ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နီပေါရေကြီးမှုတွင် လှိုင်ခေါင်းထဲ ကိုးရက်ကြာ ပိတ်မိနေသူနှစ်ဦးကို အသက်ရှင်လျက် ကယ်တင်

Dawei Watch

September 4, 2026

နီပေါ-တိဗက် နယ်စပ် ရေကြီးမြေပြိုတွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၏ လှိုင်ခေါင်းထဲ ကိုးရက်ကြာ ပိတ်မိနေသော အလုပ်သမားနှစ်ဦးကို ကိုးရက်အကြာ ယနေ့ စက်တင်ဘာ ၄ ရက်တွင် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည် ယနေ့ နံနက်တွင် လှိုင်ခေါင်းထဲ လူသံကို ကနဦးကြားရပြီးနောက် အလုပ်သမားနှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးသည် ရွှံပေနေသော အလုပ်သမားကို ကျောပေါ်တင်၍ ကယ်တင်နေသည်ကို ဓါတ်ပုံများအရ တွေ့ရသည်။ အသက်ရှင်လွတ်မြောက်လာသူ နှစ်ဦးမှာ ရေအားလျှပ်စစ် အလုပ်သမားခေါင်းဆောင်နှင့် ကြီးကြပ်သူတို့ဖြစ်ပြီး ဒဏ်ရာများကို ဆေးကုသရန် မြို့တော် ခတ္တမန္ဒူရှိ ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နီပေါဝန်ကြီးချုပ်ရုံးဘက်က ပြောဆိုသည်။ Trishuli-3A ရေအားလျှပ်စစ်စီမံကိန်းထဲတွင် အလုပ်သမား ၁၁၅ နီးပါးအထိ […]

မြိတ်-ထားဝယ်လမ်း ကားများပြန်ပြေးဆွဲ

Dawei Watch

September 4, 2026

သရက်ချောင်းမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ် ပြန်ဆုတ်သွားသဖြင့် မြိတ်-ထားဝယ်လမ်း တွင် ကားများ ပြန်လည်ပြေးဆွဲနေကြကြောင်း ဒေသခံများနှင့် ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ သရက်ချောင်းမြို့အထွက် ဆင်ကူးကျေးရွာမှ စစ်အာဏာရှင်တပ်တပ်စခန်းရှိသည့် ဝင်းဝရွာအထိ စစ်ကြောင်းထိုးခဲ့သည့် စစ်အာဏာရှင်တပ်သည် သရက်ချောင်းမြို့သို့ ပြန်ဆုတ်သွားပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စက်တင်ဘာလ ၃ ရက် ညပိုင်းတွင် ကားများ ပြန်လည်ပြေးဆွဲကြကြောင်း ကားလိုင်း လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။ “မနေ့ညနေ မိုးချုပ်ခါစလောက်မှာ ကားတွေအလုအယက်ပဲ တက်လာနေကြတယ်။ ဂိတ်ကလည်း ပိတ်ခါနီးနေပြီ၊ မှောင်ရီပျိုးစလောက်မှာ ကားတွေတစ်စီးပြီး တစ်စီးတက်လာနေတာတွေ့တယ်။ ဒီနေ့လည်း လမ်းခရီး အခြေအနေ ကောင်းတယ်” ဟု ၎င်းက ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် သရက်ချောင်းမြို့မှ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းသို့ ဩဂုတ်လ ၂၆ ရက်မှ […]

မလေးရှားမှ ပြန်ပို့လိုက်သည့် ထားဝယ်ဒေသခံတစ်ဦး ရန်ကုန်လေဆိပ်တွင် ပျောက်ဆုံး

Dawei Watch

September 4, 2026

ထားဝယ်ဒေသခံ အမျိုးသားတစ်ဦး မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ချိန် ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရစဉ်ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှသိရသည်။ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာသား အသက် ၃၈ နှစ်အရွယ် ကိုတင်နှောင်းသည် မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေချိန် တရားမဝင် လုပ်ကိုင်မှုဖြင့် ပြီးခဲ့သည့် မတ်လခန့်က ဖမ်းဆီးခံရကြောင်း ဆိုသည်။ ယင်းနောက် ဩဂုတ်လကုန်ပိုင်းတွင် ပြန်လွတ်လာပြီး စက်တင်ဘာလ ၂ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ချိန် ရန်ကုန် လေဆိပ်တွင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ “လေဆိပ်မှ သွားစောင့်နေသေးတယ်။ ထွက်မလာလို့ စုံစမ်းတော့တဲ့အခါကျမှ လဝက မှာ ရောက်ထားကြောင်း အထောက်အထားတွေ့ရှိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုတင်နှောင်းသည် မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်လုပ်ကိုင်မှုဖြင့် ထောင် ခြောက်လခန့်ကျခံခဲ့ရပြီးနောက် ထားဝယ်နှင့် […]

