ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဥဇဘက်ကစ္စတန်ဘက်ကို ဂိုးတွေသွင်းပြီး စံချိန်သစ်နဲ့အတူ စီရော်နယ်ဒို ပြန်လာပြီ

June 24, 2026

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်ဒို ဟာ ပေါ်တူဂီက ဥဇဘက်ကစ္စတန်ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပြီး စံချိန်သစ်တွေ ရေးထိုးသွားခဲ့ပါတယ်။

စီရော်နယ်ဒို ဟာ လက်ရှိမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ရပ်တည်လိုက်နိုင်ပြီဖြစ်သလို ဒါဟာ သူ့အတွက် အရမ်းကိုပဲ ကျေနပ်စရာကောင်းလှတယ်လို့ စီရော်နယ်ဒိုက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ငါးကြိမ် ဂိုးသွင်းခဲ့ဖူးပေးမယ့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးမရခဲ့လို့ ဒီစံချိန်မှာတော့ စီရော်နယ်ဒိုက မက်ဆီကို ကျော်တက်သွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ပေါ်တူဂီဂန္ထဝင်ကစားသမားကြီး အူဆီဘီယိုရဲ့ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီး ပေါ်တူဂီသမိုင်းမှာ ကမ္ဘာ့ဖလားသွင်းဂိုး အများဆုံးရယူနိုင်သူ ကစားသမားအဖြစ်လည်း စံချိန်တင်သွားနိုင်ခဲ့ပါတယ်။

ဂန္ထဝင်ကစားသမားကြီး အူဆီဘီယိုဟာ ကမ္ဘာ့ဖလားသွင်းဂိုး ကိုးဂိုး ရယူနိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ စီရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလားသွင်းဂိုး ၁၀ ဂိုးအထိ ရသွားခဲ့ပြီဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး တစ်ဂိုး၊ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး တစ်ဂိုး၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး တစ်ဂိုး၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး လေးဂိုး၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး တစ်ဂိုး၊ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး နှစ်ဂိုး သွင်းယူပြီး ကမ္ဘာ့ဖလား ခြောက်ကြိမ်ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ကစားသမားစံချိန်ကို တင်ရှိခဲ့ပါတယ်။