ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
• ထားဝယ်အထူးစီးပွားရေးဇုန်ထဲ စစ်ကြောင်းဝင်လာပြန်လို့ ဒေသခံတွေ ထပ်ထွက်ပြေးရ
• ကံပေါက်မှာ ဒယ်လ်ကိုကုမ္ပဏီ သတ္တုလုပ်ငန်းတိုးချဲ့နေတဲ့အပေါ် KBDF သတိပေး
• စစ်အာဏာရှင်တပ်က သကန်ရွာဟောင်းနေ ပြည်သူတွေကိုခြိမ်းခြောက်ပြီး ရွာလုံးကျွတ် ပြောင်းခိုင်း
• မြိတ်မှာ စစ်အာဏာရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က တိုက်ခိုက်
• တနင်္သာရီရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး
• တနင်္သာရီ သဲဖြူရွာဟောင်းမှာ စစ်အာဏာရှင်တပ် မိုင်းဆွဲခံရပြီး ပစ်ခတ်မှုဖြစ်
• စစ်အာဏာရှင်တပ်က ရတနာပုံလမ်းပိုင်းရှိ နေအိမ် ၃ လုံးကို မီးရှို့တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “သတ္တုမိုင်းတွေဝေ၊ မြစ်တွေသေ၊ ဝမ်းစာခက်လာတဲ့ ပြည်သူတွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






