အွန်လိုင်းပေါ်က လိင်အမြတ်ထုတ်မှုတွေ (အပိုင်း – ၂)
Dawei Watch
July 4, 2026Against Sexual Violence (ASV) အဖွဲ့ တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်းနှင့် တွေ့ဆုံခြင်း အွန်လိုင်းပေါ်မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုနှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု ဖြစ်စဉ်များမှာ မြန်မာလူငယ်များအကြား စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်လာနေသည်။ သမီးရည်းစားအချင်းချင်းကြား ပုံ/ဗီဒီယိုများကို အလွဲသုံးစားပြုခြင်း၊ AI နည်းပညာဖြင့် ပုံများအတုဖန်တီးခြင်းနှင့် Dating App များမှတစ်ဆင့် လိင်အမြတ်ထုတ်ခြင်းများကြောင့် အမျိုးသမီးများမှာ မလုံခြုံမှုများ ကြုံတွေ့နေရသည်။ အွန်လိုင်းပေါ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အကူအညီပေးနေသည့် Against Sexual Violence (ASV) အဖွဲ့ တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်းကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။ DW ။ အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တာ၊ ခြိမ်းခြောက်အကြပ်ကိုင်တာတွေက ဘာကြောင့် ဖြစ်ပေါ်နေတယ်လို့ […]


