ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Fact Check

သရက်ချောင်းမှာ စစ်အာဏာရှင်တပ် လူသားဒိုင်းဖမ်းခေါ်နေချိန် PDF ကို အပြစ်လွှဲချတဲ့ ဖြန့်ချိချက်အပေါ် စိစစ်ချက်

Dawei Watch

August 31, 2026

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ သြဂုတ်လဆန်းပိုင်းကပင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေပါတယ်။ စစ်ကြောင်းထိုးရာမှာ စစ်အာဏာရှင်တပ်က အရပ်သားတွေကို လူသားဒိုင်းသဖွယ် ဖမ်းခေါ်တာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်နေချိန် စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုမှာ တော်လှန်ရေးတပ်တွေက အရပ်သားတွေကို လူသားတံတိုင်းအဖြစ်ဖမ်းဆီးပြီး ထွက်ပြေးနေ တယ်လို့ ရေးသားဖြန့်ချိနေကြပါတယ်။ Subscriber တစ်သိန်းခွဲကျော်ရှိတဲ့ မှိုင်းဝေ နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က သြဂုတ်လ ၂၄ ရက်မှာ ဖြန့်ချိခဲ့တာပါ။ ဖြန့်ဝေထားတဲ့ လင့်ခ် – https://archive.ph/lhd8g အဲဒီလို ဖြန့်ချိတာနဲ့ ပတ်သက်လို့ Myanmar Fact-checking Netwok အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ မြေပြင်အချက်အလက်တွေနဲ့ ကွဲလွဲနေတာကို စိစစ်တွေ့ရှိရပါတယ်။ သရက်ချောင်းမှာ စစ်ကြောင်းထိုးလို့ ဒေသခံတွေထွက်ပြေးနေရ သရက်ချောင်းမြို့နယ်ထဲမှာ ဩဂုတ်လ […]

TikTok ပေါ် က တော်လှန်ရေးသမားအယောင်ဆောင် လိမ်လည်အလှူခံသူတွေကို သတိထားပါ

Dawei Watch

August 25, 2026

Tiktok ပေါ် မှာ တော်လှန်ရေးသမားအယောင်ဆောင်ထားတဲ့ ငွေလိမ်သူတွေ ရှိနေပါတယ်။ သတိမမူမိဘဲ ငွေလိမ်ခံရသူတွေလည်းရှိနေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်ကန့်သတ်မှုနဲ့ သတင်းအချက်အလက် ကန့်သတ်ပိတ်ပင်မှုတွေကြောင့် Facebook ၊ Youtube၊ Telegram၊ Instagram၊ Twitter(X) စတဲ့ လူမှုကွန်ရက်တွေဟာ Virtual Private Network (VPN) ကို ကြားခံပြီး ခက်ခက်ခဲခဲ အသုံးပြုနေကြရပါတယ်။ အဲဒီလူမှုကွန်ရက်တွေ အသုံးပြုသူတွေကို စစ်အုပ်စုက တောက်လျှောက် စောင့်ကြည့်ပြီး အမြင်မတူသူတွေကို ဖမ်းဆီးထောင်ချတာတွေလည်း လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Tiktok လူမှုကွန်ရက်ကတော့ အများအားဖြင့် VPN မလိုဘဲ အသုံးပြုလို့ရနေတယ်လို့ အသုံးပြုသူတွေဆီကနေ သိရပါတယ်။ စောင့်ကြည့်ဖမ်းဆီးမှုတွေကလည်း အခြားလူမှုကွန်ရက်တွေနဲ့ နှိုင်းစာရင် နည်းပါးပါတယ်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကာလမှာ တခြားလူမှုကွန်ရက်အသုံးပြုသူတွေကို […]

ထားဝယ်-မြိတ် လမ်းပိုင်းက ပြည်သူတွေ ထွက်ပြေးနေရပေမယ့် အေးချမ်းနေပြီလို့ စစ်အုပ်စုထောက်ခံသူတွေ ဝါဒဖြန့်

