ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Fact Check

အစာအိမ်ရောဂါပျောက်တယ်ဆိုပြီး လိမ်လည်ရောင်းချနေတဲ့ဆေး 

Dawei Watch

August 9, 2023

အသိအမှတ်ပြုရရှိထားပြီး ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပြီး အစာအိမ်အနာဖြစ်တာကို ကုသပေးတယ်ဆိုတဲ့ Hera Turmeric Milk á€†á€­á€Żá€•ဟဎး ရောင်းချနေတဲ့ Facebook Page á€á€…်ခု ထွက်ပေါ်နေပါတယ်။ ဒီ Page á€™á€žá€Ź ကြော်ငြာထားချက်တွေကို Dawei Watch á€€ စစ်ဆေးကြည့်တဲ့အခါ အချက်အလက်အမှားဖြစ်နေတာကို တွေ့ရှိပါတယ်။ “Hera Turmeric Milk – အစာအိမ်ဝေဒနာရှင်များအတွက် ဖြေရှင်းချက်” ဆိုတဲ့ နာမည်နဲ့ Facebook Page ဖြစ်ပြီး “အစာအိမ်နာကျင်မှု၊ ဝမ်းဗိုက်နာကျင်မှုတို့အတွက် ၁၀ နှစ်၊ ၁၅ နှစ်ကြာတာတောင် အမြစ်ပြတ်ကုသနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအခြေမျိုးကြုံနေရသော Custoumer များ ဒီပို့စ်ကို မေ့မထားသင့်ပါဘူး” လို့ အစချီပြီး ရေးသားဖြန့်ချိနေပါတယ်။ မူရင်းပို့စ်ကို á€’ဎန္ရဏတွင် ကြည့်ပါ။   ပျံ့နှံ့မှုလည်း အတော်များပြားနေပြီး Like á€œá€Żá€•်သူပ္ဍင်း ၈၅,၀၀၀ á€›á€žá€­á€•ဟဎး Comment á„၅၀၀ နဲ့ ၁၁,၀၀၀ Share á€›á€žá€­á€•ဍတယ်။ ဒီ ပို့ရဲ့ Comment á€Ąá€ąá€Źá€€á€şá€™á€žá€Źá€†á€­á€Żá€›á€„á€şá€œá€Šá€şá€¸ ဖုန်းနံပါတ်တွေ ပေးထားတာတွေ၊ ဝယ်ယူချင်တယ်လို့ ပြောထားတာတွေ အတော်များတာ တွေ့ရပါတယ်။ Hera Turmeric […]

လူဖမ်းပွဲအခါပေး စစ်ကောင်စီအားပေး ဝါဒဖြန့်ချန်နယ်များ

Dawei Watch

August 3, 2023

လူငယ်စာဖတ် ပရိသတ်များ၏ အခိုင်အမာ အားပေးမှုရရှိထားသည့် နာမည်ကျော် လူငယ်စာရေးဆရာ တစ်ယောက် ပြည်တွင်း၌ ဆက်နေ၍ မရတော့သည့် အခြေအနေတစ်ခုဖြစ်လာခဲ့သည်။ ယင်းမှာ စစ်ကောင်စီလက်ဝေခံ ဝါဒဖြန့်ချန်နယ်များထဲမှ တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦးဆိုသော တယ်လီဂရမ်အကောင့်တွင် ၎င်းကိုဖမ်းဆီးရန် တိုက်တွန်းထားသည့် ပိုစ်တစ်ခုတင်လိုက်ခြင်း ကြောင့်ဖြစ်သည်။ စစ်အာဏာသိမ်းပြီး ၂ လကျော်ကတည်းက ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသူ ယင်းစာ‌ရေးဆရာမှာ ပြည်တွင်း၌ပင် တိတ်တဆိတ် ဆက်နေထိုင်ခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းတွင် ဟန်ငြိမ်းဦး အမည်ရှိ တယ်လီဂရန်အကောင့်တွင် ၎င်းကို သွားရောက်ဖမ်းဆီးရန် စစ်ကောင်စီကို တိုက်တွန်းထားသည့် ပိုစ်တစ်ခု တက်လာသည်။ ယင်းပို့စ်တွင် ၎င်း၏ သွားလာလှုပ်ရှားမှု၊ နေရပ်လိပ်စာ အသေးစိတ်ပါရှိပြီး ယင်းအချက်အလက်များတွင် အရင်းနှီးဆုံးမိတ်ဆွေ ၅ ဦးခန့်သာ […]

