ဗေဒင်နဲ့ အကြားအမြင် လိုင်စင် အမိန့်စာ အတု
Dawei Watch
July 30, 2023ဗေဒင်နဲ့ အကြားအမြင် ဟောကိန်းထုတ်သူတွေ လိုင်စင်လျှောက်ရမယ်၊ လိုင်စင်မလျှောက်ဘဲ ဟောရင် အရေးယူမယ်ဆိုတဲ့ အမိန့်စာ ဇူလိုင် ၂၃ ရက်နေ့ က Facebook ပေါ်ကနေ စတင်ပျံ့နှံ့လာပြီး တစ်ရက်အတွင်းမှာတင် မျှဝေသူတွေ အတော်များပြားခဲ့ပါတယ်။ အသေးစိတ် စိစစ်လိုက်တဲ့ အချိန်မှာ ဒီစာဟာ အတုဖြစ်နေတာကို တွေ့ရပါတယ်။ အမိန့်စာကို ဓာတ်ပုံကို သိမ်းပြီးမှ ထပ်ဆင့် ဖြန့်ချိသူတွေ များတာမို့ မူရင်းဖြန်ဝေသူကို ရှာမတွေ့ခဲ့ပေမယ့် Facebook ရဲ့ Search Facebook ဆိုတဲ့ နေရာမှာ ‘အကြားအမြင် လိုင်စင်’ လို့ရိုက်ထည့်လိုက်ရင် အမိန့်စာနဲ့ပတ်သက်ပြီး မျှဝေထားသူတွေ ပေါ်လာတာ တွေ့ရပါတယ်။ Kyaw Win Maung ဆိုတဲ့ Telegram အကောင့်ကနေလည်း ဇူလိုင် ၂၄ ရက်နေ့မှာ အမိန့်စာကို […]