ထားဝယ်မြို့ပေါ်တွင် အဖိတ်ဥပသကာနေ့ အဖွဲ့စုံနီးပါး ပြန်ထွက်လာ

Dawei Watch

September 4, 2026

ယခုနှစ် ဝါတွင်းကာလ ထားဝယ်မြို့မှာ ဥပသကာအဖွဲ့တွေ အစုံအလင် ပြန်ထွက်လာတယ်လို့ ဥပသကာအသင်းတွေက ဆိုပါတယ်။ ထားဝယ်မြို့တွင်းမှာ အခုနှစ်ဝါတွင်း လှည့်လည်အလှူခံနေတဲ့ ဘုရား၊ စေတီကိုယ်စားပြု၊ ရပ်ကွက်ကိုယ်စားပြု ဥပသကာအဖွဲ့ နှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ Dawei Watch က စုစည်းထားတဲ့ အချက်အလက်အရ သိရပါတယ်။ အခုနှစ်မှာ ကိုဗစ်ကာလကတည်းက ကာလရှည်ကြာ ရပ်နားထားတဲ့ ရှင်ကိုးရှင်စာရင်းဝင် ရှင်ပင်ခရု၊ ရွှေဂူဘုရားသိမ် စတဲ့ ဥပသကာအဖွဲ့တွေလည်း ပြန်ထွက်လာပါတယ်။ လူအင်အား အခက်အခဲကြောင့် ရပ်နားထားခဲ့ရပြီး အခုနှစ်မှာ ဥပသကာအဖွဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ရှိသမျှလူအင်အားနဲ့ ဥပသကာ ပြန်ထွက်ဖြစ်ခဲ့တာလို့ ရှင်ပင်ခရုဘုရား ဥပသကာအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ထားဝယ်မြို့မှာ ဥပသကာအဖွဲ့တွေဟာ ကိုဗစ်ကာလနဲ့ နိုင်ငံရေးပဋိပက္ခတွေအကြား သုံးနှစ်လောက် ရပ်နားခဲ့ရပြီး ၂၀၂၄ ခုနှစ်ခန့်မှစ၍ […]

ဒီတစ်ပတ်ရဲ့အာဂျင်တီးနားလိဂ် ပွဲစဉ်တွေမှာ ပွဲကစားချိန် ၁ မိနစ် ရပ်နားပြီး မက်ဆီ ကို ဂုဏ်ပြုမယ်

Dawei Watch

September 4, 2026

နိုင်ငံတကာ လက်ရွေးစင်ဘောလုံးသမားဘဝကနေ အနားယူပြီလို့ တရားဝင် ကြေညာခဲ့တဲ့ မက်ဆီ ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် အာဂျင်တီးနားလိဂ်ပွဲစဉ်တွေအားလုံးကို (၁၀) မိနစ်ပြည့်ရင် တစ်မိနစ်တိတိ ရပ်တန့်ပြီး လက်ခုပ်တီး ဂုဏ်ပြုစေမယ်လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။ ၂၀၂၂ ကာတာကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ်နဲ့ ဆွတ်ခူးရယူပေးခဲ့တဲ့ မက်ဆီ ဟာ အသက် ၃၉ နှစ်အရွယ် ရောက်လာခဲ့ပြီဖြစ်သလို မကြာသေးခင်ကပဲ သူ့အနေနဲ့ နိုင်ငံတကာ လက်ရွေးစင်ဘောလုံးသမားဘဝကနေ အပြီးတိုင် အနားယူပြီလို့ မက်ဆီက တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားပေးခဲ့တဲ့ မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ လာမယ့် တနင်္ဂနွေနေ့ လိဂ်ပွဲစဉ်တွေအားလုံးကို ပွဲကစားချိန် ၁၀ မိနစ်ရောက်တာနဲ့ ဒိုင်လူကြီးတွေက ပွဲကို […]

