NUG ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးအပါအဝင် လူငါးဆယ်ခန့် ဖမ်းဆီးထားမှု KNU ဘာပြောလဲ
Dawei Watch
December 18, 2025အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးတစ်ဦးအပါအဝင် ငါးဆယ်ခန့်ကို KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ဖမ်းဆီးထိန်းသိမ်းထားသည်။ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း ဒုတပ်ရင်းမှူးဒိုရာ အပါအဝင် စုစုပေါင်း လူငါးဆယ်ခန့်ကို ဖမ်းထားခြင်းဖြစ်သည်။ ၎င်းတို့အား KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ဒီဇင်ဘာ ၁၇ ရက် နံနက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။ ၎င်းတို့အား KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ ၏တပ်ခွဲများဖြစ်သည့် ကစယ်ဒိုကျားတပ်ဖွဲ့၊ ပုတီးတစ်လုံးတပ်ဖွဲ့တို့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း […]


