ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်ကောက်တွင် မြန်မာအမျိုးသမီးကို သတ်ပြီးထွက်ပြေးနေသူကို မြန်မာနိုင်ငံတွင် ဖမ်းမိ

Dawei Watch

June 13, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်သွားခဲ့သော အမျိုးသားကို မြန်မာနိုင်ငံဘက်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဇွန်လ ၁၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် သံသယရှိသူ အသက် ၃၆ နှစ်အရွယ် ကိုအောင်ပြည့်ကို ဟင်္သာတမြို့မရဲစခန်းက ၎င်းနေထိုင်ရာ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြသည်။ ဇွန်လ ၁၁ ရက် ညက ဘန်ကောက်မြို့ ရတ်ချထေဝီနယ်မြေ မက်ကစမ်ဒေသ ရတ်ချာပရာဝပ်လမ်းရှိ တိုက်ခန်းထဲတွင် အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ်အမည်ရှိ မြန်မာအမျိုးသမီးတစ်ဦး ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ထစ်ထားသည့်ပုံစံဖြင့် အသတ်ခံရခြင်းဖြစ်သည်။ အပိုင်းပိုင်းခုတ်ထစ်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို အခန်းအနောက် ဝရန်တာရှိ ပလပ်စတစ်ပုံးထဲသို့ ထည့်ထားသည်ကို ရဲတပ်ဖွဲ့က […]

ရေဖြူ၊ နဘုလယ်ဒေသကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး

Dawei Watch

June 13, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ နဘုလယ်ဒေသအား စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၇၀ ကျော်ရှိသည့် စစ်အာဏာရှင်တပ်သည် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းကစပြီး နဘုလယ်ဒေသ ထိန်ကြီးကျေးရွာမှတစ်ဆင့် လဲရှောင်စသည့် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ကြောင်း နဘုလယ်ဒေသခံအချို့က ပြောသည်။ ယင်းသို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေစဉ် လမ်းတစ်လျှောက် တွေ့ရှိရသည့် ဒေသခံအမျိုးသား၊ အမျိုးသမီး နှစ်ဆယ်ထက်မနည်းကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “လဲရှောင်ရွာကို စစ်ကြောင်းရောက်တာနဲ့ ဖမ်းထားသူတွေ အားလုံး ပြန်လွှတ်လိုက်တယ်၊ ပစ်တာခတ်တာတော့ မရှိဘူး” ဟု ၎င်းဒေသခံအမျိုးသမီးက ပြောသည်။ ထိုစစ်ကြောင်းတွင် ပါဝင်သည့် စစ်အာဏာရှင်တပ်သားများက လောင်စာဆီပုံးများ သယ်ဆောင်လာသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ရွာထဲမှာ သူတို့က ပြောခဲ့တယ်။ […]

၁၃ နှစ်အရွယ် ထားဝယ်သား ထိုင်းတောတွင်းခရီးကြမ်း ဆိုင်ကယ်ပြိုင်ပွဲတွင် ပထမဆုရရှိ

Dawei Watch

June 13, 2026

ဆယ်ကျော်သက်အရွယ် ထားဝယ်သားကလေးငယ်တစ်ဦး ထိုင်းနိုင်ငံတွင်ကျင်းပသည့် တောတွင်းခရီးကြမ်း ဆိုင်ကယ်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြောင်း သိရသည်။ ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာဇာတိဖြစ်သည့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဇော်ခန့်က ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်တွင် ဇွန်လ ၇ ရက်နေ့က ကျင်းပသည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ၎င်း၏ အုပ်ထိန်းသူက ပြောသည်။ အသက် ၁၅ နှစ်အောက် ကလေးများဝင်ရောက်ယှဉ်ပြိုင်သည့် အဆိုပါပြိုင်ပွဲမှာ ၂၅ ကီလိုမီတာအကွာအဝေးကို ၃ နာရီအတွင်း ပန်းဝင်နိုင်ရန်မောင်းနှင်ရသည့် တောတွင်းခရီးကြမ်းပြိုင်ပွဲဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ထိုင်းနိုင်ငံသားကလေးငယ် ၁၅ ဦးနှင့်အတူ မောင်ပြည့်ဇော်ခန့်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း အုပ်ထိန်းသူက ဆိုသည်။ အဲဒီပြိုင်ပွဲတွင် မောင်ပြည့်ဇော်ခန့်အပါအဝင် ကလေး ၄ ဦးသာ သတ်မှတ်ချိန်အတွင်း ပန်းဝင်နိုင်ခဲ့ပြီး နောက်ထပ် ကလေးနှစ်ဦးက သတ်မှတ်ချိန်လွန်မှ ပန်းဝင်နိုင်ကာ ကျန်သည့်ပြိုင်ပွဲဝင်ကလေးများက ခရီးဆုံးသည်အထိ […]

