ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

August 29, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

• ထားဝယ် ရေဝိုင်းချောင်းရှိ သတ္တုလုပ်ကွက်တွေ အပြီးပိတ်သိမ်းဖို့ DNLA ညွှန်ကြား

• တနင်္သာရီတိုင်းရှိ ရှောင်ကွင်း ကုန်သွယ်လမ်းတွေကို တင်းကျပ်မယ်လို့ စစ်အစိုးရပြော

• သရက်ချောင်းက ဥယျာဉ်ခြံနဲ့ တောတောင်ထဲ စစ်ရှောင်နေသူတွေ စားရေးနေရေး အခက်ကြုံ

• ကြေးနန်းတိုင်ဂိတ်နဲ့ ဇဝဲရွာဂိတ်မှာ စစ်အာဏာရှင်တပ်က အစစ်အဆေးတင်းကျပ်

• စစ်အာဏာရှင်တပ်က မောတောင်မြို့ကို အင်အားဖြည့်ပြီးနောက် စစ်ဘေးရှောင်နေရာတွေကို နယ်မြေရှင်း
တဲ့သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် ” သူခိုးစျေးနဲ့ ရောင်းစားခံနေရတဲ့ တနင်္သာရီတိုင်းက စီမံကိန်းများ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။