မိုးသည်းဒေသ စစ်ပြင်းမြေက စစ်ရှောင်များ
Dawei Watch
June 6, 2026မေလလယ်ကစပြီး မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းဆီ မုတ်သုန်လေ စတင်ဝင်ရောက်ကာ မိုးရာသီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ မိုးဦးကျကာလနှင့်အတူ မိုးသက်မုန်တိုင်းများ တိုက်ခတ်နေသော်လည်း စစ်အာဏာရှင်တပ်၏ စစ်ကြောင်းထိုးမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများမှာ အရှိန်လျော့မသွားသည့်အပြင် ပိုမိုပြင်းထန်လာနေသည်။ တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားခဲ့သည့် ထားဝယ်ခရိုင်အတွင်းရှိ ဝင်းဝစခန်းနှင့် ထိုင်း-မြန်မာနယ်စပ်က မောတောင်စခန်းတို့ကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်၏ ထိုးစစ်အရှိန်မှာ သိသိသာသာ မြင့်တက်လာသည်။ လက်ရှိတွင် ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ် စသည့် မြို့နယ်လေးခုစလုံး၌ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလျက်ရှိပြီး၊ ဒေသခံများမှာ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ဆက်တိုက်ကြုံတွေ့နေရသည်။ တိုက်ပွဲများအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရရုံမျှမက စားနပ်ရိက္ခာအတွက် အဓိကသိုလှောင်ထားသော စပါးကျီများပါ မီးလောင်ပျက်စီးခဲ့ရသဖြင့် ရိက္ခာပြတ်လတ်မှု ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အလားတူပင် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင်လည်း မိုးဦးကျကာလအထိ စစ်ကြောင်းထိုးမှုများနှင့် […]