ရေဘေးသင့် ကျိုက်မရောဒေသခံများ အကူအညီများလို

Dawei Watch

September 3, 2026

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သီတင်းတစ်ပတ်ကျော်ကြာလာပြီဖြစ်ပြီး သောက်ရေသန့်၊ အစားအသောက်နှင့် ဆေးဝါး အကူအညီများ လိုအပ်နေကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေ တိုးလာခြင်းကြောင့် ဩဂုတ်လ ၂၅ ရက်ကစပြီး ရှင်စောပု၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရန်မျိုးအောင် စသော ကျိုက်မရောမြို့ပေါ် ရပ်ကွက်များနှင့် ချောင်းနှစ်ခွ၊ ငပြေမ၊ မယ်ကရို၊ နိတုံ၊ ကွာငန်၊ လှကဇိုင်း၊ ကျိုက်ပရန်၊ ဘိန်းဗျော၊ ဦးလေး၊ ကော့ဝမ်း၊ ကြခတ်ကုန်း အပါအဝင် ရပ်ကွက်၊ ကျေးရွာ ၂၀ ကျော်တို့တွင် ရေကြီးရေလျှံနေသည်။ အိမ်ခြေ ခြောက်ထောင်ကျော် လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်နေကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။ ရေကြီးရေလျှံနေသည်မှာ […]

ဘန်ကောက်တွင် တရားမဝင်နေထိုင်မှုဖြင့် မြန်မာဘုန်းကြီး ၃ ပါး ဖမ်းဆီးခံရ

Dawei Watch

September 3, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကြီး ဘုန်းကြီးကျောင်းတစ်ကျောင်းကို အာဏာပိုင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် တရားမဝင် နေထိုင်နေသည်ဟုဆိုကာ ဘုန်းကြီး ၃ ပါးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့က ဘန်ခွန်ထီယန် (Bang Khun Thian) နယ်မြေရှိ သုဓမ္မဝတီဘုန်းကြီးကျောင်းတွင် မြန်မာနိုင်ငံသားများစွာ နေထိုင်နေကြောင်း တိုင်ကြားလာသဖြင့် အာဏာပိုင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ သုဓမ္မဝတီဘုန်းကြီးကျောင်းသည် မွန်ဘုန်းကြီးကျောင်းဖြစ်ပြီး လူမှုကွန်ရက်တွင်လည်း မွန်ဘာသာဖြင့် ရေးသားဖော်ပြလေ့ရှိသော နာမည်ကြီး ဘုန်းကြီးကျောင်းဖြစ်သည်။ ဘုန်းကြီးကျောင်းရှိ ဘုန်းကြီးများနှင့် မြန်မာနိုင်ငံသားများ၏ စာရွက်စာတမ်းများကို စစ်ဆေးပေးရန် တိုင်ကြားလာသဖြင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ အာဏာပိုင်များက ဝင်ရောက်စစ်ဆေးရခြင်းဟုဆိုသည်။ ဘုန်းကြီးကျောင်းထဲတွင် အမျိုးသား၊ အမျိုးသမီး ၃၀ ဦးကို တွေ့ရပြီး အများစုသည် စာသင်နေသော ကလေးငယ်များဖြစ်ကြောင်း […]

စစ်ကြောင်းကြောင့် သရက်ချောင်းရှိ မြိတ်-ထားဝယ်ကားလမ်းပိုင်း ကားအချို့ပိတ်မိပြီး ကားပြေးဆွဲမှုရပ်

Dawei Watch

September 3, 2026

သရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်း မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေပြီး ပစ်ခတ်မှုများရှိနေသဖြင့် ကားအချို့ ပိတ်မိနေသလို ယနေ့တွင် ကားများလည်း ပြေးဆွဲခြင်း မရှိတော့ကြောင်း ဒေသခံအချို့နှင့် ကားလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။ ယနေ့ စက်တင်ဘာလ ၃ရက် နံနက် ၆ နာရီခန့်တွင် ပြင်းဖြူကြီးရွာနှင့် ပိတိုင်ရွာကြားတွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း ပြင်းဖြူကြီးရွာက အမျိုးသမီးတစ်ဦးက ဆိုသည်။ ပြင်းဖြူကြီးကျေးရွာမှာ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်း ဘေးတွင် တည်ရှိသည်။ “မြိတ်-ထားဝယ် အတက်အဆင်း ကားတွေတော့ မနက်တည်းကနေ အခုညနေအထိ တစ်စီးတလေတောင် မတွေ့ရဘူး၊ လမ်းပေါ်မှာ ခြောက်ကပ် တိတ်ဆိတ်နေတယ်” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် သရက်ချောင်းမြို့အထွက် ဆင်ကူးရွာမှ ဝင်းဝရွာ […]