ဘောလုံးပရိသတ်တွေအတွက် တကယ့်ကို ရင်ခုန်စရာ အကောင်းဆုံး သတင်းကောင်းတစ်ခု ရောက်ရှိလာပါပြီ။ မက်ဆီရဲ့ ပွဲစဉ် ၇ ပွဲကို YouTube ကနေ အခမဲ့ တိုက်ရိုက်ကြည့်ခွင့်ရတော့မှာပါ။
TNT Sports က Major League Soccer (MLS) နဲ့ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက် အသစ်အရ အမေရိကန်မေဂျာလိဂ်ပွဲစဉ် စုစုပေါင်း ၁၇ ပွဲ ကို YouTube မှာ အခမဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားတော့မှာပါ။
ဒီလို YouTube ကနေ အခမဲ့ ပြသပေးမယ့် ပွဲစဉ် (၁၇) ပွဲထဲမှာ မက်ဆီ ဦးဆောင်ကစားနေတဲ့ အင်တာ မိုင်ယာမီ အသင်းရဲ့ ပွဲစဉ် (၇) ပွဲ ပါဝင်လာမှာ ဖြစ်တယ်လို့ TNT Sports က အသိပေးထားပါတယ်။
ပထမဆုံး အခမဲ့ပြသမယ့် ပွဲစဉ်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် အင်တာ မိုင်ယာမီ နဲ့ အတ္တလန်တာ ယူနိုက်တက် တို့ရဲ့ပွဲစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။
အင်တာမိုင်ယာမီ နဲ့ အတ္တလန်တာ ယူနိုက်တက် တို့ရဲ့ ပွဲကို မနက်ဖြန် မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲအချိန်မှာ TNT Sports YouTube Channel ကနေ ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။
TNT Sports က MESSI + YOUTUBE + FREE = WHAT A TIME TO BE A FAN! ဆိုတဲ့ စာသားနဲ့အတူ သူတို့နဲ့ YouTube ရဲ့ပူးပေါင်းလိုက်မှုကို ပရိသတ်တွေ စိတ်ဝင်စားအောင် ဈေးကွက်ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။







