ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်ကြောင်းဝင်လာပြန်၍ ဒေသခံများ မိုးထဲရေထဲ ထပ်မံထွက်ပြေး

Dawei Watch

August 27, 2026

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ စစ်အာဏာရှင်တပ်က အင်အားဖြည့်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဒေသခံများ မိုးထဲရေထဲ ထပ်မံထွက်ပြေးနေကြရကြောင်း စစ်ဘေးရှောင် ဒေသခံများထံမှ သိရသည်။ အင်အား ၆၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၁ ရက်တွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ဝက်ချောင်းကျေးရွာသို့ စတင်စစ်ကြောင်းထိုးလာပြီး ဩဂုတ်လ ၂၂ ရက်တွင် စစ်ကြောင်း ပြန်ဆုတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုစစ်ကြောင်း ပြန်ဆုတ်သွားပြီးနောက် ၅ ရက်ခန့်အကြာ မနေ့ (ဩဂုတ် ၂၆) ညပိုင်းတွင် စစ်အင်အား ၁၀၀ ကျော်ဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ညသန်းခေါင် ဝင်လာတယ် ၁၁ နာရီလောက်ရှိမယ်၊ဝက်ချောင်းဘက်ထွက်သွားတယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။ ထို့ကြောင့် […]

တနင်္သာရီမြစ်ရေ ညတွင်းချင်း ပြန်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုများ စဖြစ်

Dawei Watch

August 27, 2026

တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် ညတွင်းချင်း ရေပြန်လည်တိုးလာသဖြင့် မြစ်ကမ်းနံဘေးရှိ ကျေးရွာများတွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ယခု ရေတိုးလာမှုသည် ဒုတိယအကြိမ် ပြန်လည်မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့(ဩဂုတ် ၂၇) နံနက်ပိုင်းတွင် တနင်္သာရီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာအချို့၌ မြစ်ကမ်းပါးများပြိုကျကာ သစ်ပင်များ လဲကျသွားကြောင်း ရေပေါ်ရွာ ဒေသခံတစ်ဦးက ဆိုသည်။ “မိုးကတစ်နေ့နဲ့တစ်ည တအားရွာလိုက်တယ်။ တအားတိုးလာတယ်။ အသံအကျယ်ကြီးကြားရတယ်။ မနက်ကမြေပြိုတာ ရေပေါ်(ရွာ)မှာကို နှစ်နေရာပြိုကျတယ်။ ပထမအကြိမ်ရေကြီးပြီး ပြန်ဆင်းတုန်းကလည်း မြေတွေ ပြိုသေးတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ ထို့အပြင် တနင်္သာရီမြစ်အတွင်းရှိ ဒေသခံများ သီးနှံစိုက်ပျိုးထားသည့် သဲသောင်ကျွန်းများလည်း ရေမြုပ်သွားပြီး မြစ်ကမ်းတစ်လျှောက် မြေပြိုမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း တကူရွာ ဒေသခံတစ်ဦးက ပြောသည်။ […]

သရက်ချောင်းတွင် စစ်အာဏာရှင်တပ်က ဒေသခံများကို ဆက်တိုက်ဖမ်းဆီးနေ

Dawei Watch

August 27, 2026

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က ဒေသခံများကို ဆက်တိုက်ဖမ်းဆီးစစ်ဆေးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ သရက်ချောင်းမြို့နယ် မြောက်ဘက်ခြမ်း တစ်ကြောကို စစ်ကြောင်းထိုးခဲ့သည့် စစ်အာဏာရှင်တပ်က ဩဂုတ်လ ၂၂ ရက်တွင် ညောင်ဇင်၊ ရန်တောင်၊ သင်းကျွန်း၊ သရက်နှစ်ခွ၊ ဥတ္တူ စသည့် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာပြီး ဥတ္တူရွာမှ ဒေသခံအချို့ကို ဖမ်းဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့နောက် ဩဂုတ်လ ၂၆ ရက်တွင်လည်း ဥတ္တူရွာမှ ဒေသခံများကို ထပ်မံဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “မနေ့ညက စစ်ကြောင်းပြန်ထွက်ချိန် အကုန်လုံးကိုပြန်လွှတ်ပေးခဲ့တယ်လို့ပြောတယ်၊ ည ၉ နာရီလောက်မှာပြန်ထွက်သွားတယ်” ဟု ၎င်းက ပြောသည်။ ဩဂုတ်လ ၂၄ ရက်ခန့်ကလည်း စစ်အာဏာရှင်တပ် စစ်ကြောင်း ဥတ္တူရွာဘက်သို့ ဝင်ရောက်လာစဉ် […]

