ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘရိုက်တန် ကွင်းလယ်လူ ဘာလီဘာကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ သုံးပြီး မန်ယူခေါ်ယူ

Dawei Watch

August 27, 2026

မန်ယူရဲ့ နွေဈေးကွက်အသုံးစရိတ်က ပေါင်သန်း ၁၅၀ ကျော်အထိ မြင့်တက်ရောက်ရှိသွားပြီဖြစ်ပါတယ်။

မြိတ် သကန်ရွာ‌ဟောင်း ရွာသားများကို ဩဂုတ် ၂၇ရက် နောက်ဆုံးထား စစ်အာဏာရှင်တပ် ရွာက ပြောင်းခိုင်း

Dawei Watch

August 26, 2026

မြိတ်-တနင်္သာရီလမ်းပိုင်းမှတစ်ဆင့် ဝင်‌ရောက်ရသည့် သကန်ရွာဟောင်းကျေးရွာက ရွာသားများကို စစ်အာဏာရှင်တပ်ဖွဲ့က မနက်ဖြန် ဩဂုတ်လ ၂၇ရက် နောက်ဆုံးထား၍ ရွာမှပြောင်းရွေ့ခိုင်းကြောင်း ဒေသခံများက ပြောသည်။ သြဂုတ်လ ၂၂ရက် ညနေတွင် မ‌ဇောကျေးရွာအုပ်စု မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမပေါ်ရှိ သကန်တောင်ပုရွာ ရွှေကြက်ယက်ဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ထံ မြိတ်မြိုမှ ကားဖြင့် အင်အား၆၀ဖြည့်တင်းခဲ့ကြောင်း ‌တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ယင်းသို့ အင်အားဖြည့်ပြီးနောက် သြဂုတ်လ ၂၅ရက်တွင် သကန်ရွာဟောင်းနှင့် တောင်ပုရွာကို စစ်အာဏာရှင်တပ်သားများဝင်‌‌ရောက်လာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်လျှင် ရွာကို မီးရှို့မည်ဟု စစ်အာဏာရှင်တပ်က ခြိမ်းခြောက်ပြောဆိုကြောင်း ၎င်းက ပြောဆိုသည်။ သကန်ရွာဟောင်းနှင့် တောင်ပုရွာကို သကန်တောင်ပုရွာလမ်းဆုံမှ တစ်ဆင့် ဝင်ရောက်ရပြီး တစ်ဆက်စပ်တည်းရှိသည့်ရွာများဖြစ်သည်။ ယနေ့ သြဂုတ်လ၂၆ရက် ညနေတွင် သကန်တောင်ပုရွာရှိ စစ်အာဏာရှင်စစ်ဆေးရေးဂိတ်က တပ်သားများသည် သကန်ရွာဟောင်းတွင်နေထိုင်သူများကို ဩဂုတ်လ ၂၇ရက် အပြီးရွာမှပြောင်းရွေ့ကြရန် […]

နီပေါ-တိဗက်နယ်စပ်တွင် ရုတ်တရက် ရေလွှမ်းပြီး လူ ၃၀ ထက်မနည်း သေဆုံး၊ ခရီးသွား ၄၀၀ နီးပါး ပျောက်ဆုံး

Dawei Watch

August 26, 2026

နီပေါနိုင်ငံ တောင်ပေါ်ဒေသတွင် ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးပြီး ခရီးသွား ၄၀၀ နီးပါး ပျောက်ဆုံးနေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၂၆ ရက် အစောပိုင်းတွင် နီပေါ-တရုတ်နယ်စပ် တောင်ပေါ်ဒေသဖြစ်သော ရာစူဝါဒေသတွင် ရုတ်တရက် ရေလွှမ်းမိုးခဲ့ပြီး ရွာများစွာ ပျက်စီးကြောင်း ဖော်ပြသည်။ ရုတ်တရက် ရေလွှမ်းမိုးခဲ့သည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပညာရှင်များကမူ ငလျင်ကြောင့် ရေခဲတောင်ပေါ်က ရေခဲများ အရည်ပျော်ကာ မြစ်အတွင်းသို့ တဟုန်ထိုး စီးဆင်းလာသဖြင့် ရေနှင့် ရွှံ့များ ဒလဟော လွှမ်းမိုးလာခဲ့ခြင်းဖြစ်နိုင်ကြောင်း ကနဦးခန့်မှန်းထားသည်။ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ခရီးသွား ၃၈၄ ဦးသည် […]

