ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

ဗြောက်ကြားမှာ အသက်ငင်နေသည့် ကမ်းနီးရေလုပ်ငန်း

Dawei Watch

January 10, 2026

ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော တနင်္သာရီတိုင်းမှ ဒေသခံအများစုမှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသူများ ဖြစ်သည်။ အာဏာမသိမ်းမီက စီးပွားရေး ချောင်လည်ခဲ့ကြသော ကမ်းနီးရေလုပ်သားများသည် ယခုအခါ အခက်အခဲ အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ စက်သုံးဆီဈေးနှုန်းနှင့် စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် လှေထွက်စရိတ်နှင့် ရရှိသည့်အမြတ် မမျှတတော့ဘဲ အရှုံးပေါ်သည့်ရက်များ များပြားလာနေသည်။ လမ်းပိတ်ဆို့မှုများကြောင့် ထိုင်းနိုင်ငံသို့ ငါးတင်ပို့ရန် ခက်ခဲလာပြီး ငါးဈေးနှုန်းများလည်း ကျဆင်းနေသည်။ အချို့နေရာများတွင် ညဘက်ငါးဖမ်းထွက်ပါက စစ်အာဏာရှင်ရေတပ်က ရမ်းသမ်းပစ်ခတ်မှုများ ရှိနေသလို၊ နေ့ဘက်တွင်လည်း စစ်သင်္ဘောများ၏ ဖမ်းဆီးစစ်ဆေးခြင်း၊ ငါးများကို အဓမ္မတောင်းခံခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းများကို ကမ်းနီးရေလုပ်သားများ ကြုံတွေ့နေရသည်။ ရေလုပ်သားများသည် ဝမ်းစာရှာဖွေနိုင်ရန်အတွက် စစ်အာဏာရှင်တပ် အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကို ငွေကြေးပေးဆောင်ပြီးမှ ငါးဖမ်းထွက်နေကြရခြင်း ဖြစ်သည်။ ထို့ပြင် ကမ်းဝေးငါးဖမ်းလှေများ၏ စည်းကမ်းမဲ့ ကျူးကျော်ငါးဖမ်းဆီးမှုဒဏ်ကိုလည်း ကမ်းနီးလှေငယ်သမားများ […]

တောင်းပန်ခြင်း အစအနများ

Dawei Watch

January 3, 2026

မနေ့ နေ့လယ်လောက်က ရုံးခန်းထဲ ထိုင်ရင်း ကြည်နူးဖွယ် အခြေအနေလေးတစ်ခု ကောက်ရခဲ့တယ်။ “အမေတို့ နောက်ကျသွားတယ်နော် သမီးလေး။ မေမေ တောင်းပန်ပါတယ်။ အဆင်ပြေတယ်မလား သမီးလေး။ နောက်နေ့ နောက်မကျစေရဘူး” “ဖေဖေလည်းတောင်းပန်တယ်နော် သမီး။ အလုပ်လေး လက်စသတ်မရဘဲဖြစ်နေလို့ ဖေဖေတို့ နောက်ကျသွားတာပါ။ သမီးစိတ်ဆိုးနေတာလား။ ဖေဖေ ဘာလုပ်ပေးရမလဲ။ မနက်ဖြန်တော့ နောက်မကျဘဲ လာကြိုမယ်နော်” “ ဘေဘီချိတ်ချိုးပါဘူး။ ချင်ပြေပါတယ် ဖေဖေ။ ဘေဘီ့ကို အာဘွားတုံးခါပေး” “ ဟား….ရတာပေါ့။ ခုပေးရမှာလား အိမ်ရောက်မှ ပေးရမှာလား” “ ခုပေး ဖေဖေ” “ ကဲဗျာ…ကဲဗျာ….ကဲဗျ….။ သုံးကြိမ်ပြည့်ပြီနော်။ ဖေဖေတို့ ပြန်ကြရအောင် တီချယ်တို့ကို နှုတ်ဆက်လိုက်ပါဦး” “ အိမ်မပြန်ခင် အမေတို့ ဈေးဝယ်စင်တာသွားပြီး သမီးလိုချင်နေတဲ့ ခရစ်စမတ်ဖိုးဖိုး […]

မူကြိုတဲ့လား …. အသက်ရှင်ဖို့ ပိုအရေးကြီးတယ်..

