ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် ကျောင်းတွင်း သေနတ်ပစ်ခတ်မှု ထပ်ဖြစ်

Dawei Watch

September 2, 2026

ထိုင်းနိုင်ငံ ကန်ဖမ်းဖက်ခရိုင် အထက်တန်းကျောင်းတွင် သေနတ်ပစ်ခတ်မှု ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကန်ဖမ်းဖက်ခရိုင် Wachiraprakarn Witthayakhom စာသင်ကျောင်းထဲတွင် အသက် ၁၅ နှစ်အရွယ် ကျောင်းသားက သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသားက စာသင်ကျောင်းထဲ ဝင်လာပြီး ပစ္စတိုသေနတ်ဖြင့် ခြောက်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။ သေနတ်ပစ်ခတ်ချိန် ကျောင်းသားနှင့် ဆရာများက စာသင်ခန်းထဲတွင် တံခါးသော့ခတ်၍ နေထိုင်ခဲ့စေရန် ကျောင်းဘက်က ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူမရှိခဲ့ဘဲ သေနတ်ပစ်ခတ်သည့် ကျောင်းသားကို ရဲတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။ သေနတ်သမားသည် ကျောင်းရပ်နားခံထားရသော ကျောင်းသားဖြစ်ပြီး ကျောင်းထဲ ရန်ဖက်ကို လာရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။ သေနတ်ပစ်ခတ်ပြီးနောက် […]

ကားလမ်း ရေကြီးချိန် စပိဘုတ်ခရီးစဉ်လည်း ပိတ်ထားဆဲဖြစ်၍ ခရီးသွားများအခက်ကြုံ

Dawei Watch

September 2, 2026

မြိတ်- တနင်္သာရီ၊ တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းတို့တွင် ရေကြီးနေချိန် စပိဘုတ်ခရီးစဉ်များလည်း ပိတ်ထားဆဲဖြစ်သဖြင့် ခရီးသွားလာရန် အခက်အခဲဖြစ်နေကြကြောင်း ခရီးသွားများနှင့် ခရီးသည်တင်ယာဉ် လုပ်ငန်းရှင် များထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်ကို ကျော်လွန်ပြီး တနင်္သာရီမြို့နှင့် မြို့နယ်ထဲက ကျေးရွာများတွင် ရေကြီးရေလျှံနေသည်။ ဩဂုတ်လ ၃၀ ရက်ကစပြီး မြိတ်-တနင်္သာရီ -ကော့သောင်း ကားလမ်းပိုင်း နေရာအချို့ ရေကြီးနေပြီး ခရီးသည်တင် ယာဉ်များ ပိတ်မိကာ ခရီးသွားများ အခက်အခဲဖြစ်နေကြောင်း ခရီးသည်တင်ယာဉ် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “(ကားလမ်းမှာ ရေကြီးနေတာ) လေးနေရာလောက် ရှိတယ်။ လမ်းပိုင်းမှာ ကားဖြတ်လို့ မရဘူး။ ကားအချင်းချင်း ဟိုဘက် ဒီဘက် ခရီးသည်ချိန်းရတယ်။ ခရီးသွားတွေကို လှေနဲ့တစ်ဆင့် ပြန်ကူးပေးပေါ့။ ရေလမ်းကလည်း မရသေးတော့ ဒီလိုပဲ […]

ထိုင်းတွင် မြန်မာလုပ်သား ၁၃၀ နီးပါး နစ်နာကြေးမရဘဲ အလုပ်ရပ်နားခံရ

Dawei Watch

September 2, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် မီးကြိုးစက်ရုံတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၁၃၀ နီးပါးသည် နစ်နာကြေးမရရှိဘဲ ရုတ်တရက် အလုပ်ရပ်နားခံရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အလုပ်ရပ်နားခံရသော မြန်မာအလုပ်သမားများတွင် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၀၄ ဦး စုစုပေါင်း ၁၂၉ ဦး ပါဝင်ပြီး အများစုသည် လုပ်သက် ငါးနှစ်မှ ခြောက်နှစ်အထိ ရှိသူများဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ စက်ရုံ ဒေဝါလီခံ၍ ပိတ်သိမ်းတော့မည်ဟု ဩဂုတ်လ ၃ ရက်နေ့တွင် အလုပ်သမားများကို ပြောဆိုပြီးနောက် မြန်မာအလုပ်သမားများကို လုပ်သက်နစ်နာကြေး မပေးဘဲ အလုပ်မှ ရပ်နားခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် အလုပ်သမားများက လုပ်သက်နစ်နာကြေး ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန် ဩဂုတ်လ ၃၁ […]