စစ်ကောင်စီ ဖမ်းတာခံခဲ့ရတဲ့ ပြည်သူတွေကို PDF နဲ့ ထောက်ပို့အဖြစ် ပုံဖော်သတင်းမှားဖြန့်

Dawei Watch

August 2, 2023

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုက ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီက ဇူလိုင် ၂၇ ရက်နေ့ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူတွေဟာ PDF တွေလို့ တယ်လီဂရမ်ချန်နယ် အချို့မှာ ဖြန့်ဝေနေပါတယ်။  Dawei Watch á€Ąá€”္နဲအ ဒီဖြစ်စဉ်ကို အချက်အလက်စိစစ်ကြည့်တဲ့အခါမှာ သတင်းမှား ဆိုတာ စိစစ်တွေ့ခဲ့ရပါတယ်။ ဖြန့်ချိနေသူတွေထဲမှာ Truth Media၊ The Fighters Media(TFM) á€á€­á€Żá€ˇá€™á€žá€Źá€ˇá€™á€ž á€–မ်းဆဎးခလရသူတွ္ကို “ရေဖြူ PDF ပဒက် á€”ဲအ á€‘္ဏက်ပိုအ áƒá€ á€€á€ťá€ąá€Źá€şá€–မ်းဆဎးရမိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ á€›á€ąá€¸á€žá€Źá€¸á€‘ဏးပဟဎး သတင်းဓာတ်ပုံနဲ့တကွ ဇူလိုင်လ á‚၈ á€›á€€á€şá€”္အမသဏ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီနေရာ နဲ ဒီနေရာတွေမှာ ကြည့်နိုင်ပါတယ်။ ဒီ ဖြန့်ဝေမှုဟာ ဇူလိုင် ၂၈ ရက်ကနေ ဩဂုတ်လ á‚ á€›á€€á€şá€”္အဥထိ ချန်နယ် ၂ ခုပေါင်း ကြည့်သူ 13,000 á€€á€ťá€ąá€Źá€şá€Ąá€‘ိ ရှိခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီရဲ့ ဝါဒဖြန့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ပြည်ချစ်သား ဝက်ဘ်ဆိုက်မှာတော့ ဇူလိုင် ၂၇ ရက်နေ့မှာ ရေဖြူမြို့နယ်ထဲက ကျေးရွာတွေက […]

လောင်းလုံးက ကျေးရွာအချို့ ပြောင်းရမယ်ဆိုတဲ့ သတင်းမှား

Dawei Watch

August 1, 2023

လောင်းလုံးမြို့နယ်ထဲက ဗိုလ်မှူးဗထူးရဲ့ မွေးရပ်မြေဖြစ်တဲ့ လေးသွန်းခံ ရွာနဲ့ အနီးအနားက ရွာတွေ ပြောင်းရမယ်ဆိုပြီး တစ်ဆင့် စကား တစ်ဆင့် နားနဲ့ ဒေသပြည်သူတွေ ကြားမှာ အတော်ကြီးကို ပျံ့နှံ့နေပါတယ်။ ပျံ့နှံနံ့မှု များသလို စိုးရိမ်ပူပန်စိတ်နဲ့ ထားဝယ်မြို့ပေါ်မှာ မြေဝယ်ဖို့ ၊ အိမ်ငှားဖို့ စီစဉ်နေတဲ့ ပြည်သူတွေလည်း ရှိလာနေတာပါ။ ဒီအကြောင်းအရာကို Dawei Watch အနေနဲ့ အချက်အလက် စိစစ်ကြည့်တဲ့အခါမှာ သတင်းအမှား ဆိုတာ စိစစ်တွေ့ရှိခဲ့ပါတယ်။‌ဒီ ပြောင်းရွှေ့ရတော့မယ်ဆိုတဲ့ သတင်းအစက မေလ နောက်ဆုံးပတ် လောက်က စတင် ဖြန့်ဝေ ပြောဆိုမှုတွေ ရှိခဲ့တာ ဖြစ်ပြီး လက်ရှိ ဇူလိုင် နောက်ဆုံးပတ်အထိ ပျံ့နှံ့ပြောဆိုနေကြဆဲပါ။ ပြောင်းရွှေ့ခံရတဲ့ ကျေးရွာ မရှိသေးပါ အချက်အလက် စိစစ်ချက်အရ လောင်းလုံးမြို့နယ်အတွင်းမှာ […]