Dawei Watch

December 31, 2025

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများ၏ဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသည့် ဒေသများထဲတွင် တနင်္သာရီတိုင်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ပဋိပက္ခများကြောင့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာ ပြိုကျပျက်စီးခဲ့ပြီး အဆိုးဆုံးမှာ ကျေးလက်ဒေသများဖြစ်သည်။ မြို့ပြများမှာ ငွေကြေးတတ်နိုင်ပါက အဆင်ပြေနိုင်သေးသော်လည်း ကျေးလက်များတွင်မူ ပညာရေး၊ကျန်းမာရေး ဆိုးဆိုးရွားရွား ပြိုကျပျက်စီးမှုဒဏ်ကို ကြုံတွေ့နေကြရသည်။ ယင်းတို့တွင် ပဋိပက္ခဒေသများရှိ ကျေးလက်နေ ကလေးများ၏ ပညာရေးမှာ လုံးဝရပ်တန့်သွားပြီဖြစ်၍ ပိုမိုဆိုးရွားသည်ဟု ဆိုရမည်ဖြစ်သည်။ ကျေးရွာအဆင့် မူကြိုကျောင်းများစွာသည် တံခါးပိတ်ထားရသည့်အပြင် အဆောက်အအုံများပါ ပြိုပျက်ယိုယွင်းကာ ခြုံနွယ်များအောက် ရောက်ရှိနေပြီ ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လူထုအခြေပြု အခြေခံပညာကျောင်းများ တော်လှန်ရေးနယ်မြေအနှံ့တွင် ပေါ်ပေါက်လာခဲ့သော်လည်း မူကြိုကျောင်းများမှာ ယနေ့ထက်တိုင် ကွက်လပ်ကြီးတစ်ခုဖြစ်နေဆဲပင်။ ကလေးတစ်ဦး၏ ဦးနှောက်ဖွံ့ဖြိုးမှုမှာ အသက် […]

လူငယ် မွေထိုင်းဖိုက်တာစပိဘုတ်နဲ့ တွေ့ဆုံခြင်း

Dawei Watch

December 31, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းမှာ ဒီဇင်ဘာ ၂၉ ညကကျင်းပခဲ့တဲ့ လောင်းကြေးအမြင့်ဆုံး လက်ဝှေ့ပွဲမှာ ထားဝယ်သားဖိုက်တာလေး ပြိုင်ဘက်ကို အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။ သူအလဲထိုးခဲ့တာက အတွေ့အကြုံရင့်တဲ့ မွေထိုင်းဖိုက်တာ အသက် ၂၃ နှစ်အရွယ် ဂျာမဏီဖိုက်တာ စူပါဘန့်ခ်ပါ။ အသက် ၁၇ နှစ်အရွယ် ထားဝယ်သားလေးက ဝါရင့်ဖိုက်တာကို အလဲထိုးအနိုင်ယူသွားတာကြောင့် လက်ဝှေ့ဝါသနာရှင်တွေအကြား စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ နာမည်ကလည်း စပိဘုတ်ဆိုတော့ ဆန်းနေသလို အသက်ငယ်တဲ့ ဖိုက်တာတစ်ဦး ဖြစ်တာကြောင့်လည်း ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်လာတာပါ။ ပိုင်ဇင်ကိုဆိုတဲ့ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာသားလေးက အခုတော့ စပိဘုတ်ရယ်လို့ လူသိများလာနေပါပြီ။ လက်ဝှေ့စထိုးတာ ၃ နှစ်လောက်မှာ လူသိများထင်ရှားလာတဲ့ စပိဘုတ်ကို Dawei Watch ကတွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။ DW ။ ကော့စမွေမှာ ဒီဇင်ဘာ […]