ပုလော ဆင်ထိုးကြီးရွာတွင် ဆယ်ကျော်သက်တစ်ဦး မြေမြှုပ်မိုင်းနင်းမိ

Dawei Watch

June 12, 2026

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာတွင် ဇွန်လ ၁၁ ရက် ညနေ ၅ နာရီခန့်က ဆယ်ကျော်သက် ယောင်္ကျားလေးတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်အပြင်းအထန်ဒဏ်ရာရကာ ဆေးရုံတင်ထားရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၁၇နှစ်အရွယ် ယောင်္ကျားလေးသည် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးနှင့် အုန်းသီးစိမ်း ခူးရန် ၎င်း၏ နေအိမ်ခြံဝင်းထဲရှိ အုန်းပင်သို့သွားစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ညာခြေတစ်ဖက်တော့ ကြေမွသွားတယ်လို့ပြောတယ်။ မနေ့ညက ပလောက်ဆေးရုံကိုတင်ထားတယ်” ဟု ဆင်ထိုးကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ အဆိုပါ ယောင်္ကျားလေး၏ မိသားစုသည် ကျောက်လုံးကြီးရွာတွင် စစ်ဘေးရှောင်နေခြင်းဖြစ်ပြီး အုန်းသီးခူးစာရန် ရွာသို့ လာရာမှ မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “စစ်ဘေးရှောင်နေရတဲ့မိသားစု၊ အခုက တဲကုတ်ထိုးပြီး နေနေကြတယ်။ ဆင်းကလည်း ဆင်းရဲ […]

တောင်ကိုရီးယားသမ္မတဟောင်း ထောင်ဒဏ် နှစ် ၃၀ချမှတ်ခံရ

Dawei Watch

June 12, 2026

ရာထူးမှ ဖယ်ရှားခံထားရသည့် သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်အား တောင်ကိုရီးယားတရားရုံးတစ်ခုက ယနေ့ ဇွန်လ ၁၂ ရက်တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်သည်။ မြောက်ကိုရီးယားပိုင်နက်အတွင်းသို့ စစ်ဘက်သုံးဒရုန်းများ ပျံသန်းစေလွှတ်ခဲ့မှုနှင့် ဆက်စပ်၍ တရားရုံးက ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်သည် ၂၀၂၄ ခုနှစ်က မအောင်မြင်ခဲ့သည့် ၎င်း၏ စစ်အုပ်ချုပ်ရေးကြေညာမှုအတွက် အကြောင်းပြချက် ဖန်တီးသည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ စစ်ဘက်သုံးဒရုန်းများ လွှတ်တင်ခဲ့သည်ဆိုသည့် စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။ သမ္မတဟောင်းယွန်းသည် အဆိုပါ ဒရုန်းစေလွှတ်ပျံသန်းစေမှုကို ၎င်း၏ စစ်အုပ်ချုပ်ရေးကြေညာမှုမတိုင်မီ နှစ်လအလိုတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒရုန်းစေလွှတ်ပျံသန်းစေမှုက မြောက်ကိုရီးယားအစိုးရကို ဒေါသထွက်စေခဲ့ပြီး တောင်ကိုရီးယားက ဝါဒဖြန့်စာရွက်များပါ ကြဲချခဲ့ကြောင်း မြောက်ကိုရီးယားဘက်က စွပ်စွဲချက် ထွက်ပေါ်လာခဲ့သည်။ […]

