ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
• စစ်ဘေးရှောင်ကူညီနေတဲ့ လူငယ်သုံးဦးနဲ့ ဒေသခံတစ်ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးသတ်ဖြတ်
• မောတောင် စစ်ရှောင်တွေ နေရပ်ပြန်ဖို့ စစ်အာဏာရှင်တပ် ဖိအားပေး
• အရပ်သားကား ချောဆွဲလာတဲ့ စစ်အာဏာရှင်တပ် ရေဖြူမှာ မိုင်းဆွဲခံရ
• ကမ်းဝေးငါးဖမ်းလှေတွေ ကမ်းနီးဝင်ဖမ်းတာ ပိုအတင့်ရဲလာလို့ ကမ်းနီးငါးဖမ်းလှေတွေ အခက်တွေ့ တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် ” စစ်အုပ်စုရဲ့ အာဏာမြဲရေး လှိုင်းဒဏ်ကြား အသက်ဆုံးရှုံးနေရတဲ့ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစများ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






