ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

အိမ်ခွံပဲကျန်ပြီ – လုယက်၊ ဖျက်ဆီးခံ ကျေးရွာများ

Dawei Watch

September 5, 2026

စစ်အာဏာရှင်တပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာတိုင်း ဒေသခံတို့၏ နေအိမ်များ ဖောက်ထွင်းခံရခြင်း၊ တန်ဖိုးရှိ ရွှေငွေ၊ ဆိုင်ကယ်မှအစ အိမ်တွင်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် အသုံးအဆောင်များပါမကျန် အဓမ္မ လုယက်ယူဆောင်ခံရခြင်းတို့ကို တနင်္သာရီတိုင်းက ပြည်သူများ ရင်ဆိုင်နေရသည်။ ပစ္စည်းများယူဆောင်၍မရပါကလည်း ရိုက်နှက်ဖျက်ဆီးသွားလေ့ရှိရာ ချွေးနည်းစာဖြင့် ရှာဖွေစုဆောင်းထားသည့် ပြည်သူများ၏ ပိုင်ဆိုင်မှုအားလုံးမှာ တစ်ခဏအတွင်းမှာပင် ဆုံးရှုံးသွားရသည်။ ယင်းပိုင်ဆိုင်မှုများမှာ အလွယ်တကူ ရရှိခဲ့သည့်မျိုး မဟုတ်ဘဲ မိသားစုဝင်များ ဘဝတစ်ခုလုံးနီးပါး အားစိုက်ကြိုးစားရှာဖွေထားရခြင်းဖြစ်သည်။ ထိုင်း၊ မလေးရှားကဲ့သို့သော နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ သွားရောက်လုပ်ကိုင်ပြီးမှ ရရှိလာသည့် ဥစ္စာပစ္စည်းများလည်းဖြစ်သည်။ သို့သော် ယင်းပိုင်ဆိုင်မှုများမှာ စစ်အာဏာရှင်တပ်စစ်ကြောင်းတစ်ခေါက် ဝင်ရောက်လာချိန်တွင် အရာအားလုံး ပျက်စီးဆုံးရှုံးသွားကြရသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖျက်ဆီးလုယက်နေသော အခြေအနေများကို သိရှိနိုင်ရန် ကိုယ်တိုင်ကြုံတွေ့သူများ၊ မျက်မြင်များကို မေးမြန်းပြီး ယခုတစ်ပတ် […]

လူရာမဝင်တဲ့ စစ်အုပ်စုရဲ့ စျေးဗန်းထဲက တနင်္သာရီစီမံကိန်းများ

Dawei Watch

August 22, 2026

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ စီမံကိန်းကြီးများ လုပ်ခွင့်ရဖို့အရေး နိုင်ငံတကာ ကုမ္ပဏီကြီးများက အပြိုင်အဆိုင်ကြိုးပမ်းလာကြသည်။ အာဏာသိမ်းစစ်အုပ်စုကို ဒီမိုကရေစီနိုင်ငံကြီးများက ပိတ်ဆို့ဒဏ်ခတ်မှုများ လုပ်ဆောင်ထားသလို အာဆီယံ၊ UN (ကုလသမဂ္ဂ)ကဲ့သို့ အဖွဲ့အစည်းကြီးများကလည်း တရားဝင်မှု မပေး။ ယင်းသို့ စစ်အုပ်စုက လူရာမဝင်ဖြစ်နေချိန်တွင် စီမံကိန်းကြီးများကို အချောင်စျေးဖြင့် ရမည်ဖြစ်၍လည်း ယင်းကုမ္ပဏီကြီးများက စိတ်ဝင်စားနေကြခြင်းဖြစ်သည်။ စစ်အုပ်စုက တနင်္သာရီတိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်၊ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း၊ ထားဝယ်-ထီးခီးစင်္ကြံလမ်းစီမံကိန်းများက အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသလို ပုစွန်မွေးမြူရေးလုပ်ငန်း၊ ပုလဲမွေးမြူရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်ရှိနေသည်။ ထို့အပြင် အိန္ဒိယနိုင်ငံကလည်း ဆိပ်ကမ်းစီမံကိန်းလုပ်ရန် စိတ်ဝင်စားမှုမြင့်နေပြီး အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယသံအမတ်က တနင်္သာရီတိုင်းအတွင်းသို့ အခေါက်ခေါက်အခါခါ ရောက်နေသည်။ စစ်တပ်က အာဏာသိမ်းထားပြီး အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသည့်နိုင်ငံ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့်နိုင်ငံ၊ ပြည်သူများကို နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့်နိုင်ငံတွင် […]

