ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

အွန်လိုင်းပေါ်က လိင်အမြတ်ထုတ်မှုတွေ (အပိုင်း – ၂)

Dawei Watch

July 4, 2026

Against Sexual Violence (ASV) အဖွဲ့ တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်းနှင့် တွေ့ဆုံခြင်း အွန်လိုင်းပေါ်မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုနှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု ဖြစ်စဉ်များမှာ မြန်မာလူငယ်များအကြား စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်လာနေသည်။ သမီးရည်းစားအချင်းချင်းကြား ပုံ/ဗီဒီယိုများကို အလွဲသုံးစားပြုခြင်း၊ AI နည်းပညာဖြင့် ပုံများအတုဖန်တီးခြင်းနှင့် Dating App များမှတစ်ဆင့် လိင်အမြတ်ထုတ်ခြင်းများကြောင့် အမျိုးသမီးများမှာ မလုံခြုံမှုများ ကြုံတွေ့နေရသည်။ အွန်လိုင်းပေါ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အကူအညီပေးနေသည့် Against Sexual Violence (ASV) အဖွဲ့ တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်းကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။ DW ။ အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တာ၊ ခြိမ်းခြောက်အကြပ်ကိုင်တာတွေက ဘာကြောင့် ဖြစ်ပေါ်နေတယ်လို့ […]

အွန်လိုင်းပေါ်က လိင်အမြတ်ထုတ်မှုတွေ (အပိုင်း – ၁)

Dawei Watch

July 4, 2026

Against Sexual Violence (ASV) အဖွဲ့ တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်းနှင့် တွေ့ဆုံခြင်း အွန်လိုင်းပေါ်မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုနှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု ဖြစ်စဉ်များမှာ မြန်မာလူငယ်များအကြား စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်လာနေသည်။ သမီးရည်းစားအချင်းချင်းကြား ပုံ/ဗီဒီယိုများကို အလွဲသုံးစားပြုခြင်း၊ AI နည်းပညာဖြင့် ပုံများအတုဖန်တီးခြင်းနှင့် Dating App များမှတစ်ဆင့် လိင်အမြတ်ထုတ်ခြင်းများကြောင့် အမျိုးသမီးများမှာ မလုံခြုံမှုများ ကြုံတွေ့နေရသည်။ အွန်လိုင်းပေါ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အကူအညီပေးနေသည့် Against Sexual Violence (ASV) အဖွဲ့ တာဝန်ခံ ကိုအောင်ဇမ္ဗူကျော်ဟိန်းကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။ DW ။ ASV (Against Sexual Violence) အဖွဲ့က အွန်လိုင်းပေါ်ကနေ […]

ဖင်တကြွကြွ အဝိုင်းတလည်လည်နဲ့ ကြည့်ရတဲ့ ကမ္ဘာ့ဖလား

Dawei Watch

July 3, 2026

တနင်္သာရီတိုင်းသား လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ဘောလုံးအားကစားကို ခုံမင်နှစ်သက်အားပေးကြသူတွေက များပါတယ်။ လေးနှစ်ကြာမှ တစ်ကြိမ်ပဲ ကြည့်ခွင့်ရတဲ့ အခုလို ကမ္ဘာ့ဖလားပွဲတွေ ကျင်းပနေချိန်ဆို လက်ဖက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေမှာ သူ့အဖွဲ့နဲ့သူ၊ ကိုယ့်အဖွဲ့နဲ့ကိုယ် စုရုံးပြီး အားပေးကြတာပါ။ စစ်အာဏာမသိမ်းခင်တုန်းက ကမ္ဘာ့ဖလားအချိန်တွေကို ပြန်တွေးကြည့်ရင် မြို့ပေါ်က လက်ဖက်ရည်ဆိုင်တွေမှာ လူတွေ ပြည့်နှက်နေတတ်တာ မြင်ယောင်မိကြဦးမှာပါ။ လျှပ်စစ်မီးမရတဲ့ နယ်ကျေးရွာတွေမှာဆိုလည်း ညနက်ပိုင်းပွဲတွေအထိ မီးစက်သံ တညံညံနဲ့ ညလုံးပေါက် အားပေးကြလေ့ရှိပါတယ်။ သူငယ်ချင်းတွေ စုရုံးပြီး ကိုယ်အားပေးတဲ့အသင်းနိုင်ရင် တစ်ယောက်နဲ့ တစ်ယောက် လေတိုက်ကြ၊ စနောက်ကြနဲ့ လွတ်လွတ်လပ်လပ် ပျော်ခဲ့ကြဖူးကြတာ၊ အိမ်မှာ မိသားစု စုံစုံလင်လင်နဲ့ TV ရှေ့မှာ စကားတပြောပြော ရယ်ရယ်မောမော ကြည့်ခဲ့ကြဖူးတာ စတဲ့ အမှတ်တရာတွေအများကြီးနဲ့ပေါ့။ […]

