တနင်္သာရီဘိုးဘိုးကြီး၏ ၂၀၂၆ သင်္ကြန်စာ
Dawei Watch
April 13, 2026တနင်္သာရီဘိုးဘိုးကြီးသည် ကျည်ကာဝတ်ရုံတော်ခြုံလျက် တိုက်လေယာဉ်ပျံစီးကာ ညာဘက်လက်က မီးတုတ်ကိုင်ပြီး ဘယ်ဘက်လက်က ဒရုန်းကွန်ထရိုးကိုင်လျက် ဆင်းအံ့။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါတနင်္သာရီဘိုးဘိုးကြီးသည် ကျည်ကာဝတ်ရုံတော်ခြုံလျက် တိုက်လေယာဉ်ပျံစီးကာ ညာဘက်လက်က မီးတုတ်ကိုင်ပြီး ဘယ်ဘက်လက်က ဒရုန်းကွန်ထရိုးကိုင်လျက် ဆင်းအံ့။
ပိတောက်ရနံ့သင်းပြီး ပျော်ရွှင်မြူးကြွရတဲ့ အတာသင်္ကြန်ဟာ အခုတော့ စစ်ရနံ့ပဲသင်းနေလို့ မပျော်နိုင်ခဲ့တာ ကြာလှပါပြီ။ စစ်ယူနီဖောင်းကိုချွတ်၊ တိုက်ပုံ ခေါင်းပေါင်းလဲပြီး အသွင်ပြောင်းရုံ ပြောင်းထားတဲ့ စစ်ခေါင်းဆောင်ဟာ သမ္မတရာထူး ရယူပြီး သူတို့ ထိန်းချုပ်ဒေသတွေမှာ အခုနှစ်မှာ သင်္ကြန်ကို အရမ်းစည်ကားအောင်လုပ်ပြီး အောင်ပွဲခံဖို့၊ တည်ငြိမ်အေးချမ်းပြီလို့ နိုင်ငံတကာကို မျက်လှည့်ပြဖို့ ကြိုးပမ်းနေပါတယ်။ မြို့ပြရဲ့ အခြားတစ်ဖက်ခြမ်းဖြစ်တဲ့ ကျေးလက်ဒေသတွေမှာတော့ တိုက်ပွဲတွေ၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ၊ စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ် မီးရှို့မှုတွေကြား အရပ်သားပြည်သူတွေဟာ ပျော်ဖို့နေနေသာ သင်္ကြန်ကို စိတ်အေးအေးပင် ဖြတ်သန်းနိုင်ဖွယ်မရှိ။ FE5 Tanintharyi သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းအတွင်းမှာ တိုက်ပွဲနဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် အခုနှစ် မတ်လအထိ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ စစ်ဘေးရှောင် ရှစ်သောင်းနီးပါးရှိနေတယ်လို့ […]
အရှေ့လယ်ပိုင်းတွင်ဖြစ်ပွားနေသည့် စစ်ပွဲက တစ်လကျော်လာပြီဖြစ်သလို စက်သုံးဆီအကျပ်အတည်းကလည်း ပိုမိုဆိုးရွားလာနေသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာလည်း စက်သုံးဆီဂယက် ကြီးကြီးမားမား ကြုံတွေ့နေရပြီး ဓာတ်ဆီတစ်လီတာ ကျပ်သုံးသောင်းခန့်အထိ ပေးဝယ်ရသော ဒေသအချို့ရှိလာပြီဖြစ်သည်။ မြို့ပေါ်နှင့် မြို့အနီးဝန်းကျင် ကျေးရွာများတွင်တော့ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းကျော်မှ ကျပ်နှစ်သောင်းအထိ ဈေးနှုန်းအမျိုးမျိုး ပေးဝယ်ကြရသည်။ ပိုဆိုးသည်က ဒီဇယ်ဆီဈေးဖြစ်ပြီး ဈေးနှုန်းကြီးမြင့်သည့်အပြင် လိုသလောက် ဝယ်မရသည့် အခက်အခဲများ ကြုံတွေ့နေရသည်။ စက်သုံးဆီဂယက်ကြောင့် စားသောက်ကုန် စိုက်ပျိုးထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု အပေါ်သက်ရောက်မှု ကြီးကြီးမားမားဖြစ်လာပြီး ကုန်ဈေးနှုန်းက ဆက်တိုက်မြင့်တက်လာနေသည်။ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ အသား၊ ငါးဈေးများမှာလည်း ဆက်တိုက်မြင့်တက်လာနေပြီး အခြေခံလူတန်းစားများ၏ ဝင်ငွေမှာမူ ပုံမှန်ထက်ပင် လျော့ကျလာနေသည်။ အချို့မှာ အလုပ်လက်မဲ့ဖြစ်နေပြီဖြစ်ရာ ကြီးမြင့်လာသည့် ကုန်ဈေးနှုန်းဒဏ်ကို ခံနိုင်စွမ်းမရှိကြဘဲ စားရေးအတွက် အလွန်ခက်ခဲလာသော အခြေအနေကို ဆိုက်ရောက်လာနေသည်။ […]
အာဏာသိမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် အထွေထွေအကျပ်အတည်းနှင့် စစ်ဘေးဒဏ်ကို ခံစားနေကြရသည့် တောင်ပိုင်းသားများမှာ စက်သုံးဆီဂယက်ကိုပါ ထပ်ဆင့်ခံစားလာကြရသည်။ အိုးမကွာအိမ်မကွာနေထိုင်သူများပင် စက်သုံးဆီဂယက်ဒဏ်ကို အလူးအလဲခံနေရချိန်တွင် အိုးအိမ်ပစ်ပြီး တောတောင်များနှင့် အခြားမြို့ရွာများတွင် နေထိုင်ကြရသည့် စစ်ရှောင်ပြည်သူများမှာ ခက်ခဲကျပ်တည်းမှုကို ပိုခံနေရသည်။ ဖေဖော်ဝါရီလစာရင်းအရ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက် ကိုးသောင်းနီးပါးရှိနေရာ အများစုက ဘေးလွတ်ရာ ဥယျာဉ်တောတောင်များ၊ဓနိတောများနှင့် အခြားမြို့ရွာများတွင် နေထိုင်ကြရသည်။ အဆိုပါစစ်ရှောင်များက ရိက္ခာနှင့်ဆေးဝါးကို ခရီးကွာဝေးသည့် အခြားဒေသများတွင် သွားရောက်ဝယ်ယူပြီး စားရေးကို ဖြေရှင်းနေကြသည်။ လက်ရှိတွင် စက်သုံးဆီဂယက်က မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်လာရာ စစ်ဘေးရှောင်များမှာ စက်သုံးဆီဝယ်ရ ခက်ခဲလာခြင်း၊ ဈေးကြီးပေးဝယ်ရခြင်း၊ ကုန်စျေးနှုန်းကြီးမြင့်လာခြင်းတို့ကို ကြုံတွေ့လာသည်။ စားနပ်ရိက္ခာသယ်ဆောင်ရန်နှင့် အရေးပေါ်ကျန်းမာရေးအတွက် ဒေသအလိုက် ဆိုင်ကယ်၊ကားနှင့် စက်လှေကိုသာ အဓိကအားထားနေရသည့်အတွက် စက်သုံးဆီပြတ်လပ်ဈေးတက်မှုကြောင့် ပိုပြီးအခက်တွေ့နေကြရသည်။ စက်သုံးဆီ ဂယက်ကြောင့် စစ်ဘေးရှောင်များမှာ […]
တနင်္သာရီတိုင်းအတွင်း လတ်တလောနိုင်ငံရေးအခင်းအကျင်းအရ ဖိုခနောက်ဆိုင် အခင်းအကျင်းဖြစ်လာပြီး အစုအဖွဲ့ ၃ ခုက ဦးဆောင်မောင်းနှင်မည့် အခင်းအကျင်းအဖြစ် ပုံပေါ်လာသည်။ တနင်္သာရီတိုင်းအတွင်းရှိ တိုင်းစစ်ဌာနအပါအဝင် တော်လှန်ရေး၊ နိုင်ငံရေးအစုအဖွဲ့အသီးသီးပါဝင်သည့် တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ (TFUCC) ကို ဖွဲ့စည်းကြောင်း မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။ ထို့အပြင် မတ်လအတွင်းဖွဲ့စည်းထားသည့် ထားဝယ်အမျိုးသားအဖွဲ့ချုပ်ရှိသလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် KNU လည်း ရှိနေသည်။ ယင်းအပြင် မည်သည့်အစုအဖွဲ့တွင်မှ မပါဝင်သေးသည့် တော်လှန်ရေးအစုအဖွဲ့ များလည်းရှိနေသည်။ လက်ရှိဖွဲ့စည်းခဲ့သည့် TFUCC ကောင်စီတွင် တနင်္သာရီတိုင်းစစ်ဌာန၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ CDM ဝန်ထမ်းရေးရာအဖွဲ့အစည်းများ၊ သမဂ္ဂများ၊ လူငယ်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။ ယင်းကောင်စီဖြစ်မြောက်ရေးအတွက် ၂၀၂၃ ခုနှစ်တွင် စတင်ကြိုးပမ်းခဲ့ကြောင်း […]
စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တစ်စုက ပြည်သူလူထုအကျိုးထက် အာဏာတည်မြဲရေးသာ လုပ်ဆောင်နေသည်။ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် စက်သုံးဆီဂယက်က ကပ်ဘေးတစ်ခုလို ကမ္ဘာ့နိုင်ငံများသို့ ရိုက်ခတ်လာနေသည်။ ယင်းကြောင့် အစိုးရအသီးသီးက ပြည်သူလူထုအပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြသည်။ မြန်မာနိုင်ငံတွင်တော့ အာဏာသိမ်းစစ်အုပ်စုက ထိရောက်သည့် အစီအမံများချမှတ်နိုင်ခြင်း မရှိသည့်အပြင် မူဝါဒ အမှားများ ချမှတ်ဖော်ဆောင်နေသဖြင့် ပြည်သူများ ပိုမိုကျပ်တည်းခက်ခဲလာနေသည်။ စက်သုံးဆီမှာ မှောင်ခိုစျေးကွက်တွင်သာ ရှိနေပြီး တရားဝင်သတ်မှတ်နှုန်းဖြင့် ရောင်းချသည့် ဆိုင်များတွင် ဝယ်ယူရ ခက်ခဲနေသည်။ တနင်္သာရီတိုင်းမှာ ယင်းဒဏ်ကို ပိုမိုခံစားရသည်ဟု ဆိုရမည်။ မှောင်ခိုစျေးကွက်တွင် ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းခွဲအထိ ပေးဝယ်ရသော ဒေသများရှိလာသည်။ ဒီဇယ်ဆီ တစ်ပီပါ ကျပ် ၁၄ သိန်းပေး၍ပင် ဝယ်မရတော့။ ယင်းသို့ အဆမတန် မြင့်တက်လာသည့် […]
ကဲ…ကဲ…. ရေကန်ဘောင်ဘက် လမ်းလျှောက်သွားကြမယ်ဟေ့။ ဘယ်သူလိုက်မလဲ။ ဖြူဖွေး၊ မဲတူ၊ ကျားစိန်၊ ချစ်တူး၊ နက်ကျားတို အသင့်ပြင်။ အဟမ်း…..မရောက်စဖူး အရောက်ထူးသွားအောင် မြိတ်မြို့ကြီးရဲ့ သန့်ရှင်းသာယာလှပရေးကို တလေးတစား တရိုတသေ ထိထိရောက်ရောက် နောက်စီးဦးရှောင်လုပ်ပေးနေကြတဲ့ ရာထူးဖိကိုယ်တော်ကြီး၊ ကိုယ်တော်လေးတွေကိုလည်း ပင့်ချင် ဆောင့်ချင် ခေါ်ချင်သဗျ။ လည်ကုတ်က ဆွဲပင့်သွားရင်ကောင်းမလား၊ နားရွက်ကလေးတွေကို တံတွေးဆွတ်ပြီး ဆွဲခေါ်သွားရင် ကောင်းမလားလို့ စဉ်းစားနေမိ။ အဟမ်း…အဟမ်း…။ ရေကန်ဘောင်ရဲ့ ရောင်စုံလက်ခလယ်တွေဆီ ကြွဖူးချီဖူးမှာ မဟုတ်ဘူးဆိုတာ သေချာသိလို့ စေတနာအပိုလောင်းပြီး မိတ်ဆွေဟောင်းတွေလိုခေါ်တာနော်။ သားတို့ သမီးတို့ ရောက်ဖူးပြီးပါကောလို့ ကလီကမာလုပ်ပြီး ပလီပလာမပြောကြေး။ ဪ…မေ့လို့။ ရေကန်ဘောင်ဆိုတာ ရပ်ဝေးရပ်နီးမြိတ်သားတွေက ပလူးနေကြမို့ သိပြီးသားဆိုသော်ငြား မိုင်တွေဝေး အထင်နဲ့ငေးကြမယ့် ဝေးဝေးက မြိတ်ချွေးမ၊ မြိတ်သားမက်တွေတော့ မသိလောက်ဘူး။ အဲဒီတော့ […]
တနင်္သာရီတိုင်းအတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးနှုန်းအဆမတန် မြင့်တက်မှုဒဏ်ကို ဒေသခံများ ပြင်းထန်စွာ ခံစားနေရသည်။ ယခင်က တစ်ဂါလန်လျှင် ၁၅,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သော ဓာတ်ဆီဈေးမှာ ယခုအခါ ၂၀,၀၀၀ ကျပ်အထက်သို့ ခုန်တက်သွားပြီး ဝယ်ယူရန်ပင် ခက်ခဲနေသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိကအားထားနေရသည့် ကမ်းရိုးတန်းဒေသတွင် စက်သုံးဆီပြတ်လပ်မှုသည် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်လာသည်။ ဆီဈေးမြင့်တက်သော်လည်း ငါးဈေးမကောင်းသဖြင့် ငါးဖမ်းလုပ်ငန်းမှာ အရှုံးပြနေပြီး ဆီမရပါက လှေများအားလုံး နားရတော့မည့် အခြေအနေတွင် ရှိနေသည်။ လျှပ်စစ်မီး ဖြတ်တောက်ခံထားရသည့် ဒေသများတွင် စက်သုံးဆီသည် အသက်သွေးကြောသဖွယ် အရေးပါသည်။ မီးစက်မောင်းရန် ဆီဝယ်မရတော့သဖြင့် ဒေသခံများမှာ ဖုန်းအားသွင်းရန်နှင့် ရေစုပ်ရန်အတွက်ပင် ခက်ခဲလာသည်။ စက်သုံးဆီပြတ်လပ်မှုသည် သယ်ယူပို့ဆောင်ရေးကို ရပ်တန့်စေပြီး အခြေခံစားသောက်ကုန်များဖြစ်သော အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို […]