ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း တနင်္သာရီအပါအဝင် နိုင်ငံတစ်ဝန်း အမျိုးသမီး ၅၀ကျော် သေဆုံး

Dawei Watch

September 5, 2026

မြန်မာနိုင်ငံတစ်ဝန်းတွင် ဩဂုတ်လအတွင်း စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅၅ ဦး အသက်ဆုံးရှုံးကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။ တနင်္သာရီ၊ ကရင်၊ မန္တလေး၊ ကရင်နီ (ကယား)၊ ပဲခူး၊ မကွေး၊ ချင်း၊ စစ်ကိုင်း၊ ရခိုင် စသည့် ပြည်နယ်နှင့်တိုင်း ကိုးခုတွင် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူများအနက် အသက် ၁၈ နှစ်အောက် ခြောက်ဦးပါဝင်သည်။ ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၁၇ ဦး၊ စစ်ကိုင်းတိုင်းတွင် ၁၃ ဦး၊ ချင်းပြည်နယ် ကိုးဦး၊ မကွေးတိုင်းတွင် ခြောက်ဦးဖြင့် အမျိုးသမီး သေဆုံးမှုနှုန်း အများဆုံးရှိခဲ့ပြီး ကျန်ဒေသ ငါးခုတွင်မူ တစ်ဦးမှ သုံးဦးကြား သေဆုံးကြောင်း ဖော်ပြသည်။ […]

တနင်္သာရီမြစ်ရေ ပြန်ကျ၊ ပိတ်မိနေသည့်ကားများ ဖြတ်သန်းခွင့်ရ

Dawei Watch

September 5, 2026

တနင်္သာရီမြစ်ရေသည် စက်တင်ဘာလ ၄ ရက်ကစ၍ အန္တရာယ်ရေအမှတ် ၂၄ ပေအောက် လျော့ကျလာနေကြောင်း တနင်္သာရီဒေသခံများထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၅ ရက်တွင်မူ ရေအမှတ် တိုင်းတာသည့် ရေအမှတ်တိုင် ကျိုးပဲ့သွားသဖြင့် ယနေ့ ရေအမှတ် တိတိကျကျ မသိရကြောင်း ၎င်းတို့က ပြောသည်။ တနင်္သာရီမြို့အတွင်း၌မူ ယနေ့ နံနက်တွင် ရေပြန်ကျနေကာ နေအိမ်အချို့ သန့်ရှင်းရေးလုပ်နေကြပြီး ရေဝင်နေသေးသည့် နေအိမ်အချို့လည်း ရှိနေသေးကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ရေကြီးရေလျှံနေသည့် မော်တုန်းရွာနှင့် တကူရွာဘက်တွက်လည်း ရေပြန်ကျနေပြီဖြစ်ကြောင်း ဒေသခံများ မှတ်တမ်းတင်ထားသည့် ရုပ်သံများအရ သိရသည်။ ပြည်ထောင်စုကားလမ်းမပေါ် ရေကျော်၍ ကားများပိတ်မိနေသည့် လယ်တောင်ယာရွာတွင်လည်း ယနေ့ စက်တင်ဘာလ ၅ နံနက်မှစ၍ ရေကျကာ ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ […]

တီဗက်ဇ် ရဲ့ ကစားသမားဘဝ နှုတ်ဆက်ပွဲမှာ ဝင်ကစားပေးဖို့ မက်ဆီ နဲ့ စီရော်နယ်လ်ဒိုတို့ကို ဖိတ်ကြားမယ်

Dawei Watch

September 5, 2026

ဘောလုံးလောကရဲ့ သမိုင်းတစ်လျှောက် အထင်ကရ GOAT ကစားသမားတွေဖြစ်တဲ့ မက်ဆီ နဲ့ စီရော်နယ်လ်ဒို တို့ဟာ အာဂျင်တီးနားရဲ့ ထိပ်တန်း တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ တီဗက်ဇ် ရဲ့ ကစားသမားဘဝနှုတ်ဆက်ပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ ရှိနေတယ်လို့ Goal က ဖော်ပြထားပါတယ်။ တီဗက်ဇ် ရဲ့ ကစားသမားဘဝနှုတ်ဆက်ပွဲကို လာမယ့်ဒီဇင်ဘာလရောက်ရင် အာဂျင်တီးနားနိုင်ငံရဲ့ အထင်ကရ နာမည်ကျော် ဘိုကာဂျူနီယာအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ သမိုင်းဝင် လာဘွမ်ဘိုနီရာ အားကစားကွင်းမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ အာဂျင်တီးနားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ တိုက်စစ်မှူး တီဗက်ဇ် ရဲ့ ဘောလုံးသမားဘဝ နှုတ်ဆက်ပွဲ ခမ်းခမ်းနားနား ကျင်းပပေးသွားဖို့ စီစဉ်ထားပါတယ်။ တီဗက်ဇ် ဟာ မန်ယူအသင်းဆီမှာ ကစားသမားဘဝဖြတ်သန်းခဲ့စဉ်တုန်းက စီရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရရှိခဲ့ပြီး မက်ဆီနဲ့တော့ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ အသင်းဖော်ဖြစ်ခဲ့တာဖြစ်ပါတယ်။