ထားဝယ်မြစ်ထဲ မိကျောင်း ဘာကြောင့် ရောက်လာတာလဲ

Dawei Watch

July 2, 2026

သီချင်းထဲတွင်သာ မဟုတ်တော့ပေ။ ထားဝယ်မြစ်ထဲ အမှန်တကယ်ပင် မိကျောင်း တွေ့ရှိလာတော့သည်။ တွေ့မြင်ရလေ့မရှိသည့် မိကျောင်း ထားဝယ်မြစ်ထဲသို့ ရုတ်တရက် ရောက်ရှိလာမှုအပေါ် မေးခွန်းများစွာလည်း ရှိနေသည်။ မိကျောင်းများသည် သဘာဝအလျောက် စားကျက်ပြောင်းလာခြင်းလော၊ သတ္တုလုပ်ငန်းများလိုမျိုး လူ၏ပယောဂကြောင့် စားကျက်ပြောင်းလာခြင်းလော၊ သို့တည်းမဟုတ် ရာသီအကူးအပြောင်းတွင် အစာရှာစားရန် ရောက်ရှိလာခြင်းလော စသဖြင့် … ။ တနင်္သာရီတိုင်းသည် ကမ်းရိုးတန်းဒေသဖြစ်ပြီး ရေသယံဇာတ ပေါကြွယ်ဝသည်။ ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ရေချို၊ ရေငန်၊ ရေဝပ် စသည့် ဒေသများလည်းတည်ရှိပြီး ဂေဟစနစ် အတွက် အပင်နှင့် သတ္တဝါ အပြန်အလှန် ထိန်းကျောင်းမှုများလည်း တွေ့ရသည်။ ယင်းသို့ ထိန်းကျောင်းမှုများတွင် အာဟာရမျှတရေးနှင့် ရေလမ်းကြောင်းသန့်ရှင်းရေးကဏ္ဍမှာ ဂေဟစနစ်ထဲ လည်ပတ် နေသည့် သမိုင်းဦးသက်ရှိဟု ဆိုကြသည့် မိကျောင်းကိုလည်း တနင်္သာရီတိုင်းတွင် ရံဖန်ရံခါ […]

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဖြစ်လာနိုင်လား

Dawei Watch

June 21, 2026

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း (DSEZ) ကို ပြန်အသက်သွင်းရန် စစ်အုပ်စုက အလောတကြီး လုပ်ဆောင်နေသည်။ စီမံကိန်းရင်းနှီးမြှုပ်နှံသူနေရာတွင် ဂျပန်နှင့် ထိုင်းနိုင်ငံအစား မြန်မာနိုင်ငံနှင့် ပထဝီအနေအထားအရ အလှမ်းဝေးလွန်းသည့် အာဏာရှင်နိုင်ငံတစ်ခုဖြစ်သော ရုရှားနိုင်ငံနှင့် ပူးတွဲအကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ သို့သော် DSEZ စီမံကိန်းတည်ရှိရာ မြေပြင်ကို စစ်အာဏာရှင်တပ်က အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ တော်လှန်ရေးတပ်များနှင့် ဘတစ်ပြန် ကျားတစ်ပြန် အခြေအနေတွင် ရှိနေသည်။ ထိုအခြေအနေတွင် စစ်အုပ်စုက DSEZ ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းမှာ စီးပွားရေးတွက်ခြေကိုက်မှုထက် စစ်ရေးအရ အသာစီးရရှိရန် မြန်မာ့မြေပေါ် ရုရှားအခြေချနိုင်ရေး လုပ်ဆောင်မှုတစ်ခုအဖြစ် ရှုမြင်ကြသူများလည်း ရှိသည်။ စစ်အုပ်စုကလည်း စီမံကိန်းပြန်စနိုင်ရေး ခြေလှမ်းကြဲကြဲဖြင့် ဆက်တိုက်လုပ်ဆောင်နေပြီး နားလည်မှုစာချွန်လွှာ (MoU) များ ဆက်တိုက် လက်မှတ်ရေးထိုးနေသည်။ လတ်တလောမှာပင် ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံဆောက်မည့် […]

အိုဘယ့် ကမ္ဘာ့ဖလား

Dawei Watch

June 21, 2026

လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်။ စပိန်နိုင်ငံ ဂီဂျွန်မြို့မှာ အနောက် ဂျာမနီ နဲ့ ဩစတြီးယားတို့ ကန်ကြတယ်။ နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ်ပွဲ။ အခြေအနေက ရိုးရှင်းတယ်။ ဂျာမနီက တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ရင် နှစ်သင်းစလုံး အုပ်စုကနေ တက်မယ်။ အယ်လ်ဂျီးရီးယားကတော့ ပြုတ်ကျန်ရစ်မယ်။ တကယ်လည်း ပွဲစပြီး ၁၀ မိနစ်မှာ ဂျာမနီက ဂိုးသွင်းလိုက်တယ်။ အဲဒီနောက် ကျန်တဲ့ မိနစ် ၈၀ လုံးလုံး နှစ်သင်းစလုံးဟာ ဘောလုံးကို ဟိုပတ်ပေး၊ ဒီပတ်ပေးနဲ့ အချိန်ဆွဲပြီး ကစားသွားခဲ့ကြတယ်။ ပရိသတ်တွေက ကွင်းထဲကို ပိုက်ဆံတွေနဲ့ ပစ်ပေါက်ပြီး ဆန္ဒပြခဲ့ကြတယ်။ မီဒီယာတွေကလည်း ဒီပွဲကို သိက္ခာမဲ့တဲ့ ပွဲတစ်ပွဲအဖြစ် ရေးသားဖော်ကျူးခဲ့ကြတယ်။ အဲဒီဖြစ်ရပ်ကို ဘောလုံးသမိုင်းမှာ “ဂီဂျွန် အရှက်ခွဲမှု (Disgrace […]

