BREAKING
July 27, 2024
EN MM

ဖျော်ဖြေရေး

လူငယ်များ မဲပေးရေးအတွက် သီချင်းဆိုပြိုင်ပွဲ

diz_admin

September 22, 2020

လူငယ်များ မဲလာပေးရေးအတွက် ဦးတည်တဲ့ သီချင်းဆိုပြိုင်ပွဲကို စက်တင်ဘာလ ၁၆ ရက်ကနေ နောက်လ အောက်တိုဘာ ၉ ရက်နေ့အထိ ကျင်းပဖို့ ရှိနေပါတယ်။ The International Foundation for Electoral Systems(IFES) က ဦးဆောင်ကျင်းပနေတာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အတွင်း မြန်မာနိုင်ငံတစ်ဝန်းက မည်သူမဆို ဝင်ပြိုင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်သံစဉ်သီချင်းဖြစ်ဖို့တော့ လိုပါမယ်။ ဂီတအမျိုးအစားမျိုးစုံ ပါဝင်ယှဉ်ပြိုင် ခွင့်ရှိပါတယ်။ တစ်ခုရှိတာက လာမယ့်ရွေးကောက်ပွဲမှာ လူငယ်တွေ မဲသွားပေးဖို့ အားပေးတာနဲ့ ဒီမိုကရေစီစနစ်မှာ လူငယ်တွေရဲ့ ဆန္ဒမဲဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာတွေကို သီချင်းစာသားထဲမှာ ပေါ်လွင်အောင် ထည့်သွင်းရေးဖွဲ့ဖို့ လိုတယ်လို့ အစီအစဉ်ကို ဦးဆောင်သူတွေက စည်းကမ်းသတ်မှတ် ထားပါတယ်။ […]

သင်္ဘောသားနဲ့ ပင်လယ်ခုနှစ်စင်း

diz_admin

August 15, 2020

ကိုအောင်းမျိုးက ထားဝယ်မြို့ ပိန္နဲတောနဲ့ ပုံကျွန်းရပ်ကွက်တွေမှာနေခဲ့တာပါ။ ကိုးတန်းအောင်ပြီးတော့မှ ရန်ကုန်ကို ပြောင်းသွားလိုက်ပြီးတော့ အဲဒီမှာပဲ ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး ရေကြောင်းတက္ကသိုလ်ကျောင်းသားဖြစ်လာခဲ့တာပါ။ ရေကြောင်းတက္ကသိုလ်ကျောင်းသားဘဝက ဝါသနာတူသူငယ်ချင်းတွေပေါင်းပြီး ဆိုတီးကြရင်းနဲ့ အခု ၂၀၂၀ ပြည့်နှစ်ထဲရောက်တော့မှ သူ့ရဲ့ပထမဆုံး ပင်လယ်ခုနှစ်စင်းကို အခွေအဖြင့်နဲ့ ပရိတ်သတ်ဆီအရောက်ပို့နိုင်ခဲ့တာလို့ ဆိုပါတယ်။ “စပြီးသီးချင်းတွေလုပ်နေတာကကြာပြီ ၂၀ဝ၈ ကတည်းက စတာကို။ အခုမှ အခွေအဖြင့် ပင်လယ်ခုနှစ်စင်းဆိုပြီး ဖြစ်လာတာ” ဟု ကိုအောင်မျိုးက ဆိုသည်။

ထားဝယ်သားရဲ့ ပင်လယ်ခုနစ်စင်း

diz_admin

August 11, 2020

ကျောင်းခန်းထဲမှာ သီချင်းဆိုလို့ အရိုက်ခံခဲ့ရတဲ့အဆိုတော်လို့ ပြောရင် ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး လွှမ်းမိုးကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း အရိုက်ခံခဲ့ရတာဟာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့လိုပဲ အဆိုတော်ဖြစ်ဖို့ ဝါသနာကြီးလွန်းတဲ့ လူငယ်တွေများစွာ ရှိခဲ့ကြ ပါလိမ့်မယ်။ ကွမ်းသမားနှင့် ကိုဗစ် အဲဒီထဲမှာ ထားဝယ်သား ကိုအောင်မျိုးလည်း ပါဝင်ပါတယ်။ အခုဆိုရင် ကိုအောင်မျိုးဟာလည်း ဂီတရပ်ဝန်းထဲမှာ သူ့ရဲ့ပထမဆုံးမှတ်တိုင်ကို စိုက်ထူဖို့ အသင့်ဖြစ်နေပါပြီ။ သူရဲ့ တီးဝိုင်းဖြစ်တဲ့ Chaos နဲ့အတူ ဖန်တီးပုံ ဖော်ထားတဲ့ “ပင်လယ်ခုနစ်စင်း” သီချင်းခွေဟာ ဒီတစ်ပတ်ထဲမှာ ထွက်လာတော့မှာပါ။ The Sun Music ကနေ သြဂုတ်လ ၁၆ ရက်မှာ စဖြန့်မှာဖြစ်ပါတယ်။ လူနှင့်လမ်း၊ ပင်လယ်ခုနစ်စင်း၊ ခရီးရှည်၊ နေရာအမှား၊ တခုတ်တရအိမ်မက်များ၊ စတဲ့သီချင်းတွေ […]

မြိတ်ရှိ စောင့်ကြည့်ရေးစခန်းများတွင် တေးဂီတဖြင့် လိုက်လံဖျော်ဖြေ

diz_admin

April 9, 2020

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေး မြိတ်မြို့တွင် စခန်းသွင်း စောင့်ကြည့်ခံထားရသော ပြည်တော်ပြန်များအား တေးဂီတဖြင့် လိုက်လံဖျော်ဖြေနေကြောင်း သိရသည်။ မြိတ်မြို့ရှိ အပျော်တမ်းတေးဝိုင်းများဖြစ်ကြသည့် G 2 Music အဖွဲ့၊ Golden Hill တေးဂီတအဖွဲ့ နှင့် လုပ်ငန်းရှင်တစ်ဦးတို့ ဦးဆောင်ကာ ယင်းစခန်းများသို့ ည ၇ နာရီမှ ည ၁၀ နာရီအထိ တေးဂီတများ သီဆိုကာ လိုက်လံဖျော်ဖြေ နေခြင်းဖြစ်သည်။ “အားငယ်နေသူတွေကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ လာရောက်ဖျော်ဖြေနေတာပါ”ဟု တီးဝိုင်းခေါင်းဆောင် တစ်ဦးကပြောသည်။ မြိတ်မြို့နယ်အတွင်း အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်း၊ မြိတ်တက္ကသိုလ်၊ ကျောက်ဖျာကျေးရွာနှင့် မဇောကျေးရွာတို့တွင် စောင့်ကြည့်ရေးစခန်းများရှိပြီး ယင်းအဖွဲ့အနေဖြင့် အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်းတွင် နှစ်ညဆက်တိုက် ဖျော်ဖြေခဲ့ပြီးဖြစ်သည်။ ဧပြီလ ၉ ရက်နေ့ ညတွင် မြိတ်တက္ကသိုလ်စောင့်ကြည့်ရေးစခန်းတွင် ဖျော်ဖြေခဲ့ကြခြင်း ဖြစ်သည်။ ဓာတ်ပုံ_ကိုဆန်း