အတ္တရံမြစ်ရေ တက်ပြီး ကျိုက်မရောမြို့နယ်အတွင်း ရေကြီး
Dawei Watch
August 26, 2026မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး အတ္တရံမြစ်ရေ တိုးလာသည့်အတွက် မြစ်နှင့်နီးသည့် အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများ ရေကြီးနစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။ မြစ်ရေ တိုးလာခြင်းကြောင့် ဩဂုတ်လ ၂၅ ရက်ကစပြီး ကျိုက်မရောမြို့ပေါ်ရှိ ရှင်စောပု၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရန်မျိုးအောင် စသည့် ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ဦးလေး၊ ဘိန်းဗျော၊ ငပြေမ၊ မယ်ကရို၊ နိတုံ၊ ကွာငန်၊ လှကဇိုင်း၊ ကျိုက်ပရန်၊ ကော့ဝမ်း၊ ကြခတ်ကုန်း စသည့် ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံနေကြောင်း ၎င်းတို့က ဆိုသည်။ လက်ရှိတွင် မိုးများ ဆက်လက်ရွာသွန်းနေသလို မြစ်ရေလည်း ဆက်လက်မြင့်တက်နေသည့်အတွက် ရေဆက် တိုးနေကြောင်း ဒေသခံများက ပြောဆိုသည်။ “ရေစ၀င်နေတာကတော့ တစ်ပတ်လောက်ရှိပြီ။ မနေ့ […]


