ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးထားဟု တိုင်းစစ်ဝန်ကြီးချုပ်ဆို

Dawei Watch

August 20, 2026

ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများကို ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေများ၊ အထူးစီးပွားရေးဇုန် (SEZ) ဥပဒေများနှင့် အကာအကွယ်ပေးထားကြောင်း တနင်္သာရီတိုင်းစစ်အစိုးရ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြောဆိုသည်။ ရုရှားနိုင်ငံ မော်စကိုမြို့ G.V. Plekhanov စီးပွားရေးတက္ကသိုလ်တွင် ယနေ့ ဩဂုတ်လ ၂၀ ရက်တွင် ပြုလုပ်သော မြန်မာ-ရုရှား နှစ်နိုင်ငံစီးပွားရေးဖိုရမ်တွင် ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအား ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့ကုန်သွယ်ရေကြောင်းလမ်းတစ်ခုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဖြစ်လာပါက ဆောင်ရွက်ဆဲ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံကို ကုန်လမ်းဖြင့် ချိတ်ဆက်ထားသော Southern Economic Corridor လမ်းမကြီးမှတစ်ဆင့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို တိုက်ရိုက်ချိတ်ဆက်နိုင်ကြောင်းနှင့် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ၂၄ နာရီအတွင်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ […]

ကြေးနန်းတိုင်ဂိတ်နှင့် ဇဝဲရွာဂိတ်တွင် စစ်အာဏာရှင်တပ်က အစစ်အဆေးတင်းကျပ်

Dawei Watch

August 20, 2026

ပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်မြို့နယ် ကြေးနန်းတိုင်ရွာ စစ်ဆေးရေးဂိတ်နှင့် တနင်္သာရီမြို့နယ် ဇဝဲရွာ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ တင်းကျပ်နေသဖြင့် ဒေသခံများဖြတ်သန်းသွားလာရန် စိုးရိမ်နေကြောင်း သိရသည်။ ယင်းဂိတ်များတွင် ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ မှတ်ပုံတင်စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်နေကြောင်း တနင်္သာရီမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။ “အရင်က စစ်သားတွေပဲ စစ်တယ်။ အခုက စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)တွေကိုယ်တိုင် သူတို့ဖုန်းမှာရှိတဲ့ပုံနဲ့ မှတ်ပုံတင်တွေပြခိုင်းပြီး တိုက်စစ်နေတယ်။ သူတို့ဘာလုပ်မှန်းမသိတော့ သွားလာရကြောက်နေရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ ၄င်းစစ်ဆေးရေးဂိတ်နှစ်ခုသည် ကားများနှင့် သုံးဘီးများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်းနှင့် ဆိုင်ကယ်ဖြင့် သွားလာသူများကို စစ်ဆေးမှု နည်းပါးကြောင်း ခရီးသွားတစ်ဦးက ဆိုသည်။ မှတ်ပုံတင်ပြခိုင်းပြီး တစ်ယောက်ချင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ လူကို အဓိကစစ်ဆေးနေကြောင်း […]

ထိုင်းက ထိန်းသိမ်းခံ ကရင် ၂၆ ဦးကို KNU ထံ ပြန်ပို့

Dawei Watch

August 20, 2026

ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသော ကရင်တိုင်းရင်းသား ၂၆ ဦးကို ဖူနမ်ရွန်နယ်စပ်မှတစ်ဆင့် ထီးခီးဘက်သို့ ပြန်ပို့လိုက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က လက်ခံခဲ့ကြောင်း ထိုင်းနယ်စပ်သတင်းဌာနက ဖော်ပြသည်။ ဘန်ကောက်မြို့ လဝကထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံနေရသော ကရင်တိုင်းရင်းသား ၂၆ ဦးကို ဩဂုတ်လ ၁၉ ရက်နေ့က ဖူနမ်ရွန်-ထီးခီးနယ်စပ်မှတစ်ဆင့်မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်။ နေ့လယ် ၁ နာရီခန့်တွင် ကရင်တိုင်းရင်းသားများက ဖူနမ်ရွန်ဂိတ်သို့ ရောက်ရှိလာကြပြီး မြန်မာနိုင်ငံဘက်က KNU တပ်မဟာ ၄ က လက်ခံခဲ့ကြောင်း သတင်းအရသိရသည်။ ကရင်တိုင်းရင်းသားများထဲတွင် ကလေးငယ် ၈ ဦးနှင့် ကိုယ်ဝန်ဆောင် ၂ ဦးပါဝင်သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးကို KNU ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ နောက်ထပ် ကရင်တိုင်းရင်းသားများ […]