တောင်ပိုင်းသားတွေရဲ့ ရေတံခွန် တမ်းချင်း

Dawei Watch

August 21, 2026

မိုးရာသီရောက်ရှိလာပြီဆိုရင် စိမ်းစိုနေတဲ့ တောင်တန်းတွေကြား သဘာဝရေတံခွန်တွေဆီ အုပ်စုလိုက် သွားရောက်အပန်းဖြေတာဟာ ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်းသားတွေရဲ့ နေထိုင်မှုဓလေ့တစ်ခုပါ။ နွေရာသီဆိုရင် ပင်လယ်ကမ်းခြေတွေဆီသွားပြီး လေကောင်းလေသန့်ရှူကြ၊ ရေကူးကြ၊ မိုးရာသီဆိုရင် တောင်ကျရေတံခွန်တွေဆီ သွားကြပြီး အပန်းဖြေကြနဲ့ ဒီလိုနဲ့ နေသားကျနေခဲ့တာပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ ဒေသတွင်း မတည်ငြိမ်မှုတွေ၊ စစ်ကြောင်းထိုးတာတွေ၊ စစ်အာဏာရှင်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ စတဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်သူတွေရဲ့ ဘဝတွေက အရင်ကလို မလွတ်လပ်မလွယ်ကူတော့ဘဲ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရှင်သန်နေကြရပါတယ်။ အဲဒီအပြင် စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ပေါ်လာတဲ့ မလုံခြုံမှု၊ လူမှု၊ စီးပွား အထွေထွေအကျပ်အတည်းတွေအကြား လူငယ်အများအပြား ပြည်ပကို ထွက်ခွာသွားကြရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း မိုးရာသီမှာတော့ နေ့စဉ်ရင်ဆိုင်နေရတဲ့ မွန်းကျပ်မှုတွေ၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို ခေတ္တခဏ မေ့ဖျောက်ဖို့အတွက် […]

တနင်္သာရီဒေသထွက်မုန့်တွေ နေဝင်ချိန်ရောက်ပြီလား

Dawei Watch

August 16, 2026

ထားဝယ်အပါအဝင် တနင်္သာရီတိုင်းက ဒေသအသီးသီးမှာ သူ့နေရာနဲ့သူ၊ သူ့ဒေသနဲ့သူ လက်လုပ်မုန့်တွေ၊ ရိုးရာမုန့်တွေ တော်တော်များပါတယ်။ လက်ရှိကာလမှာတော့ ဒေသထွက်မုန့်ဈေးကွက်ဟာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်တာ၊ စစ်ဘေးရှောင်ရတာ စတဲ့ အဖက်ဖက်က အကျပ်အတည်းတွေကြောင့် စိန်ခေါ်မှု ကြီးကြီးမားမား ရင်ဆိုင်နေရပါပြီ။ ခေတ်ရေစီးကြောင်းအရ အခုဆိုရင် လူငယ်တွေဟာ ဒေသထွက်ရိုးရာမုန့်တွေထက် Ready-made အသင့်စားမုန့်တွေ၊ ဟမ်ဘာဂါ၊ ပီဇာ၊ ကိုကာကိုလာတို့လို အနောက်တိုင်း အစားအစာတွေကို ပိုမိုနှစ်သက်လာကြပါတယ်။ ကျောင်းတွေမှာလည်း ဒေသလက်လုပ်မုန့်ထက် အသင့်စားမုန့်တွေသာ နေရာပိုယူလာကြတာပါ။ လူကြီးပိုင်းတွေလည်း ကျန်းမာရေးအသိအရ ဆီးချို၊ သွေးတိုး ရန်ကိုကြောက်လို့ အချိုကဲတဲ့ ဒေသမုန့်တွေကို စားသုံးတာ လျှော့ချလာကြပါတယ်။ နယ်ဘက်က ရွာတွေမှာလည်း မကြာခဏ စစ်ဘေးရှောင်နေရလို့ ခြောက်ကပ်နေတာကြောင့် ဒေသထွက်မုန့်ရောင်းတဲ့သူတွေ သိသိသာသာကို နည်းလာကြပါတယ်။ မုန့်လုပ်ရောင်းတဲ့သူဘက်က […]

အမှတ်သညာနှင့် အက္ခရာ

Dawei Watch

August 9, 2026

ဇွန်လနှောင်းပိုင်းကတည်းက စဖတ်ပြီး မပြီးနိုင်မပြတ်နိုင်ဖြစ်နေသော Yuval ၏ ထူထူထဲထဲ ဆေပီယန်စ် (Sapiens) စာအုပ်သည် ဩဂုတ်လအစတွင်မှပြီးသည်။ ထိုစာအုပ်ကို ညီနောင်(Humber) က ဘာသာပြန်ဆိုပါသည်။ ၎င်းအပြီး နောက်တစ်အုပ်အနေဖြင့် ခင်ခင်ထူး၏ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဖတ်ကာ ကိုကျီးညိုနှင့် မခင်နှောင်းတို့ နှစ်ဦးသားဘဝအတွက် မျက်ရည်စို့ရသည်။ Yuval ၏ ဆေပီယန်စ်မတိုင်မီက Jared Diamond ၏ “သေနတ်များ ရောဂါပိုးများနှင့် သံမဏိ – လူ့အဖွဲ့အစည်းတို့၏ ကံကြမ္မာများ” ကို ဖတ်ဖြစ်သည်။ ထိုစာအုပ်ကိုလည်း ညီနောင်(Humber) ကပဲ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ ထိုနှစ်အုပ် Sapiens နှင့် Guns, Germs & Steel တို့မှ လူသားမျိုးနွယ်၏ သိမှုဆိုင်ရာတိုးတက်ပြောင်းလဲမှုများ၊ ကိုးကွယ်ယုံကြည်မှုများကို ဖတ်မှတ်ခဲ့ရပြီး ခင်ခင်ထူး၏ […]

စစ်အုပ်စု၏ ပုံရိပ်ယောင် ကျေးလက်ကျန်းမာရေး

Dawei Watch

July 26, 2026

စစ်အာဏာသိမ်းပြီးနောက်တွင် ကျန်းမာရေးကဏ္ဍတစ်ခုလုံး ကမောက်ကမ ဖြစ်လာပြီး မြို့ပြနှင့် အလှမ်းဝေးသော ဒေသများတွင် ဆေးဝါးပြတ်လပ်သည်အထိ ဖြစ်လာသည်။ စစ်အာဏာသိမ်းမှုမှာ ၅ နှစ်ကျော်လာသော်လည်း ကျေးလက်ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှု ရပ်ဆိုင်းနေဆဲဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် မွေးကင်းစ ကလေးများအတွက် အခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေကြရသည်။ မြို့ပြနှင့် အလှမ်းမဝေးသည့် ဒေသများမှာ မြို့ပေါ်ဆေးရုံများကို သွားရောက်၍ ဆေးကုသနိုင်သည် ဆိုသော်လည်း သွားလာရာတွင် အခက်အခဲများစွာ ကြုံကြရသည်။ လမ်းခရီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်း၊ စစ်အာဏာရှင်တပ်၏ စစ်ဆေးရေးဂိတ်များတွင် အကြောင်းမဲ့ ဖမ်းဆီးအရေးယူခြင်း၊ အချို့သော ဒေသများတွင် သွားလာခွင့် ပိတ်ပင်ထားခြင်းတို့ကို ကြုံနေကြရသည်။ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများမှာမူ ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက် အခြေအနေကိုပင် ရင်ဆိုင်နေကြရသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် မွေးကင်းစ ကလေးများအတွက် […]

