ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပီအက်စ်ဂျီ တိုက်စစ်တောင်ပံကစားသမား ဘာကိုလာကို ပေါင်သန်း ၁၄၀ နဲ့ခေါ်မယ့် လီဗာပူး

July 27, 2026

လီဗာပူးအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်တောင်ပံကစားသမား ဘာကိုလာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၄၀ ပေးချေခေါ်ယူဖို့ စတင်ကြိုးစားနေပြီဖြစ်ကြောင်း သတင်းကြားသိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဘာကိုလာဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် လက်မှတ်ထိုးဖို့ ငြင်းဆိုထားတာကြောင့် သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေဟာ ပိုပြီး လှုပ်ခတ်လာပါတယ်။

ပီအက်စ်ဂျီနဲ့ ဘာကိုလာတို့ရဲ့အကြားမှာ စာချုပ်သက်တမ်း နှစ်နှစ် ကျန်ရှိနေဆဲဖြစ်လို့ ဒီကစားသမားကို သူတို့ဆီမှာပဲ ဆက်လက်ထိန်းသိမ်းထားဖို့ ပီအက်စ်ဂျီက ဆုံးဖြတ်ထားပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နွေဈေးကွက်တုန်းက ဘာကိုလာကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးပြီး အဲ့ဒီကမ်းလှမ်းမှုကို ပီအက်စ်ဂျီဘက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။

အခုတစ်ကြိမ်မှာတော့ လီဗာပူးဟာ ဘာကိုလာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၄၀ အထိ ပေးချေလိုက်ဖို့ ရည်ရွယ်ထားတာကြောင့် ပီအက်စ်ဂျီက ကစားသမားကို ဆက်လက် ထိန်းသိမ်းထားချင်သည့်တိုင် အခြေအနေအရပ်ရပ်က အပြောင်းအလဲဖြစ်သွားနိုင်ခြေရှိနေတယ်လို့ အားကစားရေးရာလေ့လာသူတွေက မှတ်ချက်ပေးထားပါတယ်။