ယူကြဦးမလား . . . ဟောဒီက . . . သတင်းပူပူလေး (အပိုင်း – ၂)
Dawei Watch
November 13, 2025စစ်အာဏာသိမ်းပြီးချိန်မှစပြီး မြန်မာပြည်အထက်ပိုင်း ဒေသများနည်းတူ တနင်္သာရီတိုင်းရှိ ဒေသအချို့တွင်လည်း အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ အထူးသဖြင့် တော်လှန်ရေးအားကောင်းပြီး တိုက်ပွဲပြင်းထန်နေသည့် ဒေသများတွင်ဖြစ်သည်။ ယင်းဒေသများရှိ ပြည်သူများမှာ သတင်းအချက်အလက် ရရန်ခက်ခဲနေပြီး ကောလာဟလ သတင်းများသာ လွှမ်းမိုးနေသဖြင့် လူထုမှာ မည်သည်ကိုယုံကြည်ရမည်မသိ ဖြစ်နေကြသည်။ ယင်းအပြင် ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများ၊ တိုက်ပွဲနှင့်ပဋိပက္ခများ၊ စစ်ဘေးရှောင် အခြေအနေများကို မသိရှိကြဘဲ မိမိဒေသမှအခြေအနေလောက်သာ သိရှိကြသဖြင့် ပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများလည်း ကြုံတွေ့နေကြရသည်။ တနင်္သာရီတိုင်းတွင် ထားဝယ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်များရှိ ကျေးရွာအများအပြားကို စစ်ကော်မရှင်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ကာလရှည်ဖြတ်တောက်ထားသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးအားကောင်းသည့် ဒေသများထဲမှ ကျေးရွာပေါင်း ၄၀ ကျော်မှာ နှစ်ချီကြာအောင် အင်တာနက်ဖြတ်တောက်ခံထားရသည်။ အာဏာရှင်များမှာ ၎င်းတို့ဝါဒဖြန့်ချိမှုများအတွင်း […]