ပါကစ္စတန် ဆေးရုံမီးလောင်မှု မွေးကင်းစကလေး တစ်ဒါဇင်ကျော် သေဆုံး

Dawei Watch

August 26, 2026

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်ရှိ အစိုးရဆေးရုံတစ်ခု၌ ယနေ့ ဩဂုတ်လ ၂၆ ရက်တွင် မီးလောင်ရာ မွေးကင်းစကလေးငယ် ၁၄ ဦးထက်မနည်း သေဆုံးကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ အဆိုပါ ဝမ်းနည်းဖွယ်ဖြစ်ရပ်သည် မွေးကင်းစကလေး အဆောင်အတွင်း ပေါက်ကွဲမှုတစ်ခုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ပါကစ္စတန် ကျန်းမာရေးဝန်ကြီးက ဆိုသည်။ အဆိုပါ မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်တွင် ပါကစ္စတန် ဆေးသိပ္ပံအင်စတီကျု၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၏ တတိယထပ်၌ စတင်ခဲ့ခြင်းဖြစ်ကြောင်း Geo TV သတင်းတွင် ဖော်ပြထားသည်။ သေဆုံးသူအရေအတွက်မှာ ၁၅ ဦးအထိ ရှိကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ လေအေးပေးစက် ပေါက်ကွဲပြီးနောက် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်ကျန်းမာရေးဝန်ကြီးက ပြောသည်။ အဆိုပါ အဆောင်အတွင်း အောက်ဆီဂျင်လုံလောက်စွာ […]

ထားဝယ်မြို့တွင် မိုးသည်းလေထန်ပြီး သစ်ပင်များကျိုးကျ

Dawei Watch

August 26, 2026

ထားဝယ်မြို့ ဆန်းချီရပ်ကွက်တွင် ယနေ့ ဩဂုတ်လ ၂၆ ရက် ညနေပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လမ်းမပေါ်သို့ သစ်ပင်များကျိုးကျခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ထားဝယ်မြို့ ဆန်းချီရပ်ကွက်၊ ဆန်းချီဈေးအနီးရှိ နေအိမ်ခြံဝင်းတစ်ခုမှ သစ်ပင်တစ်ပင် လေပြင်းကြောင့် အနီးရှိ ဓာတ်တိုင်ပေါ်လဲကျသွားကြောင်း ယင်းဓာတ်တိုင်မှာ လမ်းပေါ်ရှိ သုံးဘီးယာဉ် (အိုးဝေ) တစ်စီး ပေါ်ပိသွားကြောင်း မြို့ခံများက ပြောသည်။ ထို့အပြင် ဓာတ်တိုင်လဲကျသည့်နေရာနှင့် ဓာတ်တိုင် နှစ်တိုင်အကွာတွင်လည်း ကားတစ်စီးပေါ်သို့ သရက်ကိုင်း ကျိုးကျခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်မှု မရှိသော်လည်း လျှပ်စစ်မီးကြိုးများနှင့် ဓာတ်တိုင်အချို့ ပျက်စီးကာ လမ်းပိတ်ဆို့ခဲ့သည်။ အလားတူ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့ပေါ်ရှိ သူနာပြုသင်တန်းကျောင်းလမ်း၊ မြို့မရွှေဘုံသာ ဘုန်းကြီးကျောင်းဝင်းနှင့် သတ္တုရုံးဝင်းတို့တွင်လည်း သစ်ပင်များလဲကျခဲ့ကြောင်း သိရသည်။ […]