အရပ်သားတွေအတွက် ဒုက္ခအိုးဖြစ်လာတဲ့ ထားဝယ် SEZ

Dawei Watch

July 21, 2026

လုပ်ငန်းတွေ နှစ်များစွာရပ်နားနေခဲ့တဲ့ ထားဝယ်အထူးစီးပွားရေးဇုန် (Dawei SEZ) စီမံကိန်းဧရိယာက အခုဆိုရင် စစ်အာဏာရှင်တပ်ရဲ့ အင်အား ထောင်ဂဏန်းနဲ့ စစ်ကြောင်းရက်ရှည်ထိုးတာကြောင့် လှုပ်လှုပ်ရွရွ ပြန်ဖြစ်လာပါတယ်။ စစ်အုပ်စုက ရုရှားနဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုပေမယ့် မရေရာတဲ့ အခြေအနေမှာ ရှိနေဆဲမှာပဲ စစ်အုပ်စုက စစ်ကြောင်းထိုးလာတာပါ။ ဒါကြောင့်လည်း စီမံကိန်းဇုန်ထဲရှိ ကျေးရွာတွေက ဒေသခံထောင်ပေါင်းများစွာက ဝရုန်းသုန်းကားဖြစ်နေပြီး ဒုက္ခပင်လယ် ဝေနေရပါတယ်။ သူတို့က အိုးအိမ်စွန့်ခွာထွက်ပြေးနေရသလို နေအိမ်မီးရှို့ခံရတာ၊ အိမ်တွေကိုဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေ ယူဆောင် ခံရတာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာတွေနဲ့ လောကငရဲ ကျရောက်ခဲ့ကြပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ပထဝီဝင် ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ရေဖြူမြို့နယ် နဘုလယ်တိုက်နယ်အတွင်း အဓိကတည်ရှိပါတယ်။ စီမံကိန်း အရှေ့ဘက်မှာ ရေး-ထားဝယ်ပြည်ထောင်စုလမ်းမ၊ အနောက်ဘက်မှာ ကပ္ပလီပင်လယ်ရှိပြီး ထိုင်းနယ်စပ်နဲ့ ၁၃၂ ကီလိုမီတာလောက် ဝေးကွာပါတယ်။ […]

ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများကို မိုးထိုးမီတာခဖြင့် ကြိုဆိုပါသည်

Dawei Watch

July 7, 2026

မုတ္တမပင်လယ်ကွေ့ကနေ တနင်္သာရီကမ်းရိုးတန်းတလျှောက် နှစ်စဉ် အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီ ဝင်ငွေရရှိနေတဲ့ သဘာဝဓာတ်စီမံကိန်းတွေရှိနေပါတယ်။ အဓိကစီမံကိန်းတွေကတော့ ရတနာ၊ ရဲတံခွန် နဲ့ ဇောတိက စီမံကိန်းကြီး သုံးခုအပြင် ယခုနောက်ဆုံး M15 လုပ်ကွက်နေရာမှာရှာတွေ့ခဲ့တဲ့ အကြီးဆုံးဓာတ်ငွေ့တွင်းကြီး လည်းရှိနေပါတယ်။ ဒီလို စီမံကိန်းကြီးတွေရဲ့ အရှေ့ဘက်က တနင်္သာရီတိုင်းဟာ မြန်မာနိုင်ငံမှာ လျှပ်စစ်မီတာခကို အမြင့်ဆုံးအခြေအနေထိ ၁၀ စုနှစ် နှစ်ခုကျော် တစ်နင့်တစ်ပိုးပေးနေရတဲ့ ဒေသဖြစ်ပါတယ်။ ဒီနေ့ အထိပါပဲ။ ရတနာ နဲ့ ရဲတံခွန် စီမံကိန်းကိုတော့ နဝတ/နအဖ လက်ထက်မှာစတင်ခဲ့တယ်။ ဇောတိက စီမံကိန်းကိုတော့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာစတင်ခဲ့ပါတယ်။ မုတ္တမပင်လယ်ကွေ့က ရတနာ ဓာတ်ငွေ့သိုက်ကို ၁၉၈၂ မှာ စတွေ့ခဲ့ပြီး ပြင်သစ်ပိုင် TotalEnergies၊ အမေရိကန်ပြည်ထောင်စုပိုင် Chevron နဲ့ မြန်မာ့ရေနံ နှင့် […]