Dawei Watch

August 18, 2026

အခုနှစ် ဇူလိုင်လနှောင်းပိုင်းမှာ ထားဝယ်-ပုလော-မြိတ် ပြည်ထောင်စု ကားလမ်းမပေါ် က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်စိုးမိုးခဲ့တဲ့နေရာတချို့ကို ပြန်လက်လွှတ်လိုက်ရပါတယ်။ အဲဒီလို လက်လွှတ်လိုက်ရတဲ့နောက်မှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်ရှိလာတာကြောင့် ကားလမ်းပိုင်း ကျေးရွာတွေက ဒေသခံရာနဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။ အဲဒီလို အခြေအနေကို စစ်အုပ်စု ဝါဒဖြန့်သူတွေက ထားဝယ်-ပုလော-မြိတ် ကားလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေ မရှိတော့တာကြောင့် ခရီးသွားတွေနဲ့ ဒေသခံတွေ အဆင်ပြေနေပြီဆိုပြီး ဝါဒဖြန့်ချိနေကြတာပါ။ Subscriber လေးသောင်းရှစ်ထောင်ကျော်ရှိတဲ့ Ba Nyunt နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၂၉ ရက်မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ချိတာကို မြင်တွေ့ရသူ လေးထောင်ကျော်ရှိပါတယ်။ Ba Nyunt ချန်နယ် ဖော်ပြချက် လင့်ခ် – https://archive.ph/J8kce အဲဒီလို ဖြန့်ချိတာကို Myanmar […]

ထားဝယ်မှာ စစ်အာဏာရှင်တပ် ပစ်ခတ်မှုကြောင့် အရပ်သားတွေထိခိုက်တာကို တော်လှန်ရေးတပ်တွေက ကျူးလွန်တယ်ဆိုပြီး သတင်းမှားဖြန့်

Dawei Watch

August 12, 2026

ထားဝယ်ခရိုင်မှာ စစ်အာဏာရှင်တပ်က အင်အားအများအပြားသုံးပြီး ဒေသတချို့ကို ဇူလိုင်လဆန်းကနေ စစ်ကြောင်းထိုးနေပါတယ်။ အဲဒီလို စစ်ကြောင်းထိုးနေချိန် အရပ်သားတွေ ပစ်ခတ်ခံရတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ အရပ်သား ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဥ်တွေအပေါ်မှာ စစ်အုပ်စုဝါဒဖြန့်သူတွေက တော်လှန်ရေးအင်အားစုတွေကို အပြစ်ပုံချဖို့ ကြိုးပမ်းထားတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်က ဖြစ်စဥ်နှစ်ခုကို တွေ့ရပါတယ်။ အဲဒီ ဖြစ်စဥ် နှစ်ခုကို Myanmar Fact-checking Netwok အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ထားပါတယ်။ ဖြစ်စဥ် (၁) ရေဖြူမြို့နယ်၊ ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေး အင်အားစုတွေကြား သြဂုတ်လ ၈ ရက် မနက်ပိုင်းမှာ နာရီဝက်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုအပြီး စစ်အာဏာရှင်တပ်က ကားလမ်းနံဘေးက […]

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်တည်ဆောက်နေတာ ဟုတ်သလား

Dawei Watch

July 25, 2026

ထားဝယ်အထူးစီးပွားရေဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်တည်ဆောက်နေတယ်လို့ စစ်အစိုးရ ဒုဝန်ကြီးက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်တည်ဆောက်ဖို့ အစီအစဉ် ရှိမရှိ စစ်အုပ်စုရဲ့ အမျိုးသားလွှတ်တော်မှာ မေးမြန်းမှုကို စစ်အစိုးရရဲ့ စီးပွားကူးသန်း ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။ အဲဒီ မေးခွန်းနဲ့ ဖြေကြားချက်တွေကို အခြေခံပြီး စစ်အုပ်စုဝါဒဖြန့်ချိသူတွေက ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်နေပြီလို့ ဖြန့်ချိနေကြပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်အရ စိစစ်ကြည့်ရာမှာတော့ မြေပြင်အနေအထားနဲ့ ကွဲလွဲနေတာကို စိစစ်တွေ့ရပါတယ်။ Subscriber နှစ်သောင်းကျော်ရှိတဲ့ DGF21 NEWS နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က “ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ပြန်လည်တည်ဆောက်နေ” ဆိုပြီး ဖြန့်ချိထားပါတယ်။ အောက်ဖော်ပြပါ လင့်ခ်မှာ […]

စစ်ရှောင်ကူညီတဲ့ လူငယ်သုံးဦးကို စစ်အာဏာရှင်တပ်ဖမ်းဆီးသတ်ဖြတ်မှု အပြစ်ကိုဖုံးကွယ်ဖို့ကြိုးပမ်း

