ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
- ထားဝယ်ကနေ ကော့သောင်းကို လေယာဉ်နဲ့သွားရင် လမ်းကြောင်းရှင်းခ ကျပ်ငါးသိန်းအထိပေးရ
- ဇွန်လထဲ တနင်္သာရီတိုင်းက လူငယ် ၂၀၀ လောက် စစ်မှုထမ်းစုဆောင်းခံရ
- တနင်္သာရီတိုင်းက စစ်အာဏာရှင်တပ်သားခြောက်ဦး KNU ဆီ ဘက်ပြောင်း
- စစ်အာဏာရှင်တပ်က ပလမြို့ကို ဆန်သယ်ခွင့်ပိတ်ထားလို့ ဒေသတွင်းဆန်ကိုပဲ အားထားနေရ
- တနင်္သာရီ စစ်ဘေးရှောင်တွေ ငှက်ဖျားနဲ့ တုပ်ကွေးအဖြစ်များပြီး ဆေးကုသဖို့ခက်ခဲနေ
- ဒေသတွင်း အမျိုးသားနည်းလာလို့ ငါးဖမ်းရာသီပြန်ဖွင့်ချိန် ရေလုပ်သားရှားပါး
- ကော့သောင်း-ရနောင်း ပဲ့ချိတ်ခ ဘတ် ၃၀ ဈေးတက်တဲ့သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
- ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် ” ဒုစစ်ခေါင်းဆောင် ခရီးစဉ်အလွန် တနင်္သာရီရဲ့ စစ်ရေး ဘယ်ကိုဦးတည်နေလဲ ” ဆိုတဲ့ အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






