အတုအယောင် ရွေးကောက်ပွဲနဲ့ တနင်္သာရီ
Dawei Watch
August 10, 2025စစ်တပ်က တိုင်းပြည်အာဏာကို မတရားအာဏာသိမ်းယူပြီးကတည်းက တလျှောက်လုံး ပြောလာတဲ့ စကားတစ်ခွန်းရှိတယ်။ ဒီစကားကတော့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာပါပဲ။ ဒါပေမဲ့ စစ်တပ်ဟာ လေးနှစ်ကျော်ကာလအထိ ရွေးကောက်ပွဲကိုမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ စစ်ကော်မရှင်ကိုဆိုပြီး အမည်ပြောင်းထားတဲ့ စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲကို ဒီနှစ်ကုန် ဒါမှမဟုတ် လာမယ့်နှစ်ဦးမှာ ကျင်းပသွားမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အတည်ပြုလိုက်ပါတယ်။ ဒီလိုအတည်မပြုခင်ကတည်းက စစ်ကောင်စီဟာ တနိုင်ငံလုံးမှာ၊ အထူးသဖြင့် သူတို့ ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာတွေမှာ သန်းခေါင်းစာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကောက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ကောက်ယူခဲ့ပြီး ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်ခဲ့တယ်။ အဲဒီအဲဒီစာရင်းအရ တနင်္သာရီတိုင်းဒေသကြီးမှာလည်း ကောက်ယူခဲ့ပြီး မြေပြင်ကောက်ယူမှုနှင့် ခန့်မှန်းတွက်ချက်မှု ဆိုတဲ့ ကောက်ယူမှုပုံစံနှစ်မျိုးကို အသုံးပြုထားပါတယ်။ တနင်္သာရီတိုင်းမှာ မြေပြင်ကောက်ယူရရှိသည့်လူဦးရေ ၇၇၃,၂၄၉ ဦး ရှိပါတယ်။ မကောက်ယူနိုင်ဘဲ […]