ထိုင်းတွင် အီး-စီးကရက်အရည်ထဲ မူးယစ်ဆေးနှင့် မေ့ဆေး ပေါင်းစပ်အသုံးပြုထားကြောင်းတွေ့ရှိ

Dawei Watch

August 27, 2026

ထိုင်းနိုင်ငံအတွင်း အီး-စီးကရက် (Vape) များတွင် ထည့်သွင်းအသုံးပြုနေသော အရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရာ မူးယစ်ဆေးနှင့် မေ့ဆေး ပေါင်းစပ်အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း ဩဂုတ်လ ၂၅ ရက်တွင် ဆေးပညာသိပ္ပံဌာနက သတိပေးချက် ထုတ်ပြန်သည်။ အီး-စီးကရက် အရည်များထဲတွင် မေ့ဆေးထည့်သွင်း အသုံးပြုမှုများကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က တွေ့ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ မေ့ဆေးနှင့် မူးယစ်ဆေး ပေါင်းစပ်ထည့်သွင်းထားသည်ကိုမူ ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ K-Pod နှင့် zombie e-cigarette ဟု ခေါ်သည့် အီး-စီးကရက် အရည်များကို ဓာတ်ခွဲခန်း၌ စစ်ဆေးရာ မေ့ဆေးအပြင် မူးယစ်ဆေးတစ်မျိုးဖြစ်သော စိတ်ကြွဆေး (methamphetamine hydrochloride) ၄ ရာခိုင်နှုန်းအထိ ပါဝင်နေသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ မေ့ဆေးသည် ဦးနှောက်နှင့် […]

ဖူးခက်တွင် နေ့ကလေးထိန်း မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 27, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် အခန်းထဲ နေ့ကလေးထိန်းပေးနေသည်ဟုဆိုကာ မြန်မာအမျိုးသမီးတစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၆ ရက်က ဖူးခက်မြို့ ဖိချစ်ဒေသတွင် မြန်မာအမျိုးသမီးတစ်ဦးက ကလေးများကို အခန်းထဲတွင် ထိန်းပေးနေသည်ဟု တိုင်ကြားချက်ရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စုံစမ်းခဲ့ကြောင်း ဖော်ပြသည်။ အခန်းထဲ စစ်ဆေးစဉ် မြန်မာအလုပ်သမားများ၏ ကလေးငယ် ၈ ဦးနှင့်အတူ အသက် ၄၀ နှစ်အရွယ် မကေသီလှိုင်အမည်ရှိ မြန်မာအမျိုးသမီးကို တွေ့ရကြောင်း ဖော်ပြသည်။ ကလေးငယ် တစ်ဦးလျှင် ဘတ် တစ်ထောင် ဖြင့် နေ့ဘက် မိဘများ အလုပ်သွားနေချိန် ထိန်းပေးနေခြင်းဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်နေသည်မှာ လေးလခန့်သာ ရှိသေးကြောင်း မြန်မာအမျိုးသမီးက ထွက်ဆိုသည်။ ခွင့်ပြုချက်မရှိဘဲ ငွေကြေးရယူ၍ ကလေးထိန်း ဝန်ဆောင်ပေးမှုကို လုပ်ကိုင်နေသဖြင့် […]

နီပေါ-တိဗက်နယ်စပ် ရေကြီးမြေပြိုမှု သေဆုံးသူ ၁၆၀ ကျော်လာ၊ တစ်ထောင်နီးပါး ပျောက်ဆုံး

Dawei Watch

August 27, 2026

နှစ်နိုင်ငံစလုံးမှာ သေဆုံးသူနဲ့ ပျောက်ဆုံးနေသူအရေအတွက် တိုးလာနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ကို မန်စီးတီး ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ ပြင်

Dawei Watch

August 27, 2026

ချယ်လ်ဆီးဟာ ဖာနန်ဒက်ဇ်ကို ရောင်းထုတ်လိုက်မယ်ဆိုရင် ကွင်းလယ်အားနည်းသွားနိုင်ပြီး ပြိုင်ဘက်ကို အားဖြည့်ပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။