ပျောက်ဆုံးနေသော မင်စွန်းလက်သန်းများနှင့် အနှစ်မဲ့ ရွေးကောက်ပွဲ

Dawei Watch

December 29, 2025

လွန်ခဲ့တဲ့ ငါးနှစ်၊ ၂၀၂၀ ပြည့်နှစ်ရဲ့ နိုဝင်ဘာလအမှတ်တရတွေဟာ မြန်မာပြည်သူတို့ရဲ့ စိတ်အစဉ်မှာ ဒီနေ့အထိ ထင်ရှားနေဆဲပါ။ အဲဒီတုန်းက ဆိုရှယ်မီဒီယာတွေထက်မှာ ‘မင်စွန်းတဲ့ လက်သန်း’ဓာတ်ပုံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ လူငယ်၊ လူကြီး၊ ဆင်းရဲချမ်းသာမရွေး မိမိတို့ရဲ့ လက်သန်းကို ဂုဏ်ယူဝင့်ကြွားစွာ ထောင်ပြခဲ့ကြတယ်။ အဲဒီအစွန်းအထင်းဟာ အညစ်အကြေးမဟုတ်ဘဲ နိုင်ငံသားတစ်ယောက်ရဲ့ ‘အာဏာ’နဲ့ ‘ရွေးချယ်ပိုင်ခွင့်’ကို ဖော်ပြတဲ့ ဒီမိုကရေစီရဲ့ တံဆိပ်ကပ်နှိပ်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် မြင်ကွင်းကတော့ ဆန့်ကျင်ဘက်အသွင် ပြောင်းလဲသွားခဲ့ပါပြီ။ ဆိုရှယ်မီဒီယာပေါ်မှာ မင်စွန်းတဲ့လက်သန်းတွေကို မတွေ့ရတော့ပါဘူး။ ဒီပျောက်ဆုံးနေတဲ့ ပုံရိပ်တွေဟာ ရွေးကောက်ပွဲတစ်ခုရဲ့ အသက်ဝိညာဉ်ဖြစ်တဲ့ ‘ပြည်သူ့ယုံကြည်မှု’နဲ့ ‘ဂုဏ်သိက္ခာ’မရှိတော့တာကို အကျယ်လောင်ဆုံး သက်သေခံနေတာပါ။ သတင်းမီဒီယာတွေ၊ လူမှုမီဒီယာတွေရဲ့ စာမျက်နှာတွေမှာ ဂုဏ်ယူဝံ့ကြွားစွာထောင်ပြထားတဲ့ […]

လူမျိုးစုံနိုင်ငံထဲက လွန်ဆွဲနေတဲ့ ဝိညာဉ်များ

Dawei Watch

December 27, 2025

မောင်းမကန်မှာ မွေးတဲ့ ထားဝယ်လူငယ်တစ်ယောက်။ သူ့နာမည် ‘ဖစုကမ်း’ ဆိုပါစို့။ ဖစုကမ်းဟာ သူ့တစ်သက်တာမှာ ထားဝယ်လူမျိုးအားလုံးကို တွေ့ဖူး ၊ မြင်ဖူး ၊ သိကျွမ်းရင်းနှီးဖူးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ‘ငါတို့ဟာ ထားဝယ်လူမျိုးတွေပဲ’ ဆိုတဲ့ ခံစားချက် ရှိနေပါတယ်။ ဒါကြောင့်ပဲ အမျိုးသားထု (Nation) ဆိုတာဟာ ‘စိတ်ကူးယဉ်ဖန်တီးထားတဲ့ နိုင်ငံရေးအသိုက်အဝန်းတစ်ခု’ – An imagined political community လို့ ပညာရှင် Benedict Anderson က ဖွင့်ဆိုခဲ့ပါတယ်။ အမျိုးသားထု (Nation) ဆိုတာဟာ ‘စိတ်ကူးယဉ်ဖန်တီးထားတဲ့ နိုင်ငံရေးအသိုက်အဝန်းတစ်ခု’လို့ ဆိုပေမယ့် လက်တွေ့ဘဝမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိတဲ့ စိတ်ကူးသက်သက် ဖန်ဆင်းချက်တစ်ခုလို့ ပြောနိုင်ပါ့မလား။ အဖိနှိပ်ခံလူနည်းစုအမျိုးသားထုဝင် လူသားတစ်ယောက်မို့လို့ ကြုံရတဲ့ […]

