွေမီးရှို့တာကို တော်လှန်ရေးအဖွဲ့တွေလက်ချက်လို့ သတင်းအမှားဖြန့်

Dawei Watch

November 27, 2025

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာမှာ နိုဝင်ဘာလ ၂၃ ရက်က နေအိမ် ၆၁ လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ခဲ့တယ်လို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ ကာယကံရှင်တွေနဲ့ ဒေသခံတွေကို ပြောပါတယ်။ အဲဒီဖြစ်စဥ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက မင်းဒပ်ရွာက နေအိမ်တစ်ရာလောက်ကို မီးရှို့တာဟာ KNU နဲ့ PDF ဖြစ်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။ Subscribers ပြုလုပ်သူ သုံးသောင်းခြောက်ထောင်ကျော်ရှိတဲ့ နေပြည်တော် အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိထားတာပါ။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ လင့်ခ် – https://archive.ph/WtGM8 အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ ပုံမှားရိုက်သတင်းဖြန့်ချိမှုအဖြစ် စိစစ်တွေ့ရှိရပါတယ်။ မင်းဒပ်ရွာဝန်းကျင်တွင် […]