ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ပုံ သတင်း

ထားဝယ်မြို့ပေါ်တွင် အဖိတ်ဥပသကာနေ့ အဖွဲ့စုံနီးပါး ပြန်ထွက်လာ

Dawei Watch

September 4, 2026

ယခုနှစ် ဝါတွင်းကာလ ထားဝယ်မြို့မှာ ဥပသကာအဖွဲ့တွေ အစုံအလင် ပြန်ထွက်လာတယ်လို့ ဥပသကာအသင်းတွေက ဆိုပါတယ်။ ထားဝယ်မြို့တွင်းမှာ အခုနှစ်ဝါတွင်း လှည့်လည်အလှူခံနေတဲ့ ဘုရား၊ စေတီကိုယ်စားပြု၊ ရပ်ကွက်ကိုယ်စားပြု ဥပသကာအဖွဲ့ နှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ Dawei Watch က စုစည်းထားတဲ့ အချက်အလက်အရ သိရပါတယ်။ အခုနှစ်မှာ ကိုဗစ်ကာလကတည်းက ကာလရှည်ကြာ ရပ်နားထားတဲ့ ရှင်ကိုးရှင်စာရင်းဝင် ရှင်ပင်ခရု၊ ရွှေဂူဘုရားသိမ် စတဲ့ ဥပသကာအဖွဲ့တွေလည်း ပြန်ထွက်လာပါတယ်။ လူအင်အား အခက်အခဲကြောင့် ရပ်နားထားခဲ့ရပြီး အခုနှစ်မှာ ဥပသကာအဖွဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ရှိသမျှလူအင်အားနဲ့ ဥပသကာ ပြန်ထွက်ဖြစ်ခဲ့တာလို့ ရှင်ပင်ခရုဘုရား ဥပသကာအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ထားဝယ်မြို့မှာ ဥပသကာအဖွဲ့တွေဟာ ကိုဗစ်ကာလနဲ့ နိုင်ငံရေးပဋိပက္ခတွေအကြား သုံးနှစ်လောက် ရပ်နားခဲ့ရပြီး ၂၀၂၄ ခုနှစ်ခန့်မှစ၍ […]

မဲဆောက်၊ တရုတ်ဘုံကျောင်းက မြန်မာလုပ်သားများကို ဆန်နှင့် စားသောက်ကုန်များ လှူဒါန်း

Dawei Watch

September 3, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တရုတ်ဘုံကျောင်းက ရွှေ့ပြောင်းအလုပ်သမားများနှင့် အကူအညီလိုအပ်နေသူများကို ဆန်‌နှင့် စားသောက်ကုန်များ စက်တင်ဘာလ ၂ ရက်နေ့က လှူဒါန်းခဲ့သည်။ တရုတ်ရိုးရာ ကွယ်လွန်သူ ဘိုးဘေးများနှင့် ဆွေမျိုးများကို အောက်မေ့ပူဇော်သည့်အနေဖြင့် နှစ်စဉ် မြန်မာအလုပ်သမားများကို လှူဒါန်းလေ့ရှိကြောင်း သိရသည်။ လာရောက်တန်းစီသူများကို ဆန်အပါအဝင် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆား၊ ဆေးများကို လှူဒါန်းခဲ့ပြီး မြန်မာအလုပ်သမား ထောင်ချီ လာရောက်ခဲ့ကြောင်း သိရသည်။ Ref: Aung Aung

နိုင်ငံတကာလူငယ်များနေ့ စကားဝိုင်းပြုလုပ်

Dawei Watch

August 12, 2026

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အထိမ်းအမှတ် လူငယ်စကားဝိုင်းတစ်ခုကို တနင်္သာရီတိုင်းလူငယ်ကွန်ရက် (TYN) က Tanintharyi Health Care House တွင် ယနေ့ (ဩဂုတ် ၁၂) ပြုလုပ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ တိုင်းအတွင်း လူငယ်များ၏ တော်လှန်ရေးကဏ္ဍမှ အကြောင်းအရာများကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည့်အပြင် ဒဏ်ရာရ ရဲဘော်များ၏ စိတ်ခံစားချက်များကို မျှဝေခံစားကာ အပြန်အလှန် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။ “လူငယ်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အတူတကွ ပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးဖလှယ်ရင်းနဲ့ အပြန်အလှန် အားပေးကူညီပံ့ပိုးနိုင်တာတွေ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်တာပါ” ဟု TYN ၏ လက်ရှိ ဦးဆောင်ကော်မတီဝင် တစ်ဦးက လူငယ်စကားဝိုင်း ပြုလုပ်ရသည့် […]

