တပ်မတော်သည် နိုင်ငံတော်ကို စောင့်ရှောက်သည် (အပိုင်း ၂)
Dawei Watch
September 11, 2025၁၉၆၀ ရွေးကောက်ပွဲတွင် စစ်တပ်က ထောက်ခံသည့် နိုင်ငံရေးပါတီ ရွေးကောက်ပွဲ မနိုင်သည့်နောက် ၁၉၆၂ အာဏာသိမ်းမှု ဖြစ်သည်။ ၁၉၉၀ တွင်လည်း တပ်က ကျောထောက်နောက်ခံပါတီ ရွေးကောက်ပွဲ မနိုင်သည့်နောက် အာဏာလွှဲပြောင်းရန် ငြင်းဆန်သည်။ ၂၀၁၅ ရွေးကောက်ပွဲ တစ်ခုတွင်တော့ ချွင်းချက်ရှိသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရသော်လည်း အာဏာလွှဲပေးခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲဖြင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာသည်။ တပ်မတော်က လွှတ်တော် အသီးသီးတွင် ၂၅ ရာခိုင်နှုန်း အသေယူထားပြီးဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ၂၆ ရာခိုင်နှုန်း လွှတ်တော် ကိုယ်စားလှယ် နေရာရရုံဖြင့် အစိုးရဖွဲ့နိုင်သည်။ ထိုသို့သော မျှော်လင့်ချက်ဖြင့် ၂၀၁၀ အလွန် အခင်းအကျင်းကို […]