ဗေဒင်နဲ့ အကြားအမြင် လိုင်စင် အမိန့်စာ အတု

Dawei Watch

July 30, 2023

ဗေဒင်နဲ့ အကြားအမြင် ဟောကိန်းထုတ်သူတွေ လိုင်စင်လျှောက်ရမယ်၊ လိုင်စင်မလျှောက်ဘဲ ဟောရင် အရေးယူမယ်ဆိုတဲ့ အမိန့်စာ ဇူလိုင် ၂၃ ရက်နေ့ က Facebook ပေါ်ကနေ စတင်ပျံ့နှံ့လာပြီး တစ်ရက်အတွင်းမှာတင် မျှဝေသူတွေ အတော်များပြားခဲ့ပါတယ်။ အသေးစိတ် စိစစ်လိုက်တဲ့ အချိန်မှာ ဒီစာဟာ အတုဖြစ်နေတာကို တွေ့ရပါတယ်။ အမိန့်စာကို ဓာတ်ပုံကို သိမ်းပြီးမှ ထပ်ဆင့် ဖြန့်ချိသူတွေ များတာမို့ မူရင်းဖြန်ဝေသူကို ရှာမတွေ့ခဲ့ပေမယ့် Facebook ရဲ့ Search Facebook ဆိုတဲ့ နေရာမှာ ‘အကြားအမြင် လိုင်စင်’ လို့ရိုက်ထည့်လိုက်ရင် အမိန့်စာနဲ့ပတ်သက်ပြီး မျှဝေထားသူတွေ ပေါ်လာတာ တွေ့ရပါတယ်။ Kyaw Win Maung ဆိုတဲ့ Telegram အကောင့်ကနေလည်း ဇူလိုင် ၂၄ ရက်နေ့မှာ အမိန့်စာကို […]

ဆွီဒင်နိုင်ငံက လိင်ဆက်ဆံခြင်းကို အားကစားအဖြစ် သတ်မှတ်လိုက်ပြီဆိုသည်မှာ  သတင်းအမှားသာဖြစ်

Dawei Watch

June 6, 2023

‘လိင်ဆက်ဆံခြင်းကို အားကစားတစ်ရပ်အဖြစ် တရားဝင်မှတ်ပုံတင်သည့် á€†á€˝á€Žá€’င်နိုင်ငလမသဏ á€€á€™á€šá€˜á€Źá€ˇá€•ထမဆုလးနိုင်ငလ ဖြစ်လာပြီး ဇွန် ၈ ရက်တွင် Gothenburg မြို့ တွင် ပထမဆုံး လိင်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်’ ဆိုသော သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ သတင်းရင်းမြစ်အများအပြားကို ကိုးကား၍ မီဒီယာအများအပြားကလည်း ယင်းအကြောင်းအရာကို á€–္ဏ်ပဟန္ကဟပဟဎး လူမှုကွန်ရက်များပေါ် á€á€˝á€„á€şá€œá€Šá€şá€¸ ပွက်လောရိုက်စေခဲ့သည်။ သို့သော် အဆိုပါ သတင်းများအားလုံး သည် သတင်းမှားများသာ ဖြစ်နေခဲ့ကြောင်း á€Ąá€á€ťá€€á€şá€Ąá€œá€€á€ş ဆန်းစစ်ချက်များအရ သိရှိရသည်။ သတင်းမှန်စစ်ဆေးရေး ဝက်ဘ်ဆိုဒ် တစ်ခု ဖြစ်သည့် Newschecker ၏ ရေးသားချက်အရ ၎င်းတို့ဌာန á€Ąá€”္နသငအ် ယင်းသတင်းများ စတင်ပွက်လောရိုက်လာချိန်တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဖော်ပြပါ ပြိုင်ပွဲအတွက် တရားဝင် ဝက်ဘ်ဆိုဒ်ပင် မရှိသည် ကို  စတင်သတိပြုမိခဲ့သည်။ ထို့အပြင် ဆွီဒင် သည် စကင်ဒီနေဗီးယားဒေသတွင်း […]