ချင်းမိုင်တွင် ဧည့်လမ်းညွှန်လုပ်၍ဟုဆိုကာ မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 26, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တရားမဝင် ခရီးသွားလုပ်ငန်းနှင့် ဧည့်လမ်းညွှန် လုပ်ကိုင်နေသည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးသည် ချင်းမိုင်မြို့တွင် ခရီးသွားလုပ်ငန်းများကို ပက်ကေ့ဂျ်အလိုက် ဆိုရှယ်မီဒီယာပေါ်၌ ရောင်းချနေသည်ဟု ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ခြင်း ဖြစ်သည်။ ယနေ့(ဩဂုတ် ၂၆)တွင် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ အဆိုပါ မြန်မာနိုင်ငံသားသည် ဟိုတယ်တစ်ခုမှ ခရီးသွားနှစ်ဦးကို ကားဖြင့်ကြိုယူကာ ချင်းမိုင်မြို့အတွင်းရှိ နာမည်ကြီး ဘုရားများ၊ ပန်းခြံနှင့် မြို့ဟောင်းတံခါးသို့ ပို့ဆောင်ပြီး ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရဟုဆိုသည်။ မြို့ဟောင်းတံခါး (ထာ့ဖယ်ဂိတ်) တွင် မြန်မာနိုင်ငံသားနှင့် ခရီးသွားနှစ်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းစဉ် ခရီးသွားနှစ်ဦးက ၎င်းကို ယခင်က သိကျွမ်းခဲ့ခြင်းမရှိဘဲ ဆိုရှယ်မီဒီယာပေါ်တွင် ကြော်ငြာရောင်းချသည့် ခရီးသွားပက်ကေ့ဂျ်ကို […]

တုံးဗျောတွင် စစ်အာဏာရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ လက်နက်များရရှိ

Dawei Watch

August 26, 2026

မြိတ်ခရိုင်၊တုံးဗျောကျေးရွာအုပ်စု၊တုံးဗျောကြီးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများ တုံးဗျောကြီးရွာဟောင်းကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ တုံးဗျောကြီးရွာ‌ဟောင်းကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများကို KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၃) က ဩဂုတ်လ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်အာဏာရှင်တပ်သားများထံမှ MA-1 တစ်လက်၊ MA-2 နှစ်လက်၊ MA-11 တစ်လက်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းတိုက်ပွဲအတွင်း KNDO တပ်ရင်း (၇)၊ တပ်ခွဲ […]

သဲဖြူရွာဟောင်းတွင် စစ်အာဏာရှင်တပ်သားများ မိုင်းဆွဲခံရ၊ ပစ်ခတ်မှုဖြစ်

Dawei Watch

August 26, 2026

တနင်္သာရီ-မောတောင် လမ်းပိုင်းမှတစ်ဆင့် ဝင်ရောက်ရသည့် သဲဖြူရွာဟောင်းသို့ စစ်အာဏာရှင်တပ်သားများက ခြေလျင်စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် တနင်္သာရီ-မောတောင် လမ်းပိုင်းပေါ်ရှိ သဲဖြူရွာ၌ တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများသည် သဲဖြူရွာဟောင်းဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနီးနားရှိ ရွာသားများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း အထက်ပါ တပ်ဖွဲ့ဝင်များက ပြောသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် သဲဖြူရွာဟောင်းဝန်းကျင်ရှိ ဒေသခံပြည်သူများသည် နေအိမ်သို့ ပြန်လည်ဝင်ရောက်ကာ ပစ္စည်းများ ယူဆောင်နေစဉ် စစ်အာဏာရှင်တပ်သားများက လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် ဒုတိယအကြိမ် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “မိုင်းဆွဲလိုက်တာတော့ သူတို့တွေ […]