ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး အခန်းထဲ သေဆုံး

Dawei Watch

September 3, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နီး စမွတ်ပရကန်ခရိုင်တွင် မြန်မာအလုပ်သမားတစ်ဦးသည် အခန်းထဲ တစ်ဦးတည်း နေထိုင်စဉ် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီခန့်က အသက် ၃၇ နှစ်အရွယ် ကိုစောစိုးနီသည် ဘန်းစောင်းထိုးဒေသရှိ အခန်းထဲတွင် တစ်ဦးတည်း နေထိုင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။ ကိုစောစိုးနီသည် ဂတ်စ်ဆိုင်တွင် လုပ်ကိုင်နေသူဖြစ်ပြီး နံနက်ပိုင်း အလုပ်မလာသဖြင့် သူငယ်ချင်းဖြစ်သူက အခန်းကို သွားကြည့်ရာမှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းအရသိရသည်။ ရဲတပ်ဖွဲ့က စစ်ဆေးစဉ် အလောင်းတွင် ပြင်ပထိခိုက်ဒဏ်ရာများကို မတွေ့ရဘဲ သေဆုံးချိန် ၈ နာရီခန့် ရှိနေပြီဖြစ်ကြောင်း ဆိုသည်။ အလောင်းပေါ်တွင် ကိုစောစိုးနီ၏ကြောင်က အိပ်လျက် သခင်ပြန်နိုးလာမည့်အချိန်ကို စောင့်နေသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့ကို စိတ်မကောင်းဖြစ်စေခဲ့ကြောင်း […]

ရေခမ်းချောင်းတွင် စစ်အာဏာရှင်တပ်က လူသတ်ပြီး ချောင်းထဲစွန့်ပစ်ဟု မျက်မြင်များဆို

Dawei Watch

September 3, 2026

တနင်္သာရီမြို့နယ်၊ ရေခမ်းချောင်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများက လူနှစ်ဦးကိုသတ်ပြီး အလောင်းများကို ချောင်းထဲပစ်ချခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီတွင် ဇဝဲကျေးရွာမှ စစ်အာဏာရှင်တပ်သားများသည် ဆင်ဒင်ရွာချောင်းထဲကို အလောင်းနှစ်လောင်း လာရောက်ပစ်ချခဲ့ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ဆိုသည်။ “လက်နောက်ပြန်ကြိုးတုပ်ထားတယ်။ ခေါင်းတွေကို အိတ်အမည်းနဲ့ စွတ်ထားတယ်။ နှစ်ယောက်လုံးကို ချောင်းထဲပစ်ချလိုက်တယ်။ ရေကြီးနေတော့ အလောင်းက ဘယ်မှာသွားပေါ်မယ် မသိဘူး” ဟု အထက်ပါ မျက်မြင်ဒေသခံက ပြောသည်။ ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆) ခြေမြန်တပ်ရင်းမှ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများသည် ဩဂုတ်လ ၃၁ ရက် ညနေ ၄ နာရီတွင် ရေခမ်းချောင်းရွာသားတစ်ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးပြီး တပ်ရင်းထဲသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။ […]

ရေဖြူ ရာဖူးရွာတွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်

Dawei Watch

September 3, 2026

ရေဖြူမြို့နယ်၊ ရာဖူးရွာတွင် ယနေ့ စက်တင်ဘာလ ၃ ရက် နံနက် ၆ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သားများ နေရာယူထားသည့် ရာဖူးရွာဘက်မှ စိန်ဘုံရွာ၊ ဘုရားသုံးဆူရွာဘက်သို့ သွားသည့် လမ်းဆုံတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ အဆိုပါ အပြန်အလှန် ပစ်ခတ်မှုသည် မိနစ် ၂၀ ဝန်းကျင် ကြာမြင့်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ရာဖူးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ရာဖူးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ရာဖူးရွာရှိ ဈေးဆိုင်တစ်ဆိုင်မှ အသက် ၃၀ ဝန်းကျင်အရွယ် မလဲ့လဲ့တွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ရာဖူးရွာသားတစ်ဦးက ပြောသည်။ “လက်မောင်းကို […]

မဲဆောက်၊ တရုတ်ဘုံကျောင်းက မြန်မာလုပ်သားများကို ဆန်နှင့် စားသောက်ကုန်များ လှူဒါန်း

Dawei Watch

September 3, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တရုတ်ဘုံကျောင်းက ရွှေ့ပြောင်းအလုပ်သမားများနှင့် အကူအညီလိုအပ်နေသူများကို ဆန်‌နှင့် စားသောက်ကုန်များ စက်တင်ဘာလ ၂ ရက်နေ့က လှူဒါန်းခဲ့သည်။ တရုတ်ရိုးရာ ကွယ်လွန်သူ ဘိုးဘေးများနှင့် ဆွေမျိုးများကို အောက်မေ့ပူဇော်သည့်အနေဖြင့် နှစ်စဉ် မြန်မာအလုပ်သမားများကို လှူဒါန်းလေ့ရှိကြောင်း သိရသည်။ လာရောက်တန်းစီသူများကို ဆန်အပါအဝင် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆား၊ ဆေးများကို လှူဒါန်းခဲ့ပြီး မြန်မာအလုပ်သမား ထောင်ချီ လာရောက်ခဲ့ကြောင်း သိရသည်။ Ref: Aung Aung

မန်ယူဂန္ထဝင်ကစားသမားလေးဦး ရန်ကုန်ကို ရောက်လာတော့မယ်

Dawei Watch

September 3, 2026

ရွိုင်ယန်ဂစ်၊ အီဗရာ၊ ဘာဘာတော့ဗ်နဲ့ အန်ဒါဆန်တို့ဟာ လာမယ့် အောက်တိုဘာလမှာ ရန်ကုန်မြို့ကို လာရောက်မှာ ဖြစ်ပါတယ်။

ရုရှားရောက် မြန်မာဒုစစ်ခေါင်းဆောင် ထားဝယ်ရေနက်ဆိပ်ကမ်းအရေး ဆွေးနွေး

Dawei Watch

September 3, 2026

ရေနက်ဆိပ်ကမ်းဧရိယာမှာ ပြီးခဲ့တဲ့ ငါးလတာအတွင်း ကျေးရွာ ၄၀ လောက်က ဒေသခံတွေ ထွက်ပြေးနေသလို ဖမ်းဆီးခံရသူ ၇၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ကိုးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

အသက် ၁၀၆ နှစ်အရွယ် ထိုင်းအဘိုးအို World Masters ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးပြီး သမိုင်းသစ်ရေးထိုး

Dawei Watch

September 3, 2026

အဘိုးအို ဆာဝမ်ဂျန်ပရမ်ဟာ အသက် ၈၀ ပြည့်မှ ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန် စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အသက် ၉၇ နှစ်မှ စတင်ပြိုင်ပွဲဝင်ခဲ့တာပါ။

“နောက်ထပ် ၂၂ ဂိုးက ကျွန်တော့်ဘဝအတွက် အကြီးမားဆုံးအပြောင်းအလဲတစ်ခုကို ယူဆောင်လာပါလိမ့်မယ်” လို့ ပြောလိုက်တဲ့ စီရော်နယ်ဒို

Dawei Watch

September 3, 2026

သမိုင်းမှတ်တမ်းကို ရေးထိုးနိုင်ခဲ့ပြီးရင် စီရော်နယ်ဒိုဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဖြတ်သန်းမှုကို အဆုံးသတ်လိုက်ဖို့ နီးစပ်နေပါတယ်။