အစွန်းရောက်ပြင်းထန်ရာသီဥတု အယ်လ်နီညို စတင်ပြီဟု အမေရိကန်ထုတ်ပြန်

Dawei Watch

June 12, 2026

အယ်လ်နီညို ရာသီဥတုဖြစ်စဉ် စတင်ဖြစ်ပွားနေပြီဖြစ်ကြောင်း အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံဆောင်ရွက်ရေးအဖွဲ့ (NOAA) က ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ ယခု စတင်နေသည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ယခုနှစ်ကုန်ပိုင်းအထိ ပိုအရှိန်မြှင့်အားကောင်းလာနိုင်ပြီး သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးအဆင့်အထိ ရောက်ရှိသွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာအတွင်း အီကွေတာရပ်ဝန်း အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်ကို မြင့်တက်စေကာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လေတိုက်နှုန်းနှင့် မိုးရွာသွန်းမှုပုံစံများ ပုံမှန်မဟုတ်ဘဲ ရာသီဥတုဖောက်ပြန်မှု ဖြစ်ပေါ်စေသည့် ရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်သည်။ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုကြောင့် မြင့်တက်နေပြီးသား ကမ္ဘာကြီး၏ အပူချိန်ကို ယခု အယ်လ်နီညိုဖြစ်စဉ်က ပိုမိုဆိုးရွားစေမည့်အရေး ပညာရှင်များက စိုးရိမ်နေသည်။ ယခု အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အစွန်းရောက်ပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များ ပိုမိုတိုးပွားလာမည့်အရေး ၎င်းတို့ […]

ကော့ကရိတ် ကော့ဘိန်းရွာရှိ စစ်အာဏာရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်

Dawei Watch

June 12, 2026

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ယနေ့ ဇွန်လ ၁၂ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ကော့ဘိန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် တိုက်ခိုက်ခြင်းဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ “စစ်တပ်က ရွာထဲမှာ ရှိနေတာကြာပြီ။ အဲဒါကို လက်နက်ကိုင်တွေက ဝင်ပစ်တာ။ ၁၀ မိနစ်လောက် ပစ်ကြပြီး လက်နက်ကိုင်တွေ ပြန်ဆုတ်သွားတော့ တိုက်ပွဲက ငြိမ်သွားတာ။ စစ်တပ်ဘက်က သုံးယောက်ထိသွားတယ်။ အဲဒီလောက်ပဲ သိရတယ်” ဟု ကော့ဘိန်းဒေသခံတစ်ဦးက ပြောဆိုသည်။ တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း […]

ဘန်ကောက်တွင် အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံရသော မြန်မာအမျိုးသမီးဟုယူဆရသူ အလောင်းတွေ့

Dawei Watch

June 12, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခံရသည့် အမျိုးသမီးရုပ်အလောင်းကို တွေ့ရပြီး သေဆုံးသူသည် မြန်မာအမျိုးသမီးဟု ကနဦးယူဆထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၁၁ရက် ညက ရတ်ချထေဝီနယ်မြေ၊ မက်ကစမ်ဒေသ၊ ရတ်ချာပရာဝပ်လမ်းရှိ တိုက်ခန်းထဲတွင် အမျိုးသမီး ရုပ်အလောင်းကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး အခန်းအနောက်ရှိ ပလပ်စတစ်ပုံးထဲသို့ ထည့်ထားသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ အလောင်းတွင် ဦးခေါင်းနှင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပျောက်ဆုံးနေဆဲဖြစ်ပြီး လွန်ခဲ့သော ရက်များက သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖော်ပြသည်။ သေဆုံးသူသည် အခန်းတွင် နေထိုင်သူ အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ်ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။ ဇွန်လ ၉ ရက်ကစ၍ သူမနှင့် အဆက်အသွယ်မရတော့သဖြင့် မိသားစုဝင်များက ရဲတပ်ဖွဲ့ထံ […]