Dawei Watch

July 25, 2026

ထားဝယ်အထူးစီးပွားရေဇုန်ဧရိယာထဲ စစ်အာဏာရှင်တပ်စစ်ကြောင်း ဖမ်းသွားတဲ့ အရပ်သားတွေထဲမှာ ပါဝင်တဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခုက လူငယ်သုံးဦးနဲ့ ရွာသားတစ်ဦးတို့ကို စစ်အာဏာရှင်တပ်က သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့ပါတယ်။ ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာရှိတဲ့ ထားဝယ်အထူးစီးပွားရေဇုန်ဧရိယာထဲ ဇူလိုင်လ ဒုတိယအပတ်က ဖြစ်ပွားခဲ့တာပါ။ အဲဒီ ဖြစ်စဥ်မှာ သတ်ဖြတ်ခံရတဲ့လူငယ်သုံးဦးဟာ PDF တွေဖြစ်တယ်လို့ စစ်အုပ်စု ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိနေကြပါတယ်။ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်အရ စိစစ်ကြည့်ရာမှာတော့ စစ်အာဏာရှင်တပ်ရဲ့ လုပ်ရပ်ကို ဖုံးကွယ်ရှောင်လွှဲဖို့ ကြိုးပမ်းမှုအဖြစ် တွေ့ရပါတယ်။ Subscriber တစ်သိန်းဝန်းကျင်ရှိတဲ့ “တိုက်ပွဲသတင်းစုံ” နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၂၄ ရက်မှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး မြင်တွေ့ထားသူ တစ်သောင်းကျော်ရှိပါတယ်။ တိုက်ပွဲသတင်းစုံချန်နယ်ရဲ့ ဖော်ပြချက်လင့်ခ် – https://archive.ph/Yhl7A အဲဒီဖော်ပြချက်ကို […]

တနင်္သာရီမှာ PDF တွေက စာသင်ကျောင်းကို တိုက်ခိုက်တယ်ဆိုပြီး သတင်းအမှားဖြန့်

Dawei Watch

July 23, 2026

တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ကွင်းသစ်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းဟာ ဇူလိုင်လ ၁၇ ရက်က ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တနင်္သာရီမြို့နယ်က စာသင်ကျောင်းတွေကို PDF တွေ ဒရုန်း ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်သွားဖို့ ရှိတယ်ဆိုပြီး ဖြန့်ချိနေကြပါတယ်။ အဲဒီဖြန့်ချိချက်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ ပုံမှားရိုက် သတင်းအမှားဖြန့်ချိတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။ Subscriber ပြုလုပ်ထားသူ တစ်သိန်းဝန်းကျင်ရှိတဲ့ “တိုက်ပွဲသတင်းစုံ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၁၈ ရက် မှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး အဲဒီဖော်ပြချက်ကို မြင်တွေ့ပြီးသူ သုံးသောင်းကျော်ရှိပါတယ်။ တိုက်ပွဲသတင်းစုံချန်နယ် ရဲ့ ဖော်ပြချက် လင့်ခ် – […]

KNU တပ်မဟာ ၅ ဟာ စစ်အာဏာရှင်တပ်ရဲ့ ဌာနေပြည်သူ့စစ်ပြောင်းလဲမယ်ဆိုပြီး စစ်အုပ်စုဝါဒဖြန့်

Dawei Watch

June 30, 2026

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၅) က တပ်မှူးနဲ့ အဖွဲ့ဝင်တွေက စစ်အာဏာရှင်တပ်နဲ့ ဆွေးနွေးပြီး ဌာနေ ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖို့ ပြုလုပ်နေတယ်လို့ စစ်အုပ်စုဝါဒဖြန့်သူတွေက ဇွန်လလယ်လောက်ကစပြီး အင်တာနက်လူမှု ကွန်ရက် မျိုးစုံကနေ ဖြန့်ချိနေကြပါတယ်။ အဲဒီအကြောင်းအရာတွေကို Myanmar Fact-checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ KIC နဲ့ Dawei Watch က မြေပြင် သတင်းအချက်အလက်နဲ့ သက်ဆိုင်သူတွေကို မေးမြန်းအတည်ပြုချက်ပြီး အချက်အလက်စိစစ်ထားပါတယ်။ ဘယ်လိုတွေဖြန့်ချိနေလဲ Facebook နဲ့ တယ်လီဂရမ်တွေမှာ ရှိတဲ့ စစ်အုပ်စု ဝါဒဖြန့်သူနဲ့ ချန်နယ်တွေကနေ ဖြန့်ချိနေကြတာပါ။ ဇွန်လ ၁၇ ရက်မှာ Satt Nann Watii Maung အမည်နဲ့ Facebook လူမှုကွန်ရက်အကောင့်က ကရင်ပြည်နယ် ဖာပွန်မှာ […]