ပုလော CDM ဆရာမဇနီးမောင်နှံ အသတ်ခံရမှုမှာ KNU ဖမ်းထားသူတွေဟာ PDF တွေဆိုပြီး သတင်းအမှားဖြန့်
Dawei Watch
December 26, 2025ပုလောမြို့နယ်၊ ဆားခဲရွာမှာ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဖြစ်တဲ့ CDM ကျောင်းဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းတို့ဟာ နေအိမ်မှာ ဒီဇင်ဘာလ ၁၆ရက် မနက် ၁ နာရီလောက်မှာ အသတ်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU (မြိတ်-ထားဝယ်ခရိုင်) ဘက်ကတော့ တရားခံလို့ဆိုသူ ၄ ဦးကို ဖမ်းဆီးထားပြီး အရေးယူမယ်လို့ ဒီဇင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ထားတဲ့အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ KNU ဘက်က ဖမ်းဆီးထားတဲ့သူ ၄ ဦးဟာ KNDOအချုပ်ခန်းကနေ ထွက်ပြေးသွားတဲ့ PDF တွေဖြစ်ပြီး လူသတ်မှုနဲ့ပတ်သက်လို့ အဲဒီ PDF တွေကို လွှဲချဖို့ KNDO က ကြိုးပမ်းနေတယ်လို့ ရေးသားဖြန့်ချိနေကြပါတယ်။ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ […]


