ဆာကပေါတပ်ရင်းကို KTLA ထုတ်ပယ်
Dawei Watch
August 31, 2026KNU နဲ့ ပူးပေါင်းလို့ ထုတ်ပယ်တာလို့ ဆိုပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါKNU နဲ့ ပူးပေါင်းလို့ ထုတ်ပယ်တာလို့ ဆိုပါတယ်။
“လမ်းဘေး သူတို့စီးလာတဲ့ ဆိုင်ကယ်နားမှာပဲ အလောင်းတွေကို ထားခဲ့တယ်။ နှစ်ယောက်လုံးက ယောက်ျားငယ်တွေ၊ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတယ်”
ရေကြီးနစ်မြုပ်နေတာ ကြာလာတော့ သောက်သုံးရေ၊ အစားအသောက်နဲ့ ဆေးဝါး လိုအပ်ချက်လည်း မြင့်မားလာနေတယ်လို့ဆိုပါတယ်။
အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ရောင်းချနေတာကြောင့် တားမြစ်လုပ်ငန်းတွေ လုပ်ကိုင်မှုနဲ့ ဖမ်းဆီးခဲ့တာပါ။
စခန်းကြီးသုဓမ္မာပဝါရဏာဂိုဏ်းကြီး၏ ဒုတိယဂိုဏ်းချုပ်ဆရာတော် ဘန္ဒန္တ သံဝရ မထေရ်သည် သက်တော် ၈၈ နှစ် ဝါတော် ၆၈ ဝါ တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။ ဆရာတော် ပျံလွန်တော် မမူမီအထိ ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာ သစ်တိုထောင့်ကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်အဖြစ် သာသနာရေးတာဝန်များအား ထမ်းဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းအပြင် စခန်းကြီးသုဓမ္မပဝါရဏာဂိုဏ်းကြီး၏ ဒုတိယဂိုဏ်းချုပ်တာဝန်ဖြင့်လည်း သာသနာရေး တာဝန်များကို ဆောင်ရွက်ခဲ့ကြောင်း ဆရာတော်၏တပည့် ဒါယကာများက ဆိုသည်။ ဆရာတော်သည် သာသနာရေးတာဝန်များကို ထမ်းဆောင်နေစဉ် ဝါခေါင်လပြည့်ကျော် ၁ ရက် (ဩဂုတ်လ ၂၉ရက်) နံနက် ၁၁ နာရီခွဲကျော်တွင် အသက်ကြီးရောဂါဖြင့် သစ်တိုထောင့်ကျောင်းကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း တပည့်တကာများထံမှ သိရသည်။ […]
နီပေါနိုင်ငံက ထရီရှူလီချိုင့်ဝှမ်းဒေသမှာ ဖြစ်ပွားသွားခဲ့တဲ့ ရေကြီးမြေပြိုမှုဖြစ်စဉ်ကြီးထဲကနေပြီး ကျောင်းသား၊ ကျောင်းသူ ၁,၆၀၀ ကျော်ကို ကယ်တင်ပေးနိုင်ခဲ့တဲ့ ကျောင်းအုပ်ကြီး ရာဂျင်ဒြာ ဒါဝါဒီ ဟာ ကမ္ဘာတစ်ဝန်းဆီက လူသားချင်းစာနာမှုဆိုင်ရာ ချီးကျူးဂုဏ်ပြုမှုတွေကို ရရှိနေပါပြီ ဖြစ်ပါတယ်။ သူ့ရဲ့ အမြော်အမြင်ကြီးမားမှု၊ ချိန်သားကိုက်ဆုံးဖြတ်မှုတွေနဲ့ အသက်ကယ်တင်ပေးခဲ့တာပါ။ အင်္ဂလိပ်စာပြဆရာလည်းဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် ရာဂျင်ဒြာဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ရေတက်လာနေပြီ ဆိုတဲ့အကြောင်းကို သူငယ်ချင်းဖြစ်သူက သူ့ဆီ အရေးပေါ် ဖုန်းခေါ်ဆိုပြောပြလို့ သိရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့စာသင်ကျောင်းဟာ မြစ်ရေပြင်အထက် ပေ ၂၀၀ အမြင့်မှာ တည်ရှိနေတဲ့ Tribhuvan Trishuli အလယ်တန်းကျောင်းဖြစ်တယ်လို့ နီပေါသတင်းမီဒီယာတွေက အတည်ပြုရေးသားထားပါတယ်။ သူငယ်ချင်းဆီကနေပြီး သတိပေးချက်ကို လက်ခံရရှိလိုက်ချိန်မှာ ကျောင်းသား ၉၀၀ က ကျောင်းကို ရောက်ရှိ […]
တနင်္သာရီမြို့မြစ် အန္တရာယ် ရေအမှတ်ကို ကျော်လွန်နေသလို ဆက်လက်တိုးနေသဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေပြီး လူဦးရေထောင်နှင့်ချီ ပြောင်းရွှေ့နေရကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၂၉ရက် နံနက်ပိုင်းမှစတင်ကာ တနင်္သာရီမြို့ပေါ်နှင့် ကျေးရွာအချို့ရှိ နေအိမ်များ ရေနစ်မြုပ်နေပြီး ယနေ့ ဩဂုတ်လ ၃၀ ရက်လည်း ရေထပ်တိုးနေကြောင်း ၎င်းတို့က ဆိုသည်။ ဩဂုတ်လ ၂၉ ရက်တွင် ရေဘေးလွတ်ရာ ပြောင်းရွှေ့ကြသူများလာပြီး လမ်းများတွင်လည်း ဆိုင်ကယ်ဖြင့် သွားလာ၍ မရတော့ဘဲ လှေအသုံးပြု သွားလာနေရကြောင်း ပဝရွာဒေသခံတစ်ဦးက ပြောဆိုသည်။ “တချို့အိမ်တွေက အိမ်ခေါင်မိုးပဲ ပေါ်တော့တယ်။ ရေက ဆက်တိုးနေတယ်။ နှစ်ထပ်အိမ်တွေဆိုလည်း ခြေတံ နိမ့်တဲ့အိမ်တွေ ရေစမြုပ်နေပြီ။ ပြောင်းရွှေ့တဲ့သူတွေက ပိုများလာတယ်” ဟု ၎င်းက ပြောသည်။ တနင်္သာရီမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ […]
တနင်္သာရီမြစ်ရေသည် ယနေ့ သြဂုတ်လ ၃၁ ရက် နံနက်တွင် အန္တရာယ်ရေအမှတ်ကို ကျော်လွန်သွားပြီဖြစ်ပြီး မြို့ပေါ်ရှိ နေအိမ်အချို့တွင် အပေါ်ထပ်အထိ ရေဝင်နေကြောင်း တနင်္သာရီမြို့ခံများက ပြောသည်။ တနင်္သာရီမြစ်ရေ၏ အန္တရာယ်ရေအမှတ်သည် ၂၄ ပေဖြစ်ပြီး ယနေ့ နံနက်တွင် ၂၄ ပေ ၆ လက်မကျော်နေပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မြစ်ရေတက်မှုကြောင့် မြို့ပေါ်ရပ်ကွက် နှစ်ခုဖြစ်သည့် ချောင်းကြီး၊ ချောင်းငယ် နှစ်ရပ်ကွက်စလုံး ရေဝင်နေပြီး မြို့၏ သုံးတစ်ပုံခန့် ရေလွှမ်းနေကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ “တချို့အိမ်တွေက အောက်ထပ်မြုပ်နေပြီ။ တချို့အိမ်တွေက အပေါ်ထပ်မှာပါ ရေဝင်နေပြီ။ အခြေအနေ စောင့်ကြည့်နေသူတွေလည်း ရွှေ့ကြပြောင်းကြတာတွေ စလုပ်နေကြပါပြီ” ဟု ၎င်းက ပြောသည်။ ယနေ့ မိုးရွာနှုန်း အနည်းငယ်နည်းနေပြီး မြို့တွင်းရှိ ရေကိုလည်း […]