မြိတ်-ထားဝယ်လမ်းတွင် စစ်ရေးတင်းမာနေချိန် ဝင်းဝတံတားကို KNU၊ PDF ဗုံးခွဲဟု သတင်းအမှားဖြန့်
Dawei Watch
May 14, 2025ယခုနှစ် ဧပြီလအတွင်း မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေး တင်းမာနေပြီး လမ်းပိတ်နေချိန် အဲဒီလမ်းပိုင်းပေါ်မှာရှိတဲ့ ဝင်းဝတံတားကို KNU နဲ့ PDF တပ်ဖွဲ့တွေက ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြကြပါတယ်။ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အထက်ပါအကြောင်းအရာကို အချက်အလက် စစ်ဆေးကြည့်ရာမှာတော့သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ Suscriber ပြုလုပ်ထားသူ နှစ်သောင်းခြောက်ထောင်ကျော်ရှိတဲ့ အမဲလိုက်မုဆိုးကြီး သတင်းမှန် ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က အဲဒီဖော်ပြချက်ကို ဧပြီလ ၂၀ ရက်မှာ စတင်ဖော်ပြခဲ့ပါတယ်။ အဲဒီဖော်ပြချက်ဟာ ယနေ့ မေလ ၁၄ ရက်အထိ မြင်တွေ့ထားသူ ခြောက်ထောင်ကျော်နဲ့ Reaction ပြုလုပ်ထားသူ ၉၀ ရှိပြီး ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ အဲဒီဖော်ပြချက်ကို ဒီလင့်ခ်မှာ […]