အမ် – ၁၅ နှင့် ဆောက်ဖြစ်မှကျောင်းတကာဆိုသော်လည်း

Dawei Watch

December 25, 2025

တနင်္သာရီကမ်းလွန်ပင်လယ်ပြင် အကွက် အမ်-၁၅ တွင် အလွန်ကြီးသော သဘာဝ ဓာတ်ငွေ့သိုက်ကြီးတွေ့ရှိရသည်ဟူသော သတင်းများ မကြာသေးမီက ပျံ့လာသည်။ မကြာမီ တူးဖော်မည်ဟုလည်း ဆိုပြန်သည်။ ပညာရှင်အချို့ကမူ တူးကြည့်မှသာ ထွက်မည့်ပမာဏကို အနီးစပ်ဆုံး သိရမည်ဖြစ်ပြီး စီးပွားဖြစ်ထုတ်ရန်အတွက်မူ ကြာဦးမည်ဟုဆို၏။ အကယ်၍သာ ဤ တွေ့ရှိမှုကြီးက ခန့်မှန်းသည့်အတိုင်းမှန်နေခဲ့လျှင်ကော ဟု စဉ်းစားမိသည်။ အများသိကြပြီးသည့်အတိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှ ရငွေများသည် ယခင် ဗိုလ်သန်းရွှေ စစ်အုပ်စုမှသည် ယခု စစ်အုပ်စု အထိ ပြည်ပဝင်ငွေ ရှာဖွေနေဆဲဖြစ်၏။ မကြာသေးသော ၁၉၉၀ ပြည့်လွန်နှစ် အတိတ်ကို ပြန်ကြည့်လျှင် သည်လို ရေနံ သဘာဝဓာတ်ငွေ့ စီမံကိန်းများကို အကြောင်းပြု၍ စစ်တပ်၏ နယ်မြေစိုးမိုးမှု ထိုးစစ်ကြီးများ မြန်မာပြည်တောင်ပိုင်းတွင်ရှိခဲ့သည်။ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ၊ တရားလက်လွတ်သတ်ဖြတ်မှုများ၊ […]

ရွာ

Dawei Watch

December 20, 2025

ဖြတ်သန်းလာခဲ့ပြီးတဲ့ ဆယ်စုနှစ်ငါးခုကျော်သက်တမ်းအတွင်းမှာ အလွမ်းဆုံးကတော့ ရွာပါပဲ။ တမ်းတခဲ့ရတဲ့ ရွာ။ ရွာ တစ်ရွာလိုချင်ခဲ့တာ။ ကိုယ့်ရွာ လို့‌ပြောချင်ခဲ့တာ။ ကိုယ့်မှာ ရွာရှိမနေခဲ့ဘူး။ ကိုယ်လည်းရွာမှာမရှိနေခဲ့ပါဘူး။ ရွာနဲ့ကိုယ်နဲ့က မတည့်တာလည်းမဟုတ်ဘူး။ ရွာကို ကိုယ်ချစ်တာပေါ့။ ကိုယ့်ကိုလည်း ရွာကချစ်မှာပေါ့။ သိတယ်။ သေချာပါတယ်။ ကိုယ့်မှာ ရွာ ရှိလာဖို့ပဲလိုတာပါ။ အဲသလိုနဲ့ ကိုယ်ဟာ ရွာ လိုက်ရှာနေရင်း ရွာလည်နေတာ။ ရွာတွေတော်တော်များများကို ရောက်ဖူးပါတယ်။ နေခဲ့ဖူးပါတယ်။ ပြည်နယ်၊ပြည်မ ရွာတွေသာမက ပြည်ပက ရွာအချို့ကိုလည်း ရောက်ဖူးပါရဲ့။ ရေမြေသဘာဝ ကွဲပြားခြားနားကြပေမဲ့၊ ယဥ်ကျေးမှု ဓလေ့ထုံးစံ လူနေမှုဟန်ပန်မတူကြပေမဲ့ ရွာတွေက ချစ်ဖို့ကောင်းတာချည်းပဲ။ ဆင်းရဲတဲ့ရွာလည်း ချစ်တာပဲ။ ချမ်းသာတဲ့ရွာလည်းချစ်တာပဲ။ ရွာ ဖြစ်နေဖို့ပဲလိုတာ။ ခရီးသွားဟန်လွဲဝင်ခဲ့ဖူးတဲ့ ရွာ။ ရက် ကြာကြာ နေဖူးခဲ့တဲ့ ရွာ။ […]