ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဲဆောက်၊ တရုတ်ဘုံကျောင်းက မြန်မာလုပ်သားများကို ဆန်နှင့် စားသောက်ကုန်များ လှူဒါန်း

September 3, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တရုတ်ဘုံကျောင်းက ရွှေ့ပြောင်းအလုပ်သမားများနှင့် အကူအညီလိုအပ်နေသူများကို ဆန်‌နှင့် စားသောက်ကုန်များ စက်တင်ဘာလ ၂ ရက်နေ့က လှူဒါန်းခဲ့သည်။

တရုတ်ရိုးရာ ကွယ်လွန်သူ ဘိုးဘေးများနှင့် ဆွေမျိုးများကို အောက်မေ့ပူဇော်သည့်အနေဖြင့် နှစ်စဉ် မြန်မာအလုပ်သမားများကို လှူဒါန်းလေ့ရှိကြောင်း သိရသည်။

လာရောက်တန်းစီသူများကို ဆန်အပါအဝင် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆား၊ ဆေးများကို လှူဒါန်းခဲ့ပြီး မြန်မာအလုပ်သမား ထောင်ချီ လာရောက်ခဲ့ကြောင်း သိရသည်။

Ref: Aung Aung