တေးသံရှင် ကိုင်ဇာ၏ ဈာပန မနက်ဖြန် ကျင်းပမည်
Dawei Watch
August 23, 2026နိုင်ငံကျော် တေးသံရှင် ကိုင်ဇာသည် သြဂုတ်လ ၂၂ ရက်ညက ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ အဆုတ်ထဲ ပိုးဝင်သဖြင့် ရန်ကုန်မြို့၊ ဝိတိုရိယဆေးရုံတွင် အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှု ခံယူရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ကိုင်ဇာသည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထားဝယ်မြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး ငယ်အမည်မှာ မောင်ညီညီဝင်း ဖြစ်ကာ ဂီတလောကတွင် ဦးညီဟု လူသိများသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီ ဖြစ်သည်။ ထားဝယ်ရိုးရာ မိုးခေါ်တေးကို ပြန်လည်ဆန်းသစ်ထားသည့် “ရွာလိုက်ပါ…မိုး” အပါအဝင် ထားဝယ်ဒေသအကြောင်း သီချင်းများကိုလည်း ကိုင်ဇာက သီဆိုခဲ့သည်။ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင် ဂီတလောက၌ နာမည်ကျော်ကြားလာပြီး ကိုင်ဇာ၏ တေးသီချင်းများမှာ လူကြီးများသာမက လူငယ်ပိုင်းကပါ နှစ်သက်ခဲ့ကြသည်။ […]