ထားဝယ်မြစ်၀တွင် စပိဘုတ်တစ်စီး ရေဝင်ပြီး အရေးပေါ်ကမ်းကပ်၊ ကမ်းအနီးနစ်မြုပ်

Dawei Watch

August 20, 2026

ထားဝယ်မြစ်၀တွင် ခရီးသည်တင် စပိဘုတ်အမြန်ရေယာဉ်တစ်စီးသည် ရေဝင်သဖြင့် အရေးပေါ် ကမ်းကပ်ခဲ့ပြီး ကမ်းအနီးနစ်မြုပ်ကြောင်း အမြန်ရေယာဉ်လုပ်ငန်းလုပ်ကိုင်သူအသိုင်းဝိုင်းထံမှ သိရသည်။ Tri Star Speed Boart –SMG ခရီးသွားလုပ်ငန်းက Tri Star 3 စပိဘုတ် အမြန်ရေယာဉ်ငယ်တစ်စီးသည် ဇူလိုင်လ ၁၉ ရက် နံနက်က ခရီးသည်အမျိုးသား ၁၄ဦး၊ အမျိုးသမီး ၅ ဦး မြိတ်မြို့မှ ထားဝယ်မြို့သို့ထွက်ခွာ လာကြောင်း အမြန်ရေယာဉ်လုပ်ငန်းနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ နေ့လယ် ၁၂နာရီဝန်းကျင်တွင် လောင်းလုံးမြိုနယ် ကျောက်နီမော်ကျေးရွာ၏ အရှေ့ တောင်ဘက် ပင်လယ်ပြင်တွင် ရေဝင်၍ အရေးပေါ်ကမ်းကပ် ခဲ့ရကြောင်း ၎င်းက ဆိုသည်။ “ထားဝယ် ရောက်ခါနီးနေပြီ။ သန့်စင်ခန်းပိုက်ကနေ ရေဝင်တယ်ပြောတယ်။ လှေက လေးလာလို့ သတိထားမိမှ နီးတဲ့ကမ်းကို […]

ထိုင်းတွင် မြန်မာလုပ်သားများကို လုပ်ငန်းခွင်ထဲပို့ရာတွင် အန္တရာယ်ရှိစွာပို့၍ တရုတ်ကားသမား အရေးယူခံရ

Dawei Watch

August 20, 2026

ထိုင်းနိုင်ငံ ရယွန်ခရိုင်တွင် မြန်မာအလုပ်သမားများကို နောက်တွဲယာဉ်ဖြင့် အန္တရာယ်ရှိစွာ လုပ်ငန်းခွင်ထဲ ပို့ဆောင်နေသော တရုတ်နိုင်ငံသား ကားသမားကို ရဲတပ်ဖွဲ့က ဘတ် ၁၀,၀၀၀ ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။ ဩဂုတ်လ ၁၉ ရက်နေ့က ရယွန်ခရိုင် ဘန်းခိုင်ဒေသ လမ်းမပေါ်တွင် မြန်မာအလုပ်သမားများကို နောက်တွဲယာဉ်ပေါ်တင်၍ ပို့ဆောင်နေသည်ကို လမ်းသွားလမ်းလာများက တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသား ကားသမားသည် မြန်မာအလုပ်သမား ၃၄ ဦးကို အိမ်စီးကားနောက်တွင် တပ်ဆင်ထားသော နောက်တွဲယာဉ်ပေါ်တင်၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပို့ဆောင်ခြင်းသည် အန္တရာယ်ရှိပြီး အကယ်၍ ကားက ဘရိတ်အုပ်သည်ဖြစ်စေ၊ ယာဉ်ကြောပိတ်ဆို့သည်ဖြစ်စေ နောက်တွင် လိုက်ပါလာသော မြန်မာအလုပ်သမားများ ထိခိုက်ဒဏ်ရာရရှိနိုင်သဖြင့် အရေးယူခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ အလုပ်လုပ်ခွင့်လက်မှတ်များ ရှိကြသဖြင့် အလုပ်သမားဥပဒေအောက်မှ တရားဝင် […]

ရန်ကုန်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပြန့်ပွားနေသဖြင့် နယ်စပ်အဝင်အထွက်ကို ထိုင်းသတိထား စောင့်ကြည့်

Dawei Watch

August 20, 2026

ရန်ကုန်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ပြန့်ပွားနေသဖြင့် နယ်စပ်အဝင်အထွက်များကို ထိုင်းအစိုးရက သတိထား စောင့်ကြည့်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများကို ထိုင်း-မြန်မာနယ်စပ်ဒေသ၊ နိုင်ငံတကာလေဆိပ်များအပြင် နိုင်ငံအတွင်းရှိ ဆေးရုံများတွင်ပါ သတိထားစောင့်ကြည့်ရန် ညွှန်ကြားထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။ ရောဂါသံသယရှိပါက အမြန်ဆုံး စစ်ဆေးနိုင်ရန် ဓါတ်ခွဲခန်း၊ ရောဂါ စုံစမ်းရေးနှင့် ထိန်းချုပ်ရေးဌာနများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ဖော်ပြသည်။ ရောဂါပြန့်ပွားနေသော ရန်ကုန်မြို့ကို သွားရောက်လည်ပတ်မည့် ထိုင်းနိုင်ငံသားများအနေဖြင့်လည်း အစားအစာနှင့် ရေများကို သတိထားသောက်သုံးကြရန်၊ ဖြစ်နိုင်ပါက ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး ထိုးနှံထားကြရန် သတိပေးထားသည်။ အကယ်၍ ထိုင်းနိုင်ငံအတွင်း ပြန်ဝင်လာသူများအနေဖြင့် ဝမ်းပျက်ခြင်း သို့မဟုတ် အော့အန်ခြင်းများ ခံစားရပါက နီးစပ်ရာ ဆေးရုံသို့ ချက်ချင်းပြ၍ ကုသမှုခံယူရန်နှင့် […]

ကျိုက်ထိုတွင် ဘောလုံးပွဲကျင်းပနေစဉ် လက်နက်ကြီးကျပြီး KG ကျောင်းသား သေဆုံး၊ ၁၁ ဦးထက်မနည်း ဒဏ်ရာရ

Dawei Watch

August 20, 2026

စစ်အာဏာရှင်တပ် ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန်က ဘောလုံးကွင်းထဲကျပြီး ပြိုင်ပွဲကြည့်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ထိမှန်ခဲ့တာပါ။