ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်အနီး ဆိုင်ကယ်နှင့် ကုန်တင်ကားတိုက်မိပြီး မြန်မာတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

August 24, 2026

Ref: workpoint 23

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် မြန်မာနိုင်ငံသားနှစ်ဦး ဆိုင်ကယ်စီးလာစဉ် ကုန်ကားဖြင့် တိုက်မိရာမှ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၂၃ ရက် ညက စမွတ်ပရကန်ခရိုင် ဖရားစမွတ်ကျေးဒီးဒေသ စူစဝပ်လမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသားနှစ်ဦး ဆိုင်ကယ်မောင်းလာစဉ် ၁၈ ဘီးတပ် ကုန်တင်ကားနှင့် ဘေးချင်းယှဉ်မောင်းနေရာမှ တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် အသက် ၄၀ နှစ်အရွယ် ကိုစောအောင်ပေါ်သည် ဦးခေါင်းကွဲဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

အသက် ၃၃ နှစ်အရွယ် ကိုစောကျော်သက်မောင်သည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားကြောင်း ဖော်ပြသည်။

ဆိုင်ကယ်နှင့် ၁၈ ဘီးတပ်ကားတို့ ဘေးချင်းယှဉ်မောင်းနေရာမှ ဆိုင်ကယ်က ကား၏ နောက်တွဲယှဉ်နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အနီးနေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကားတိုက်မှုနှင့် ပက်သက်၍ CCTV မှတ်တမ်းများကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

Ref: workpoint 23