မော်လမြိုင်မြို့လယ်ခေါင် ဓားပြတိုက်မှု လူခြောက်ဦးကို ဖမ်းဆီး

Dawei Watch

September 2, 2026

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နေအိမ် ဓားပြတိုက်မှုတွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မြို့ခံများက ပြောသည်။ ဩဂုတ်လ ၂၈ ရက် နံနက် ၄ နာရီဝန်းကျင်က ကမ်းနားလမ်းရှိ ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ်ထဲသို့ အနက်ရောင် မျက်နှာဖုံး စွပ်ထားပြီး လက်အိတ်များ ဝတ်ဆင်ကာ သေနတ် ကိုင်ဆောင်ထားသည့် လူတစ်စု ဝင်ရောက် ဓားပြတိုက်ခဲ့သည်။ ဓားပြတိုက်ခံရမှုတွင် စာရွက်စာတမ်းများနှင့် ရွှေ၊ ငွေ၊ စိန်ထည်ပစ္စည်း စုစုပေါင်း ကျပ်သိန်း ငါးသောင်းကျော် တန်ဖိုး ပါသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဓားပြတိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အဓိက ပါဝင်ခဲ့သူဆိုသည့် မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်က အိမ် […]

ထားဝယ် ရေဝိုင်းရွာဝန်းကျင်ကို လေယာဥ်ဖြင့်ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုး

Dawei Watch

September 2, 2026

ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာအုပ်စု၊ ရေဝိုင်းကျေးရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က စက်တင်ဘာလ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် လေယာဥ်ဖြင့် ဗုံးကြဲခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည်။ K8W ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့ပြီး တောင်ကုန်းတစ်ခုတွင် ဗုံးကျရောက်ပေါက်ကွဲကာ လူထိခိုက်မှု မရှိကြောင်း ထားဝယ်အရှေ့တောဒေသ အပါအဝင် ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားလေ့ရှိသည့် က္လားသစ္ဏတ် (ကျားသစ်နက်) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဗုံးကြဲခံရစဥ် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု တစ်စုံတစ်ရာ မရှိကြောင်း ၎င်းက ဆိုသည်။ “မနေ့က လေကြောင်းကြဲတာက တိုက်ပွဲမဖြစ်ဘဲကြဲတာ။ နှစ်ဖက်ထိတွေ့မှုက (သြဂုတ်လ ၂၉) တစ်ရက်ပဲ ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။ သြဂုတ်လ ၂၉ ရက်တွင် ထားဝယ်မြို့ဘက်မှ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဘက်သို့ သွားမည့် […]

သရက်ချောင်းမြို့နယ် တောင်ဘက်ကို စစ်ကြောင်းထိုးနေ၍ ဒေသခံများ ထွက်ပြေး

Dawei Watch

September 2, 2026

သရက်ချောင်းမြို့နယ် တောင်ဘက်ပိုင်းကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသဖြင့် မြိတ်-ထားဝယ် ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ “အောက်ဘက်က ရွာတွေမှာ ဒေသခံ အတော်များများ ထွက်ပြေးနေကြတယ်။ မြိတ်ဘက်က အတက်ကားတွေတော့ ပုံမှန်အတိုင်း သွားနေတယ်။ ထားဝယ်ကနေ မြိတ်ကို ဆင်းတဲ့ကားတွေတော့ အခုနေ့လယ်အထိ သိပ်ပြီး ဆင်းလာတာ မတွေ့ရဘူး။ ဒေသတွင်း သွားလာတဲ့ကားတွေလောက်ပဲ ရှိတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ စစ်ကြောင်းသည် သရက်ချောင်းမြို့အထွက် ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲစပ်၊ ပိတိုင်၊ ပြင်းဖြူကြီးရွာမှ ဝင်းဝစခန်းအထိ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းတစ်လျှောက်ကို ဩဂုတ်လ ၂၆ ရက်မှ စတင်ကာ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း […]

တိုင်းစစ်အစိုးရနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ရင်းနှီးမြှုပ်နှံမှုအရေး ထားဝယ်တွင်တွေ့ဆုံ

Dawei Watch

September 2, 2026

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသမှာ ထိတွေ့တိုက်ပွဲတွေ ရှိနေသလို ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင် နေရပါတယ်။