ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုတွင် သတ္တုပြန်တူးနေ၍ ဒေသခံများ အခက်ကြုံ

Dawei Watch

August 24, 2026

“စီအို(စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်မှ အရာရှိ) ပယရွာဂိတ် ပြန်ရောက်တာနဲ့ မိုင်းတွေ ပြန်လုပ်ခွင့်ရသွားတာပဲ”

ဘန်ကောက်တွင် ပွဲစားက အိမ်ထောင်စုတစ်ခုတည်းဖြင့် မြန်မာကလေးငယ် ၆၀ ကျော်အတွက် ပန်းရောင်ကတ် ထုတ်ယူ

Dawei Watch

August 24, 2026

သူရဲ့အိမ်ထောင်စုထဲမှာ မြန်မာ ကလေးငယ် ၆၄ ဦးအထိ မှတ်ပုံတင်ထားကို ထိုင်းအမျိုးသမီးတစ်ဦးက သိရှိပြီးနောက် တိုင်တန်းရာကနေ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

ဘန်ကောက်အနီး ဆိုင်ကယ်နှင့် ကုန်တင်ကားတိုက်မိပြီး မြန်မာတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

Dawei Watch

August 24, 2026

ဘေးချင်းယှဉ်မောင်းနေရာမှ ဆိုင်ကယ်က ကား၏ နောက်တွဲယှဉ်နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အနီးနေထိုင်သူတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ကျွဲထိန်းကုန်းရွာက အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရ

Dawei Watch

August 24, 2026

ထိတွေ့တိုက်ပွဲ တစ်စုံတစ်ရာမရှိဘဲ ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။

ရုရှားနှင့်ပေါင်းပြီး ထားဝယ် SEZ တွင် LNG သဘာဝဓာတ်ငွေ့ရည်စက်ရုံဆောက်မည်ဟု စစ်အုပ်စုပြော

Dawei Watch

August 24, 2026

ပြီးတဲ့အခါ အိမ်နီးချင်းနိုင်ငံတွေကို LNG သဘာဝဓာတ်ငွေ့ရည် တင်ပို့ရောင်းချမယ်လို့ ဆိုပါတယ်။

အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လ်လီနဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီ ဝတ်ကင်းစ် တို့ကို ခေါ်ဖို့ အယ်လ်ဟီလယ်လ် ကမ်းလှမ်း

Dawei Watch

August 24, 2026

ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်လ်အသင်းဟာ အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လ်လီ နဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝတ်ကင်းစ် တို့ကိုခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ မာတင်နယ်လ်လီ က တူရကီကလပ် ဂါလာတာစာရေးက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၈ သန်းနဲ့ခေါ်ယူဖို့ ကမ်းလှမ်း ခဲ့ပေမယ့် ကစားသမားဖြစ်သူဘက်က ဂါလာတာစာရေးဆီကို ပြောင်းလိုစိတ် မရှိဘူးလို့ ငြင်းဆိုထားတဲ့အတွက် အပြောင်းအရွှေ့ အထမမြောက်ခဲ့ပါဘူး။ အယ်လ်ဟီလယ်လ်ဟာ မာတင်နယ်လ်လီကို မြင့်မားလှတဲ့ လုပ်ခလစာအကျိုးခံစားခွင့်တစ်ရပ်နဲ့ မက်လုံးပေး ဆွဲဆောင်နေပြီး ဝတ်ကင်းစ် အတွက် အယ်လ်ဟီလယ်လ်ဘက်က ကမ်းလှမ်းမှုဟာ စတုတ္ထအကြိမ်မြောက်ဖြစ်တယ်လို့ အက်စတွန်ဗီလာအသင်းတာဝန်ရှိသူတစ်ယောက်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အယ်လ်ဟီလယ်လ်ဟာ ဝတ်ကင်းစ်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၅ သန်းအထိ တိုးပေးထားပေမယ့် အက်စတွန်ဗီလာဘက်ကတော့ ငြင်းဆန်နေဆဲပဲဖြစ်ပါတယ်။ အယ်လ်ဟီလယ်လ်ဟာ တိုက်စစ်ကို အားဖြည့်ဖို့အတွက် ထိပ်တန်းအဆင့်ကစားသမားတစ်ယောက် ရှာဖွေနေပြီး […]

ထားဝယ်ဈေးကွက်သို့ ရေထွက်ကုန်အဝင်နည်းပြီး ဈေးတက်

Dawei Watch

August 23, 2026

မြန်မာပင်လယ်ပြင်တွင် ဩဂုတ်လ တတိယပတ်မှစ၍ လေကြမ်းပြီး လှိုင်းကြီးကာ ရာသီဥတုဆိုးရွားနေခြင်းကြောင့် ဈေးကွက်သို့ ငါးပုစွန် ဝင်ရောက်မှုနည်းပါးကာ ဈေးတက်လျက်ရှိကြောင်း ထားဝယ်မြို့ရှိ ရေထွက်ကုန်ဈေးကွက်မှ သိရသည်။ ဩဂုတ်လ တတိယပတ်ကစပြီး ပင်လယ်ပြင်တွင် လေကြမ်း၍ လှိုင်းကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေချိုရေစီးကြောင်းများ ဖြစ်ကာ ငါးပုစွန်များ ရေနက်ပိုင်းသို့ စားကျက်ပြောင်းသွားကြကြောင်း၊ ယင်းကြောင့် ထားဝယ်မြို့ရှိ အနီးရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများ ငါးဖမ်းဆီးရရှိမှု နည်းပါးလာကြောင်း ထားဝယ်ခရိုင်အတွင်းရှိ ကမ်းနီးငါးဖမ်းလှေ လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “အခုက ရာသီဥတုကြောင့် ငါးဖမ်းချိန်ထက် ကျွန်းတွေမှာ ခိုနေရတာက များနေတယ်။ ငါးကလည်း သိပ်မရဘူး၊ လုပ်သာလုပ်နေရတာ မကိုက်ဘူး” ဟု အထက်ပါ ငါးဖမ်းလှေပိုင်ရှင် အမျိုးသမီးက ပြောသည်။ ထို့ကြောင့် ထားဝယ်မြို့၏ ရေထွက်ကုန်ဈေးကွက်သို့ ဩဂုတ်လ […]

သရက်ချောင်း၊ ဥတ္တူရွာရှိ နေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ် မီးရှို့

Dawei Watch

August 23, 2026

သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ဥတ္တူရွာက နေအိမ်တစ်လုံးကို ဩဂုတ်လ ၂၂ ရက် မနက်ပိုင်းတွင် မီးရှို့ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ “နေ့လယ် ၁၁ နာရီလောက်မှာ ဝင်လာပြီး ညနေ ၃ နာရီလောက်မှာ ပြန်ထွက်သွားတယ်။ အိမ် တစ်လုံး မီးရှို့ခဲ့တယ်။ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောတယ်။ ဘေးအိမ်ကလူတွေ မီးငြှိမ်းသတ်ပေးကြလို့ အိမ်က နည်းနည်းပဲ လောင်သွားတယ်” ဟု ဥတ္တူရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသဖြင့် ဥတ္တူရွာက ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေပြီး အချို့သာ ရွာထဲတွင် ဆက်လက်နေထိုင်နေကြသည်ဟု ဥတ္တူရွာက လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ “ရွာထဲက အိမ်တွေ၊ လမ်းတွေကို ဓာတ်ပုံလိုက်ရိုက်ယူပြီး ပြန်ထွက်သွားတယ်လို့ ပြောတယ်။ အခုလက်ရှိ စစ်ကြောင်းက သရက်နှစ်ခွရွာမှာ […]