ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့စမွေကျွန်းက မြန်မာများ၏ ဝါဆိုလပြည့်နေ့ နိဗ္ဗာန်ဈေး

July 29, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းရှိ ဓမ္မဒီပအန်ကောကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် စတုဒီသာ နိဗ္ဗာန်ဈေးအလှူပွဲကို ယနေ့ (ဇူလိုင် ၂၉) ဝါဆိုလပြည့်နေ့တွင် ကျင်းပနေခြင်းဖြစ်သည်။

နိဗ္ဗာန်ဈေးသို့ လာရောက်သော မြန်မာနိုင်ငံသားများက သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ကြသည်ကို တွေ့ရသည်။

လာရောက်သူများကို စတုဒီသာမုန့်ဆိုင်ပေါင်း ဆယ်ချီဖြင့် ကျွေးမွေးဧည့်ခံနေပြီး ထားဝယ်မုန့်လက်သုပ်၊ ဖာလူဒါ၊ ကြက်ကြော်၊ အကြော်စုံ၊ ပြည်ထမင်းသုပ်၊ အအေးများနှင့် မုန့်အချိုများစွာ ပါဝင်သည်။

နိဗ္ဗာန်ဈေးတွင် မြန်မာဆိုင်းဝိုင်းဖြင့်လည်း တီးခတ်ဖျော်ဖြေနေသလို မီးအကအလှများဖြင့်လည်း ဖျော်ဖြေခဲ့သည်။

ကော့စမွေကျွန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ ရှိနေသဖြင့် မြန်မာအလုပ်သမားများစွာ လာရောက်လုပ်ကိုင်လျက်ရှိသော ကျွန်းဖြစ်သည်။