လောင်းလုံးတွင် သီလရှင်တစ်ပါးက ကားတစ်စီးနှင့် ဆရာလေးသုံးပါးကို ခေါ်ဆောင်သွားမှု အပြန်အလှန်အငြင်းပွား

Dawei Watch

September 5, 2026

လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာအုပ်စု၊ ဆိပ်ပင်အင်းကျေးရွာတွင်ရှိသော သီလရှင်ကျောင်းတွင် သီတင်းသုံးနေ သည့် သီလရှင်တစ်ပါးသည် ဆရာလေး သုံးပါး ခေါ်ဆောင်ပြီး ကားတစ်စီးကို ယူဆောင်သွားမှုအပေါ် နှစ်ဖက်အပြန်အလှန် အငြင်းပွားနေကြ သည်။ အနုဓမ္မာစာရီ သီလရှင်ကျောင်းတွင် ကျောင်းပိုင် သီလရှင် အနုဓမ္မာထေရီနှင့် သီလရှင် အင်္ကုရဉာဏီ တို့ အတူ သီတင်းသုံး နေသည်မှာ သုံးနှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း အဆိုပါသီလရှင်များထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်တွင် အလှူငွေကိစ္စ အငြင်းပွားရာမှ သီလရှင် အင်္ကုရဉာဏီသည် ကျောင်းရှိ ကားတစ်စီးနှင့် အသက် ၉နှစ်မှ ၁၃နှစ်အထိအရွယ် ဆရာလေးသုံးပါးကို ခေါ်ဆောင်ကာ ကျောင်းမှ ထွက်ခွာသွားကြောင်း သီလရှင်ကျောင်း နာယက သီလရှင် အနုဓမ္မာထေရီက ပြောသည်။ ကားမှာ တပည့်ဒကာများလှူဒါန်းထားသည့် ကျောင်းပိုင်ကားကို […]

မက်ဆီ ရဲ့ အင်တာမိုင်ယာမီ ပွဲစဉ် ၇ ပွဲ အပါအဝင် ၁၇ ပွဲကို YouTube မှာ တိုက်ရိုက် ကြည့်ခွင့် ရမယ်

Dawei Watch

September 5, 2026

ဘောလုံးပရိသတ်တွေအတွက် တကယ့်ကို ရင်ခုန်စရာ အကောင်းဆုံး သတင်းကောင်းတစ်ခု ရောက်ရှိလာပါပြီ။ မက်ဆီရဲ့ ပွဲစဉ် ၇ ပွဲကို YouTube ကနေ အခမဲ့ တိုက်ရိုက်ကြည့်ခွင့်ရတော့မှာပါ။ TNT Sports က Major League Soccer (MLS) နဲ့ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက် အသစ်အရ အမေရိကန်မေဂျာလိဂ်ပွဲစဉ် စုစုပေါင်း ၁၇ ပွဲ ကို YouTube မှာ အခမဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားတော့မှာပါ။ ဒီလို YouTube ကနေ အခမဲ့ ပြသပေးမယ့် ပွဲစဉ် (၁၇) ပွဲထဲမှာ မက်ဆီ ဦးဆောင်ကစားနေတဲ့ အင်တာ မိုင်ယာမီ အသင်းရဲ့ ပွဲစဉ် (၇) ပွဲ ပါဝင်လာမှာ ဖြစ်တယ်လို့ TNT Sports […]