ကော့စမွေကျွန်းက မြန်မာများ၏ ဝါဆိုလပြည့်နေ့ နိဗ္ဗာန်ဈေး

Dawei Watch

July 29, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းရှိ ဓမ္မဒီပအန်ကောကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် စတုဒီသာ နိဗ္ဗာန်ဈေးအလှူပွဲကို ယနေ့ (ဇူလိုင် ၂၉) ဝါဆိုလပြည့်နေ့တွင် ကျင်းပနေခြင်းဖြစ်သည်။ နိဗ္ဗာန်ဈေးသို့ လာရောက်သော မြန်မာနိုင်ငံသားများက သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ကြသည်ကို တွေ့ရသည်။ လာရောက်သူများကို စတုဒီသာမုန့်ဆိုင်ပေါင်း ဆယ်ချီဖြင့် ကျွေးမွေးဧည့်ခံနေပြီး ထားဝယ်မုန့်လက်သုပ်၊ ဖာလူဒါ၊ ကြက်ကြော်၊ အကြော်စုံ၊ ပြည်ထမင်းသုပ်၊ အအေးများနှင့် မုန့်အချိုများစွာ ပါဝင်သည်။ နိဗ္ဗာန်ဈေးတွင် မြန်မာဆိုင်းဝိုင်းဖြင့်လည်း တီးခတ်ဖျော်ဖြေနေသလို မီးအကအလှများဖြင့်လည်း ဖျော်ဖြေခဲ့သည်။ ကော့စမွေကျွန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ ရှိနေသဖြင့် မြန်မာအလုပ်သမားများစွာ လာရောက်လုပ်ကိုင်လျက်ရှိသော ကျွန်းဖြစ်သည်။

ထားဝယ်ဘုရားကြီး ဝါဆိုလပြည့်နေ့ မြင်ကွင်းများ

Dawei Watch

July 29, 2026

ထားဝယ်မြို့ ဘုရားကြီးဝင်းအတွင်းရှိ ရွှေတောင်စားစေတီနှင့် လောကမာရဇိန်ရုပ်ပွားတော်တို့တွင် ယနေ့ ဝါဆိုလပြည့် (ဇူလိုင်လ ၂၉ ရက်) ညနေပိုင်း၌ ဘုရားဖူးများ လာရောက်ဖူးမြော်နေသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ဓာတ်ပုံ – Dawei Watch

မဟာချိုင်တွင် ထိုင်းနှင့် မြန်မာများ ဝါဆိုလပြည့်နေ့ အလှူပွဲစုပေါင်းကျင်းပ

Dawei Watch

July 29, 2026

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ထေ့နိုရာရတ်ဘုန်းကြီးကျောင်းတွင် ပြုလုပ်သော ဝါဆိုလပြည့်နေ့ အလှူပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ထိုင်းနှင့် မြန်မာနိုင်ငံသားများ စုပေါင်းကျင်းပခဲ့သည်။ ယနေ့ ဝါဆိုလပြည့်နေ့ နံနက် ၇ နာရီတွင် စတင်ကျင်းပသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ထိုင်းနိုင်ငံသားများ၊ ထိုင်းရောက် မွန်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ ရိုးရာဝတ်စုံများကို ဝတ်ဆင်၍ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထေ့နိုရာရတ်ဘုန်းကြီးကျောင်းသည် မွန်တိုင်းရင်းသားများကြား လူသိများသော ဘုန်းကြီးကျောင်းဖြစ်ပြီး ဝါဆိုလပြည့်နေ့တွင် နေရာအသီးသီးက ထိုင်းနှင့် မြန်မာနိုင်ငံသားများ လှူဖွယ်ဝတ္တုများကို လှူဒါန်းလေ့ရှိကြောင်း ဘုန်းကြီးကျောင်း ဂေါပကအဖွဲ့က ပြောသည်။ “ဒီနေရာမှ ပဋိပက္ခတွေ မရှိပါဘူး။ တိုင်းရင်းသားတွေအားလုံးက ချစ်ချစ်ခင်ခင် နေကြပါတယ်။ ဘာသာရေး အခမ်းအနားတွေကလည်း စည်းလုံးမှုအားကို ပြသနေတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ အခမ်းအနားတွင် ငွေပဒေသာပင်များကို […]

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှု တနင်္သာရီမှ တော်လှန်ရေးအင်အားစု များပြုလုပ်

Dawei Watch

June 19, 2026

တနင်္သာရီတိုင်း အတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ပညာရေးအဖွဲ့အစည်း အချို့က ယနေ့ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ထားဝယ်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း က ရဲဘော်များမှ မွေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်း တို့ ပြုလုပ်ခဲ့သည်။ လောင်းလုံးမြို့နယ် ပညာရေးဘုတ်အဖွဲ့ ကလည်း မွေးနေ့အထိမ်းအမှတ် ကံ့ကော်ပင်စိုက်သည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ မြိတ်ခရိုင် ၊ ပုလောမြို့နယ်တွင်လည်း ပညာရေးဘုတ်အဖွဲ့၏ စီမံမှုအောက်ရှိ မြေပြင်ကျောင်းသုံးကျောင်းတွင်လည်း ကဗျာရွတ်ဆိုခြင်း ၊ ဆုတောင်းမေတ္တာပို့ခြင်း ၊ နှင်းဆီပန်းများ ပန်ဆင်၍ ဓာတ်ပုံ ကမ်ပိန်းများပြုလုပ်ခြင်း ၊ မွေးနေ့ကိတ် ခွဲခြင်းများ ပြုလုပ်ခဲ့သည် ။ ဘုတ်ပြင်းမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ […]

မြန်မာနိုင်ငံက သတ္တုတူးဖော်မှုများကြောင့် ထိုင်းမြောက်ပိုင်း မြစ်ရေညစ်ညမ်းမှု ဖြေရှင်းပေးရေး တောင်းဆို

Dawei Watch

June 4, 2026

မေလ ၃၁ ရက်နေ့က ချင်းမိုင်ခရိုင် မယ်အိုင်ဒေသမှစ၍ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ဇွန်လ ၅ ရက်နေ့တွင် ချင်းရိုင်ခရိုင် မယ်ယောင်ဒေသ နမ့်ခုတ်မြစ်တံတား၌ ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။