ထားဝယ်-မြိတ်-ကော့သောင်း စပိဘုတ်ခရီးစဉ်များ လကုန်အထိ ရပ်နားမည်
Dawei Watch
August 21, 2026ထားဝယ်-မြိတ်-ကော့သောင်းမြို့များသို့ နေ့စဉ် ပြေးဆွဲနေသည့် စပိဘုတ်ခရီးစဉ်များအားလုံး ယနေ့မှစ၍ လကုန်အထိ ရပ်နားထားမည်ဖြစ်ကြောင်း စပိဘုတ်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ ထားဝယ်-မြိတ်-ကော့သောင်းမြို့များသို့ အသွားအပြန် ပြေးဆွဲနေသည့် စပိဘုတ်များအားလုံးကို ဩဂုတ်လ ၂၁ ရက်မှစ၍ ၃၁ ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားရန် စပိဘုတ်လုပ်ငန်းရှင်များအသင်းက ဩဂုတ်လ ၂၀ ရက် ရက်စွဲဖြင့် စာပို့အကြောင်းကြားထားကြောင်း စပိဘုတ်အမြန်ရေယာဉ် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ “ဟုတ်ကဲ့ လကုန်အထိ နားရမှာပါ၊ ကျွန်တော်တို့ကို စာပို့ထားတာက ဒေသဆိုင်ရာ အာဏာပိုင်ရဲ့ ညွှန်ကြားချက်အရဆိုပြီး ပါတယ်။ ဘာကြောင့်လဲဆိုတာ ရေးမထားဘူး” ဟု ၎င်းက ပြောသည်။ စပိဘုတ်ခရီးစဉ်များ ယာယီရပ်နားရခြင်းမှာ ယခုလက်ရှိ မြန်မာ့ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေကြောင့် ဖြစ်ကြောင်း အခြား စပိဘုတ်အမြန်ရေယာဉ်ငယ် ခရီးသည်ပို့ဆောင်ရေး […]


