ရေဘေး၊ လူဘေး၊ ဈေးကွက်ဘေးတွေအကြားက တနင်္သာရီ
▹ စိုးရိမ်ရေမှတ်ကျော်လာတဲ့ တနင်္သာရီမြစ်ရေ
▹ ပြည်သူတွေကို အမျိုးစုံညှဉ်းပန်းနေတဲ့ စစ်အာဏာရှင်တပ်
▹ ကံပေါက် ဒယ်လ်ကိုသတ္တုမိုင်း သတိပေးခံရ
▹ ကွမ်းသီးခြောက် ဈေးတက်မလား၊ ခြံပဲရောင်းရတော့မလား
▹ ထားဝယ်-မြိတ်-ကော့သောင်း အမြန်ရေယာဉ်ခရီးစဉ်တွေ ပိတ်ထား
စစ်အာဏာရှင်တပ်က ပြည်သူတွေကိုဖမ်းပြီး လူသားဒိုင်းလုပ် ညှဉ်းပန်းနေတဲ့ အခြေအနေ၊ တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လာလို့ ရေဘေးအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ၊ ဒေသခံတွေအပေါ် ဆိုးကျိုးသက်ရောက်နေတဲ့ ဒယ်လ်ကိုသတ္တုမိုင်းနဲ့ပတ်သက်လို့ ဒေသကာကွယ်ရေးတပ်က သတိပေးလိုက်တဲ့ သတင်းတွေနဲ့အတူ တနင်္သာရီတိုင်းထဲက ထူးခြားသတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။






