စိုးရိမ်သောကမြင့်တက်နေတဲ့ မဲဆောက်ရောက် မြန်မာများ
Dawei Watch
January 28, 2025“နိုင်ငံရေးအခြေအနေကြောင့် ပြောင်းလာတဲ့သူတွေမှာ စိုးရိမ်ထိတ်လန့်မှုတွေ ပိုရှိနေကြတာပေါ့” မဲဆောက်အခြေစိုက် အဝေးရောက်ဧရာဝတီအသင်း (Overseas Irrawaddy Association – OIA) အဖွဲ့ တာဝန်ခံ ကိုဖိုးသင်္ကြန်နှင့် တွေ့ဆုံမေးမြန်းခြင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တစ်ဖက်ကမ်း မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာရှိသလို စစ်ကောင်စီ က အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း၊ ဖမ်းဆီးခြင်းအပါအဝင် မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် လာရောက်တိမ်းရှောင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများစွာလည်း ရှိနေသည်။ မဲဆောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့များက ယခင်ကတည်းက မြန်မာနိုင်ငံသားများကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လေ့ရှိသည့် မြို့ဖြစ်သည်။ လက်ရှိတွင် ကျားဖြန့်လုပ်ငန်းတွေကြောင့် စစ်ဆေးဖမ်းဆီးမှု ပိုမိုတင်းကျပ်လာသည်။ မြဝတီဘက်ခြမ်းရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွင် တရုတ်သရုပ်ဆောင် လူကုန်ကူးခံရမှု ပေါ်ပေါက် လာပြီးနောက် ထိုင်းအစိုးရက ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်၊ လူကုန်ကူးခံရမှုများကို တားဆီးနိုင်ရေးတို့အတွက် နိုင်ငံခြားသားများကို စစ်ဆေးဖမ်းဆီးမှု နေရာအနှံ့တွင်လုပ်ဆောင်နေသည်။ နိုင်ငံခြားသားများ […]