စစ်ဘေးဒဏ်ကြားက ပညာရေး

Dawei Watch

June 13, 2026

ကိုဗစ်ကပ်ဘေးကာလတွင် အစစအရာရာ ရပ်နားလိုက်ရသည့်အထဲ စာသင်ကျောင်းများလည်း ပါဝင်သည်။ ကပ်ဘေးကာလတွင်ပင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုပါ ထပ်ကြုံခဲ့ရသည်။ အာဏာရှင်စနစ်ကို မလိုလားသည့် ပြည်သူအများအပြားက ကန့်ကွက်ဆန္ဒပြမှုများနှင့်အတူ အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) များ လုပ်ဆောင်ခဲ့ကြသည်။ တနင်္သာရီတိုင်းမှာ CDM လှုပ်ရှားမှု အားကောင်းခဲ့ပြီး ပညာရေးဝန်ထမ်းအားလုံးနီးပါးနှင့်အတူ ကျောင်းသားအများအပြားလည်း ယင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ CDM ပညာရေးဝန်ထမ်းများကလည်း အွန်လိုင်းမှတစ်ဖုံ၊ မြေပြင်ကတစ်နည်း ပညာရေးဖော်ဆောင်ပေးခဲ့ကြသလို ရပ်ရွာအလိုက် စေတနာ့ဝန်ထမ်းများကလည်း ကိုယ်ထူကိုယ်ထ မြေပြင်ကျောင်းများ ထူထောင်ကာ ကလေးများကို ပညာသင်ပေးခဲ့ကြသည်။ ယင်းလုပ်ဆောင်မှုများကို စစ်အုပ်စုက ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများ၏ ပညာရေးဖော်ဆောင်မှုများကို နည်းအမျိုးမျိုးဖြင့် ဖျက်ဆီးရန်ကြိုးစားခဲ့သည်။ ပညာသင်ကြားသူများ၊ ဆရာ၊ ဆရာမများကို ဖမ်းဆီးအရေးယူမှုများအပြင် စာသင်ကျောင်း အဆောက်အအုံများကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်အထိ […]

စနစ်ကိုစနစ်ချင်းယှဉ်ပြိုင်ခြင်းဖြင့် တည်ဆောက်အပ်သော မနက်ဖြန်များ

Dawei Watch

June 9, 2026

စစ်ပွဲတွေ၊ တော်လှန်ရေးတွေ၊ အာဏာသိမ်းမှုတွေဆိုတာ လူ့သမိုင်းမှာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာ လူ့အဖွဲ့အစည်းတွေဟာ မေးခွန်းတစ်ခုတည်းကိုပဲ ပြန်လည်ရင်ဆိုင်လာကြရပါတယ်။ ဒါကတော့ “ငါတို့ ဘယ်လိုဆက်လက်ရှင်သန်ကြမလဲ” ဆိုတဲ့ မေးခွန်းပါပဲ။ အစိုးရတွေပြိုလဲနိုင်ပါတယ်။အာဏာရှင်တွေ ကျဆုံးနိုင်ပါတယ်။တော်လှန်ရေးတွေ အောင်မြင်နိုင်သလို ကျရှုံးသွားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေ၊ ခေတ်ကာလမှာဖြစ်စေ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေကိုတော့ ရေရှည်လုံးဝရပ်တန့်ထားလို့ မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံရေးသဘောတရားတစ်ခုတည်းနဲ့ ရှင်သန်နေတာမဟုတ်ဘဲ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်လက်အသက်ရှင်နိုင်ဖို့ ကြိုးစားနေတဲ့ သက်ရှိတွေရဲ့စုပေါင်းရှင်သန်လိုမှုဗီဇ (Collective Survival Instinct)တစ်ခုလည်း ဖြစ်နေလို့ဖြစ်ပါတယ်။ ဒီလိုနဲ့ “ကျောင်းတွေကိုတော့ ရေရှည်ပိတ်ထားလို့မရဘူး တနည်းနည်းနဲ့တော့ ပြန်လည်ပတ်နိုင်အောင်လုပ်ကြမှပဲ အဆင်ပြေမှာ”လို့ ကိုဗစ်ကာလ အချိန်တွေကြာလာတော့ ကျနော်သူငယ်ချင်းတွေကို ပြောဖြစ်ခဲ့ဖူးပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းတော့လည်း ရဲဘော်တွေကို […]