အသက်ကို ဖက်နဲ့ထုပ်ထားတယ်
Dawei Watch
February 28, 2026စစ်ရေးပြင်းထန်နေသော တနင်္သာရီတိုင်းတွင် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမကြီးကို စိုးမိုးထိန်းချုပ်နိုင်ရေး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ အပြန်အလှန် ကြိုးပမ်းနေသည်။ ယင်းကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေပြီး သွားလာရ ခက်ခဲမှုများတွေ့ကြုံနေရပြီး ပုံမှန်နာရီပိုင်းဖြင့် သွားလာရသော နေရာများကို ကွေ့ပတ်ကာ စစ်ရေးအခြေအနေအပေါ်မူတည်၍ သွားနေရသဖြင့် ရက်များစွာ ကြာအောင်သွားလာကြရသည်။ သရက်ချောင်းမြို့မှအထွက် ဆင်ကူးမှ ပုလောမြို့နယ်၊ ပလောက်မြို့အနီး ဆင်ထိုးကြီးရွာအထိ မြိတ်-ထားဝယ်ကားလမ်း ဖြတ်သန်းသွားလာခွင့်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှစကာပိတ်ထားသည်။ ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲကျင်းပခဲ့သည့် ကာလများတွင်လည်း မြိတ်-ထားဝယ်ကားလမ်း ရက်ရှည်ပြတ်တောက် ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းအခြေအနေများကြောင့် ထားဝယ်နှင့် မြိတ်တို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စားသောက်ကုန် ရှားပါးပြတ်လပ်မှုများ၊ ဆေးဝါးကုသရန် အခက်အခဲများ ကြုံတွေ့နေရသည်။ ကုန်သည်များမှာလည်း ပစ္စည်းများ လမ်းတွင် ပိတ်မိနေသဖြင့် ဆုံးရှုံးမှုများသလို၊ […]


