ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်သွားမည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ လက်နက်များ သိမ်းဆည်းရမိ

Dawei Watch

August 29, 2026

ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) သို့ အင်အားဖြည့်တင်းရန် သွားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းကို ယနေ့ ဩဂုတ်လ ၂၉ ရက် နံနက်အစောပိုင်းတွင် တော်လှန်ရေး အင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ထားဝယ်မြို့ဘက်မှ ထွက်လာသည့် အဆိုပါ ခြေလျင်စစ်ကြောင်းကို ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၂ နာရီဝန်းကျင်ကြာ ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။ ယင်းတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ က္လားသစ္ဏတ် (ကျားသစ်နက်)၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု (DEF)၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)နှင့် အရှေ့တောစင်္ကြာစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်အာဏာရှင်တပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး […]

တနင်္သာရီ ရေခမ်းချောင်းရွာတွင် စစ်အာဏာရှင်တပ် နေအိမ်အချို့ကို မီးရှို့

Dawei Watch

August 29, 2026

တနင်္သာရီမြို့နယ်၊ ဇဝဲ-တကူလမ်းပိုင်းပေါ်ရှိ ရေခမ်းချောင်းရွာကို စစ်အာဏာရှင်တပ်စစ်ကြောင်း‌ ဝင်ရောက်လာပြီးနောက် နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ မြိတ်မြို့နယ်၊ တုံးဗျောရွာမှ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ဖွဲ့သည် သြဂုတ်လ ၂၈ရက် နံနက်ပိုင်းတွင် ရေခမ်းချောင်းရွာသို့ ရောက်ရှိလာသည်။ ယင်းနောက် ညနေပိုင်းတွင် နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အိမ်တွေကိုလည်း မီးရှို့နေတယ်။ လက်နက်ကြီးတွေလည်း ပစ်နေတယ်။ မီးခိုးတွေ မြင်နေရတယ်” ဟု အထက်ပါ ဒေသခံက ဩဂုတ်လ ၂၈ရက် ညနေပိုင်းအခြေအနေကို ပြောဆိုသည်။ စစ်ကြောင်းဝင်ရောက်လာပြီးနောက် ရေခမ်းချောင်းရွာက ဒေသခံများထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ရွာထဲတွင် စစ်အာဏာရှင်တပ်သားများသာ ရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စစ်သား (စစ်အာဏာရှင်တပ်ဖွဲ့ဝင်) တွေ ဝင်လာရင် ကြောက်ပြီး ထွက်ပြေးနေရတယ်။ အနီးဝန်းကျင်က ရွာသားတွေလည်း ပြေးနေရတယ်” […]

တနင်္သာရီမြစ်ရေတက်ပြီး ကျေးရွာအချို့ ရေကြီးပြီး ဒေသခံအချို့ ပြောင်းရွှေ့

Dawei Watch

August 28, 2026

တနင်္သာရီမြစ်‌ရေတက်လာသဖြင့် ယနေ့ ဩဂုတ်လ ၂၈ရက် နံနက်ပိုင်းတွင်တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ ရေကြီးနေကြောင်း ဒေသခံများက ပြောသည်။ ‌မြစ်‌ရေတိုးလာသောကြောင့် ရေနစ်မြုပ်နေသည့် တစ်ထပ်အိမ်များသည် စတင်ပြောင်းရွှေ့နေကြပြီး ခြေတံရှည်အိမ်များမှာ ပြောင်း‌ရွေ့ခြင်း မရှိသေးကြောင်း ထုံမခါရွာ ဒေသခံတစ်ဦးက ဆိုသည်။ “ရေက ညကတည်းက စတင်ဝင်လာတယ်။ လင်း(နံနက်) နဲ့ အိမ်တွေ၊ လမ်းတွေ မြုပ်နေပြီ။ ထုံမခါရွာမှာက သုံးအိမ်လေးအိမ်လောက် မြုပ်နေပြီ” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ မြစ်ရေတိုးလာသောကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ မမသောင်ရွာ၊ ညောင်ပင်ကွင်းရွာ၊ ထုံမခါရွာ၊ လယ်တောင်ယာရွာ၊ မော်တုန်းရွာ၊ ပဝရွာနှင့် ကွင်းသစ်ရွာတို့တွင် မြေနိမ့်ပိုင်းရှိ နေအိမ်နှင့် လမ်းအချို့ ရေကြီးနစ်မြုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြစ်‌နှင့် ဆက်စပ်နေသည့် ချောင်းများမှတစ်ဆင့် ရေများဝင်ရောက်လာသလို အင်းရေများ တိုးလာခြင်းကြောင့် […]

သရက်ချောင်းတွင် စိတ်ကျန်းမာရေးမကောင်းသည့်လူငယ်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးနှိပ်စက်

