ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အန်ဇိုဖာနန်ဒက်ဇ်ကို မန်စီးတီး ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ ပြင်

August 27, 2026

မန်စီးတီးအသင်းဟာ ချယ်လ်ဆီးရဲ့ အဓိကကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း Daily Mail သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်ဇ်ဟာ ဘာစီလိုနာဆီ ပြောင်းရွှေ့ထွက်ခွာသွားတဲ့ ရိုဒရီရဲ့ကွက်လပ်ကို အစားပြန်ဖြည့်ပေးနိုင်လိမ့်မယ်လို့ မန်စီးတီးဘက်က ယူဆထားပါတယ်။

ဒါပေမဲ့ ချယ်လ်ဆီးဘက်က ဖာနန်ဒက်ဇ်ရဲ့တန်ကြေးကို ပေါင်သန်း ၁၂၀ သတ်မှတ်တောင်းဆိုနေတာကြောင့် မန်စီးတီးဘက်ကနေ ဈေးတိုးပေးမယ်၊ မပေးဘူးဆိုတာကို စောင့်ကြည့်ရမှာပါပဲ။

ချယ်လ်ဆီးနည်းပြသစ် အလွန်ဆိုကတော့ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်သွားရဖို့ပဲ ရှိပါတယ်လို့ မတင်မကျ စကားဆိုထားပါတယ်။ ဖာနန်ဒက်ဇ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေဆဲဖြစ်တယ်လို့လည်း သူက ထပ်လောင်း အသိပေးသွားခဲ့ပါတယ်။

ချယ်လ်ဆီးဟာ ဖာနန်ဒက်ဇ်ကို မန်စီးတီးဆီ ရောင်းထုတ်လိုက်မယ်ဆိုရင် ကွင်းလယ်အားနည်းသွားဖွယ်ရှိနေပြီး ပြိုင်ဘက်ကို အားဖြည့်ပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ် လို့ အားကစားရေးရာသုံးသပ်သူတွေက မှတ်ချက်ပေးထားပါတယ်။

ဖာနန်ဒက်ဇ်ကို ရောင်းထုတ်ဖြစ်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးက ဘုန်းမောက်ကွင်းလယ်လူ အဲလက်စ်စကော့တ်၊ မိုနာကိုကွင်းလယ်လူ ကာမာရာနဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကွင်းလယ်လူ အဒမ်ဝှာတန်တို့အနက်က တစ်ယောက်ကို ပြန်လည်ခေါ်ယူပြီး အဲ့ဒီကွက်လပ်ကို အစားပြန်ဖြည့်ဖွယ်ရှိနေပါတယ်။

ချယ်လ်ဆီးကစားသမားတွေဖြစ်ကြတဲ့ ကိုင်စီဒိုနဲ့ ပါလက်စ်ထရာတို့ဟာ အသေးစားဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေကြရပြီး ကိုင်စီဒိုကတော့ တနင်္ဂနွေနေ့မှာ ကစားရမယ့် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် ပွဲထွက်ပြန်ကစားနိုင်လောက်တယ်လို့ ချယ်လ်ဆီးအသင်းဆေးအဖွဲ့က အသိပေးထားပါတယ်။