တော်လှန်ရေးနယ်မြေက ပညာရေးခရီးကြမ်း
Dawei Watch
June 21, 2025စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် အဖက်ဖက်က ယိုယွင်းပျက်စီးနေပြီး ပညာရေးကဏ္ဍနိမ့်ကျသွားမှုနှင့်အတူ ကလေးငယ်များ၊ လူငယ်လူရွယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးမှုများရှိနေသည်။ တိုက်ပွဲများ၊ ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ဒေသအများစုတွင် စာသင်ကျောင်းများ ပိတ်ထားရသလို တော်လှန်ရေးနယ်မြေများတွင် ရသည့်နည်းဖြင့် ဖွင့်လှစ်နေကြသည့် စာသင်ကျောင်းများမှာလည်း စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေကြရသည်။ တော်လှန်ရေး အားကောင်းသည့် ဒေသများတွင် စစ်ကောင်စီ၏ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသော်လည်း အမျိုသားညီညွတ်ရေးအစိုးရ NUG ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကျောင်းများအပါအဝင် စာသင်ဝိုင်းများဖွင့်ကာ ကလေးများ ပညာရေးအတွက် ဖြည့်ဆည်းပေးနေကြသည်။ တနင်္သာရီတိုင်းအတွင်းတွင်လည်း မြို့နယ်အများစုတွင် မြေပြင်ကျောင်းများ၊ အွန်လိုင်းကျောင်းများဖွင့်လှစ်ပြီး ကလေးများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး ကြိုးပမ်းလာကြသည်။ သို့ရာတွင် ပဋိပက္ခနှင့် တိုက်ပွဲကာလကြားတွင် ဖွင့်လှစ်ရသည်ဖြစ်ရာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင် ရှေ့ဆက်သွားနေကြသည်။ […]