Dawei Watch

August 28, 2026

သရက်ချောင်းမြို့နယ်တောင်ဘက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းဘေး ကျွဲစပ်ရွာက စိတ်ကျန်းမာရေး မကောင်းသည့်လူငယ်အမျိုးသားတစ်ဦးကို စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖမ်းဆီးနှိပ်စက်ခဲ့သဖြင့် ဆေးရုံတင်ထားရသည်ဟု ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဩဂုတ်လ ၂၆ ရက်တွင် ဆင်ကူးရွာကိုရောက်ရှိနေပြီး နောက်ရက်တွင် ဘုတ်ကိုင်း၊ ကျွဲစပ်ကျေးရွာဘက်ကို စစ်ကြောင်းဆက်ထိုးလာသည်ဟု ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၂၈ ရက်မနက်ပိုင်းတွင် ကျွဲစပ်ရွာကိုရောက်ရှိချိန် စစ်အာဏာရှင်တပ်သားများက ယင်းလူငယ်အမျိုးသားကို ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်ခဲ့ခြင်းဖြစ်သည်။ “စစ်တပ်က သူ့ကိုခေါ်တယ်။ မေးတယ်တဲ့ သူကစိတ်မနှံ့ဘူးဆိုတော့ ပြောချင်ရာလျောက်ပြောမှာပေါ့၊ အဲ့မှာစစ်တပ်က ရိုက်ချေခတ်ချေ(ရိုက်နှက်)ထားတာ လက်တွေဘာတွေလည်း ကျိုးကုန်တယ်လို့ပြောတယ်၊ မွန်းတည့်ပိုင်းမှာသူ့ကိုပြန်လွတ်ပေးခဲ့တယ်၊ သရက်ချောင်းဆေးရုံကိုတင်တော့ ဆေးရုံကလက်မခံလို့ ထားဝယ်ဆေးရုံကို ယူဆောင်သွားရတယ်လို့ပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးနှိပ်စက်ခံရသည့် လူငယ်မှာ အသက် ၂၉ နှစ်ရှိပြီဖြစ်ပြီး ရွာခေါ်အမည်မှာ ပယ်ပယ်ဖြစ်သည်ဟု ၎င်းက […]

ဥရောပ၏ သက်တော်ရှည် နော်ဝေးနိုင်ငံ၏ ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ် နတ်ရွာစံ

Dawei Watch

August 28, 2026

ဥရောပတိုက်၏ သက်တော်ရှည် ဘုရင်တစ်ပါးဖြစ်သော နော်ဝေးနိုင်ငံ၏ ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ်သည် သက်တော် ၈၉ နှစ်တွင် နတ်ရွာစံသွားပြီဖြစ်သည်။ ဘုရင်ကြီး နတ်ရွာစံတော်မူသော သတင်းကို ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် တော်ဝင်တရားရုံးက အသိပေးကြေညာခဲ့ပြီး ဘုရင်မင်းမြတ် နတ်ရွာစံသည့်အတွက် ဝမ်းနည်း ပူဆွေးကြောင်း ဝန်ကြီးချုပ် Jonas Gahr Støre ကလည်း ပြောသည်။ ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ်ကို ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖွားမြင်တော်မူခဲ့ပြီး ဩဂုတ်လ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၅ မိနစ်တွင် ကံကုန်ခဲ့ခြင်းဖြစ်သည်။ ဘုရင်မင်းမြတ်သည် သွေးအားနည်းရောဂါကြောင့် Oslo တက္ကသိုလ်ဆေးရုံကြီးတွင် ယခုနှစ် ဩဂုတ်လကတည်းက […]

တနင်္သာရီ ရေခမ်းချောင်းရွာကို စစ်ကြောင်းထိုး၊ ဇဝဲမှ ရေခမ်းချောင်းအထိ လမ်းပိတ်

Dawei Watch

August 28, 2026

စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ လေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

သရက်ချောင်း စော်ဖျားရွာ သေနတ်ဒဏ်ရာဖြင့် အမျိုးသားအလောင်းထပ်တွေ့

Dawei Watch

August 28, 2026

စစ်အာဏာရှင်တပ်စစ်ကြောင်းဟာ ဒေသခံတွေကို လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်တာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ် ခြိမ်းခြောက် အဓမ္မပြောင်းခိုင်းသဖြင့် သကန်ရွာဟောင်း ရွာလုံးကျွတ်ပြောင်း‌ရွှေ့

Dawei Watch

August 28, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်ရွာဟောင်းရှိ ‌ဒေသခံများသည် စစ်အာဏာရှင်တပ်က ဩဂုတ်လ ၂၇ရက် နောက်ဆုံးထားပြီး ရွာမှ အဓမ္မပြောင်းခိုင်းသဖြင့် ရွာလုံးကျွတ်ပြောင်းရွှေ့ရကြောင်း ဒေသခံများက ပြောသည်။ သြဂုတ်လ ၂၆ရက် ညနေတွင် စစ်အာဏာရှင်တပ်က သကန်ရွာဟောင်းရှိ ဒေသခံများကို ပြောင်းရွှေ့ခိုင်းသဖြင့် ‌‌ဒေသခံများ ညတွင်းချင်း စတင်ရွှေ့ပြောင်းကြရကြောင်း ဒေသခံများက ဆိုသည်။ ၂၇ရက်တွင်လည်း ဆက်လက်ပြောင်းရွှေ့ကြပြီး လက်ရှိတွင် ရွာ၌ နေထိုင်သူ မရှိတော့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “တိရစ္ဆာန်တွေကို ထားခဲ့သူများလည်း ရှိတယ်။ လူပဲ အရင်ပြောင်းသွားကြတယ်။ ပြောင်းခိုင်းတော့ ကြောက်ပြီး ပြောင်းရတာပဲ” ဟု အထက်ပါဒေသခံက ပြောသည်။ သကန်ရွာဟောင်းတွင် နေထိုင်သူများသည် ကျွဲ၊ နွား၊ ဆိတ် စသည့် မွေးမြူရေးလုပ်ငန်း အဓိက လုပ်ကိုင်ကြပြီး ယခုပြောင်း‌ရွှေ့သည့် အနီးဝန်းကျင်ရှိ […]