ရန်ကုန်လေဆိပ်တွင် ပျောက်ဆုံးခဲ့သည့် ထားဝယ်ဒေသခံအမျိုးသား အိမ်ပြန်ရောက်

Dawei Watch

September 5, 2026

မလေးရှားနိုင်ငံမှ ပြန်လည်ပို့ဆောင်ခံရပြီးနောက် ရန်ကုန်လေဆိပ်တွင် မိသားစုနှင့် အဆက်အသွယ်ပြတ်သွားသည့် ထားဝယ်ဒေသခံအမျိုးသားတစ်ဦး ပျောက်ဆုံးပြီး လေးရက်အကြာ ယနေ့ နံနက်တွင် အိမ်ပြန်ရောက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွားသား အသက် ၃၈ နှစ်အရွယ် ကိုတင်နှောင်းသည် စက်တင်ဘာလ ၂ ရက်တွင် မလေးရှား နိုင်ငံမှ လေယာဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ရာ သွားရောက်ကြိုဆိုသည့် မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်ပြီး ပျောက်ဆုံးနေခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။ ကိုတင်နှောင်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိသည်ကို လေဆိပ် လဝက ၏ မှတ်တမ်းများအရ သိရှိခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ကိုတင်နှောင်းသည် ရန်ကုန်လေဆိပ်သို့ ရောက်ရှိချိန်တွင် လူတစ်ဦး၏ အကူအညီဖြင့် ရန်ကုန်မြို့ရှိ အောင်မင်္ဂလာ အဝေးပြေးကားကွင်းသို့ ရောက်ရှိသွားသည်ဟု ကိုတင်နှောင်းထံမှ သိရကြောင်း […]

မောတောင်မြို့တွင် လက်နက်နှင့် လုပ်ပိုင်ခွင့်ကြောင့် ပျူစောထီးထဲ ဝင်ရောက်သူများလာ

Dawei Watch

September 5, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်သားများ ပြန်လည်သိမ်းပိုက်ပြီးနောက် ဒေသခံများ ပျူစောထီးအဖြစ် ဝင်ရောက်မှုများလာကြောင်း ဒေသခံများထံမှ သိရသည်။ မောတောင်မြို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာတွင် တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်သော်လည်း ၂၀၂၆ ခုနှစ် မေလတွင် စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်သွားခဲ့သည်။ ယင်းနောက် စစ်အာဏာရှင်တပ်က ဒေသခံများကို ပျူစောထီးအဖြစ် ဝင်ရောက်လာစေရန် အခွင့်အရေးများပေးခြင်း၊ ဖိအားမျိုးစုံပေးခြင်းတို့ လုပ်ဆောင်လာကြောင်း ဒေသခံများက ဆိုသည်။ သြဂုတ်လလယ်တွင် စစ်အာဏာရှင်တပ်သားများသည် မောတောင်မြို့ အမှတ် ၁ ရွာမှ အမှတ် ၉ ရွာအထိ ဒေသခံများကို ဘုန်းကြီးကျောင်းတွင် အစည်းအဝေးခေါ်၍ ပျူစောထီးနှင့် စစ်မှုထမ်းခြင်းကို ရွေးခိုင်းကြောင်း ၎င်းတို့က ဆိုသည်။ ပျူစောထီးအဖြစ် ဝင်ရောက်လုပ်ကိုင်သူအများစုမှာ ဆီအုန်းကုမ္ပဏီမှ လုပ်သားများနှင့် စစ်အာဏာရှင်တပ်သားများ ပြန်လည်သိမ်းပိုက်ချိန်တွင် နေရာပြောင်းရွှေ့ရန် ခက်ခဲသူများဖြစ်ကြောင်း […]

မောတောင်မြို့ခံတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

September 4, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် အသက် ၂၈နှစ်အရွယ် မြို့ခံ အမျိုးသားတစ်ဦးသည် မြို့ခံအချို့နှင့်အတူ ကားသွားယူစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ သြဂုတ်လ ၂၆ရက် နေ့လယ်ပိုင်းတွင် မောတောင်မြို့ပြင်တွင်ရှိသည့် ဒေသအခေါ် မွန်ကျောင်း (ဘုန်းကြီး‌ကျောင်း) အနီးတွင် ဒေသခံအချို့ စည်ပင်ဦးစီး၏ ကားကို သွားယူ‌‌ပေးစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ KNU လက်အောက်ခံတပ်များနှင့် တော်လှန်ရေးတပ်များက မောတောင်မြို့ကို သိမ်းယူစဉ် သိမ်းထားသည် အဆိုပါကားကို ဒေသခံများ ပြန်လည်သွားရောက်ယူဆောင်ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လမ်းမှာပဲ နင်းမိတာလား။ ကားနားမှာ နင်းမိလားတော့ အတိအကျ မသိဘူး”ဟု ၎င်းက ပြောဆိုသည်။ မိုင်းနင်းမိသဖြင့် ဒဏ်ရာသည့် မြို့ခံကို မြိတ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံ အခြားတစ်ဦးက […]